တစ်ဘဝလုံးကို ဘိလိယက်ကစားနည်းပေါ်မှာ မြှုပ်နှံထားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ကိုနေသွေးဦး

21 May 2019
တစ်ဘဝလုံးကို ဘိလိယက်ကစားနည်းပေါ်မှာ မြှုပ်နှံထားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ကိုနေသွေးဦး

"လက်ရွေးစင်ထဲမှာ ချမ်းသာတဲ့လူ တစ်ယောက်မှ မပါ ပါဘူး။ ကျွန်တော်လည်း မချမ်းသာပါဘူး ။ ကျေးဇူးတင်ရမှာက ကျွန်တော်ရဲ့ မိသားစုပေါ့။ ရှိတာ၊ မရှိတာထက် ကိုယ်ဝါသနာပါတဲ့ကစားနည်းကို နောက်ကနေ အမြဲတမ်း ထောက်ပံ့ ပေးတယ်။ ဘယ်တော့မှ ငြိုငြင်တယ်ဆိုတဲ့စကား မပြောဘူး ။ ယှဉ်ပြိုင်တဲ့ပွဲတိုင်းကို အားပေးတယ်။ နိုင်လာရင် ပျော်ကြတယ်။ ထောက်ပံ့ကြေးက လက်ရွေးစင် ဖြစ်သွားခဲ့ရင် ပေးတဲ့ ထောက်ပ့ံကြေးပေါ့ ။ လက်ရွေးစင် မဖြစ်သေးခင်မှ ကိုယ်ကိုတိုင် အကုန်ကျခံခဲ့ရတာတွေက အများကြီးပဲ ။ ဒါက လက်ရွေးစင်တိုင်း ကြုံရတဲ့ အတွေ့အကြုံပါ  " ~ ဘိလိယက်နှင့် စနူကာ မြန်မာ့လက်ရွေးစင် ကိုနေသွေးဦး

 ငယ်စဉ်တည်းက ဖခင်ဖြစ်သူ ဖွင့်လှစ်ထားတဲ့ ဘိလိယက်ခုံမှာ ကူညီလုပ်ကိုင်ရင်း အသက် ၄၉ နှစ်အထိ ဘိလိယက်နဲ့ စနူကာထိုးနည်းကို တစိုက်မတ်မတ်ကစားတဲ့ မြန်မာ့လက်ရွေးစင် အားကစား သမား တစ်ယောက်ဖြစ်တဲ့ ကိုနေသွေးဦးပာာ နိုင်ငံလက်ရွေးစင်အားကစားအဖြစ် သူ့ဘဝတစ်လျှောက် လုံး ရပ်တည်ရင်း မိသားစုနဲ့ အတူ ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ်မှာ နေထိုင်လျှက်ရှိပြီး နိုင်ငံ ကိုယ်စားပြုပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံတွင် ကျင်းပပြီးစီးခဲ့တဲ့၂၀၁၉ ခုနှစ် အာရှဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲနှင့်အာရှစနူကာ ယူ၂၁ ပြိုင်ပွဲတွင်  မြန်မာကစားသမား နေသွေးဦးက ပြိုင်ဘက်ကစားသမား ထိုင်းနိုင်ငံသားအသက် ပရာပွတ်ကို အနိုင်ရကာ ချန်ပီယံဆုဖလား ရရှိခဲ့တာပါ။
 
ရိုက်ကူး/တင်ဆက်-ထွန်းထွန်းဝင်း

တည်းဖြတ်-ဝင်းလှိုင်

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/56924

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required