ငြိမ်းချမ်းရေးဆွေးနွေးရမယ့်သူတွေ ကိုယ်တိုင် အမှုရင်ဆိုင်နေရဟု ဆို

21 May 2019
ငြိမ်းချမ်းရေးဆွေးနွေးရမယ့်သူတွေ ကိုယ်တိုင် အမှုရင်ဆိုင်နေရဟု ဆို

ငြိမ်းချမ်းရေးဆွေးနွေးမယ့်သူတွေကိုယ်တိုင် အမှုရင်ဆိုင်နေရတဲ့အတွက် လောလောဆယ်မှာ နာဂဒေသ အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ့်သူ မရှိဘူးလို့ မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုရင်ဆိုင်နေရတဲ့ NSCN(K) သာသနာရေးဝန်ကြီး ဦးကျော်ဝမ်းစိန်က မဇ္စျိမကို ပြောပါတယ်။

မေလ ၂၀ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၊ မြို့နယ်တရားရုံးမှာ ၇ ကြိမ်မြောက် ရုံးချိန်းအပြီး အပြန်မှာ မဇ္စျိမကိုပြောကြားခဲ့ဖြစ်ပါတယ်။ 

အာသံ/ကသည်း သောင်းကျန်းသူအဖွဲ့တွေနဲ့ စစ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ပြီး မဟာမိတ်အဖြစ် ဆက်သွယ်တာတွေ ပြုလုပ်မှုကြောင့် တပ်မတော်ကနေ NSCN(K) ခေါင်းဆောင်ပိုင်း ၅ ဦးအပြင် NSCN(K) ၆ ဦး စုစုပေါင်း ၁၁ ဦးကို တရားစွဲဆိုထားပါတယ်။

ရိုက်ကူး - ဘုန်းနိုင်ဖြိုး၊မဇ္စျိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags