ခြောက်လပတ် ဘဏ္ဍာနှစ်အတွင်း အခွန်ငွေ ဘီလီယံ ၃၆ဝဝကျော်ရရှိ

ခြောက်လပတ် ဘဏ္ဍာနှစ်အတွင်း အခွန်ငွေ ဘီလီယံ ၃၆ဝဝကျော်ရရှိ
ဓာတ်ပုံ- irdmyanmar

နေပြည်တော်၊ မေလ ၂၀ ။         ။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၁၉ဘဏ္ဍာနှစ် ဧပြီလကုန်အထိခြောက်လပတ်အတွင်း အခွန်အရပ်ရပ်မှ ကောက်ခံရရှိမှုသည် ကျပ် ၃၆၀၁.၇၂၁ဘီလီယံ ရရှိခဲ့ပြီး တစ်နှစ်လုံးလျာထားချက်၏ ၅၈.၀၉ရာခိုင်နှုန်းရှိ ကြောင်းသိရသည်။

ကောက်ခံရရှိမှုအရပ်ရပ်တွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ်ရ၀၅.၇၂၅ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ်၁.၂၆၄ ဘီလီယံနှင့် ပုဂ္ဂလိက ကဏ္ဍမှ ၂၈၉၄.၇၃၂ ဘီလီယံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တစ်ခုလုံးတွင် ဘီလီယံ ၆၂ဝဝကျော်ရရှိရန်ခန့်မှန်းထားပြီး တစ်နှစ်နှင့် တစ်နှစ် အခွန်များတိုးမြှင့်ရရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦး မင်းထွဋ်က မဇ္စျိမသို့ပြောသည်။

“ဘယ်လိုအခွန်တိုးမြှင့်ကောက်ခံတာလဲဆိုတော့ အခွန်က အစ်ကိုတို့ တိုးမြှင့်ကောက်ခံတာ ငါးမျိုး ရှိတာပေါ့။ ငါးမျိုးမှာ တချို့ အခွန်တွေက နည်းနည်းတိုး ရတာတွေ ရှိတယ်။ ဥပမာဆို အောင်ဘာလေဆို တိုးရထားတာ ရှိတယ်။ နောက်ထပ် ဝင်ငွေခွန် တိုးရထားတယ်”ဟု ၄င်းကပြောသည်။

ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်နှင့် တံဆိပ်ခေါင်းခွန်များမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက လျော့နည်းသော်လည်း ခြောက်လအတွင်း ကောက်ခံရရှိမှု စုစုပေါင်းသည် ယခင်နှစ် အလားတူကာလထက် ဘီလီယံ ၈ဝခန့် ပိုရရှိထားကြောင်း ဦးမင်းထွဋ်က ပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီလကုန်အထိ အခွန် တစ်မျိုးခြင်းပြန်လည်ခွဲခြား ကောက်ခံရရှိမှုသည် ဝင်ငွေခွန်မှ ၁၅၃၉.၃၈၄ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ်၁၁၆၈.၁၇၅ ဘီလီယံ၊ အထူးကုန်စည်ခွန်မှ ကျပ် ၇၇၉.၈၆၆ ဘီလီယံ၊ တံဆိပ်ခေါင်းခွန်မှ ကျပ် ၃၄.၅၅၇ ဘီလီယံနှင့် အောင်ဘာလေ သိန်းဆုခွန်မှ ကျပ်ရ၉.၇၃၉ ဘီလီယံ တို့ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required