သမ္မတဦးဝင်းမြင့် နေပြည်တော်ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများနှင့် တွေ့ဆုံမည်

သမ္မတဦးဝင်းမြင့် နေပြည်တော်ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများနှင့် တွေ့ဆုံမည်
ဓာတ်ပုံ- Myanmar President Office

နေပြည်တော်၊ မေ ၂၀ ။       ။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နေပြည်တော်ရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် လာမည့် မေ ၂၄ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး၌ ပထဆုံးအကြိမ် တွေ့ဆုံကြမည်ဖြစ်သည်။

“နေပြည်တော် အဆင့်ဌာနဆိုင်ရာအားလုံး၊ နေပြည်တော် ခရိုင်၊ မြို့နယ် အဲ့ဒီက ဌာနဆိုင်ရာတွေနဲ့ တွေ့မှာ၊ ကောင်စီရုံးထဲက ဇဗ္ဗူသီရိခန်းမဆောင်မှာ”ဟု ကောင်စီ၊ ခေတ္တအတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

နိုင်ငံတော်သမ္မတရုံးအပါအဝင် အခြားသောဝန်ကြီးဌာနများ၏ ရုံးချုပ်များအခြေစိုက်ရာ နေပြည်တော်တွင် ယခုကဲ့သို့ဌာနဆိုင်ရာများနှင့် သမ္မတတွေ့ဆုံပွဲသည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် ပြီးခဲ့သည့်လပိုင်းများက ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊နှင့် ကယားပြည်နယ် များသို့ သွားရောက်ကာ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့သေးသည်။

ဦးဝင်းမြင့်အနေဖြင့် သမ္မတဖြစ်ကာစက ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသည့် ဌာနဆိုင်ရာများကို ကြပ်မတ်မည်၊ ယိမ်းယိုင်နေသည့် တရားစီရင်ရေးကို တည့်မတ်မည်၊ မူးယစ်ဆေးဝါးများကို နှိမ်နင်းမည်၊ လူ့အခွင့်အရေးကို ပိုုမိုမြှင့်တင်ကာကွယ်မှုပြုသွားမည်ဟု ပြောကြားထားဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly