မှောင်ခိုလှေများကို ဖမ်းဆီးရေး အီးယူ စစ်ဆင်ရေး လုပ်ဆောင်

မှောင်ခိုလှေများကို ဖမ်းဆီးရေး အီးယူ စစ်ဆင်ရေး လုပ်ဆောင်

မြေထဲပင်လယ်တောင်ပိုင်းကို ဖြတ်ကာ လူမှောင်ခိုကုန်ကူးနေခြင်းများကို ကြားဖြတ်ဟန့်တားနိုင်ရေးအတွက် အီးယူက စစ်ဆင်ရေးသစ်တစ်ရပ် စတင်ဆင်နွှဲပြီဖြစ်သည်။

ှSophia ဆိုသည့် စစ်ဆင်ရေးတွင် ရေတပ်သင်္ဘောများက လှေများပေါ်တက်ရောက်ရှာဖွေနိုင်ကာ လူမှောင်ခိုကုန်ကူးသည်ဟု သံသယရှိသည့် လှေသင်္ဘောများအား ကြားဖြတ်ဟန့်တားသည့် တာဝန်ကို ထမ်းဆောင်မည်ဖြစ်သည်။

လက်ရှိအထိ အီးယူက ထောက်လှမ်းရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများပေါ်တွင် ပစ်မှတ်ထားလုပ်ဆောင်နေခြင်းဖြစ်သည်။

ယခုနှစ်အတွင်း အာဖရိကမြောက်ပိုင်း ကမ်းခြေမှ ဥရောပသို့ ပင်လယ်ခရီးမှတစ်ဆင့် နိုင်ငံဖြတ်ကျော်ဝင်ရောက်သူပေါင်း ၁၃၀၀၀၀ ကျော်ထက်မနည်းရှိသည်။ ပင်လယ်ဖြတ်ခိုးဝင်သည့် ခရီးများအတွင်း ရေနစ်သေဆုံးသူပေါင်းမှာ ၂၇၀၀ ကျော်ရှိသည်။

ရွှေ့ပြောင်းအခြေစိုက်သူများ ဥရောပသို့ ခိုလှုံရောက်ရှိလာခြင်း ဦးရေကြီးထွားလာမှုနှင့် အတူ အီးယူတွင် ငြင်းခုံထိပ်တိုက်တွေ့မှုများဖြစ်ကာ အဖွဲ့ဝင်နိုင်ငံများကြား ခွဲဝေလက်ခံရေးအတွက် တစ်ဖက်စောင်းနင်း အခြေအနေတွင်ပင် ရှိနေသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required