ဘရာဇီးတွင် အရက်ဘားတစ်ခု၌ သေနတ်ပစ်ခတ်မှုဖြစ်လို့ လူ ၁၁ ဦး သေဆုံး

ဘရာဇီးတွင် အရက်ဘားတစ်ခု၌ သေနတ်ပစ်ခတ်မှုဖြစ်လို့ လူ ၁၁ ဦး သေဆုံး

မေ ၂၀ ။        ။ ဘရာဇီးနိုင်ငံ မြောက်ပိုင်းတွင် ယမန်နေ့ မေလ ၁၉ ရက်က အရက်ဘားတစ်ခုမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၁ ဦး သေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

ဘယ်လမ်မြို့မှာ ဖြစ်ခဲ့သည့် ယင်းပစ်ခတ်မှုအတွင်း သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ခုလို လူအများအပြား သေဆုံးခဲ့တာဖြစ်ကြောင်း နိုင်ငံမြောက်ပိုင်း ပါရာ ပြည်နယ် အများပြည်သူ ဘေးကင်းလုံခြုံရေး ဌာနက ထုတ်ပြန်သည်။

ပစ်ခတ်မှုဖြစ်ပွားရခြင်းရဲ့ ရည်ရွယ်ချက် အကြောင်းရင်းမှန်ကို လက်တလောတွင် မသိရှိရသေးပေ။

တိုက်ခိုက်သူများက ထွက်ပြေးသွားကြကြောင်း သတင်းများ ထွက်ပေါ်နေလျက်ရှိပြီး ပြည်တွင်းရှိ G1 သတင်းဝက်ဆိုဒ်အဆိုအရ တိုက်ခိုက်သူများအနက် တစ်ဦး ဒဏ်ရာရရှိပြီး ၎င်းကို ရဲက ထိန်းသိမ်းထားသည်ဟု သိရသည်။

ယင်း ပစ်ခတ်မှုဖြစ်စဉ်တွင် အမျိုးသမီး ခြောက်ဦး၊ အမျိုးသား ငါးဦးတို့ သေဆုံးသွားကြသည်ဟု သိရသည်။

G1 သတင်းဌာန၏ အဆိုအရ ယခု ဖြစ်စဉ်တွင် အမျိုးသား ခုနစ်ဦးက ကားများ၊ ဆိုင်ကယ်များဖြင့် ရောက်လာပြီး ယခုပစ်ခတ်မှုကို လုပ်ဆောင်သွားခြင်းဖြစ်သည်ဟု ထုတ်ဖော်ထားသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly