မီတာခ ဘယ်လိုကောက်ကြမလဲ

မီတာခ ဘယ်လိုကောက်ကြမလဲ
Photo - EPA

အခုတလော ကျွန်မတို့ နိုင်ငံမှာ လူတိုင်း ကျယ်ကျယ်လောင်လောင် ညီးတွားကြတာက တော့ လျပ်စစ်မီး ကိစ္စ ပါပဲ။ပူပြင်းလာတဲ့ရာသီဥတုမှာ သဘာဝပါတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုမရှိတဲ့ အဆောက်အဦတွေနဲ့ လူနေမှုစနစ်ပုံစံတွေကြောင့် တစ်နှစ်ထက် တစ်နှစ် ပိုလိုလာတဲ့ လျပ်စစ်မီးကို ဖြည့်တင်းနိုင်ဖို့ မတတ်နိုင်တဲ့ အခြေအနေဖြစ်ပေါ်လာရပြီး လူတိုင်း မီးပြတ်တဲ့အခက်အခဲကိုမကျေမနပ် ရင်ဆိုင်နေကြရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ လျပ်စစ်မီး က များများသုံးလေ များများရှုံးလေ ဖြစ်နေ တာ တဲ့ ။
ဟုတ်တာပေါ့

အစိုးရ က ထုတ်လုပ်မှုစရိတ်
ရေအားလျပ်စစ် (5.5 US cent) မြန်မာကျပ် ၈၀ ကျော်
ကျောက်မီးသွေး (7.4 US cent) မြန်မာကျပ် ၁၁၀ ကျပ် ကျော်
LNG (8.8 US cent) မြန်မာကျပ် ၁၃၀ ကျော်
Power Berge (သင်္ဘောတွေနဲ့ မီးစက်ကြီးတင်ပြီး လျပ်စစ်ထုတ်ပေးတာပါ)​ (12 US cent) မြန်မာကျပ် ၁၈၀ ကျော်
အသီးသီး ကျသင့် တဲ့ လျပ်စစ် မီးကို ပြည်သူကို တစ်ယူနစ် ကို ပျမ်းမျှ ၄၀ ကျပ် နဲ့ ပေးနေတာ လေ
လက်ရှိ လျပ်စစ်မီးထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုအတွက် လစဉ် ဒေါ်လာသန်းပေါင်းများစွာ စိုက်ထုတ်ကုန်ကျခံနေရတာကြောင့် အသစ် ထပ်မံထုတ်လုပ်ဖို့  ပြည်ထောင်စု ဘတ်ဂျတ်မှနေပြီးတော့ ခွဲဝေပေးစရာ မရှိတော့တာမို့အခုလိုပူပြင်းတဲ့ရာသီတုဥမှာ တိုးသုံးဖို့လိုလာတဲ့ လူနေမှုစနစ်ကြောင့် ပိုမိုလိုအပ်လာတဲ့လျပ်စစ်ဓါတ်အားတွေကို ပြည့်မှီအောင်ဖြန့်ဖြူးပေးဖို့ မဖြစ်နိုင်တာဖြစ်ပါတယ်။

တကယ်တော့ လျပ်စစ်နဲ့ပါတ်သက်လို့ က ကျွန်မတို့ နိုင်ငံ ဟာ ဓါတ်အားခ နည်းပါးတဲ့ နိုင်ငံဖြစ်ပါတယ်
စင်ကာပူ၊ ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ် ဆိုရင် ဓါတ်အားခ နည်းလွန်းပါတယ်။

ဝင်ငွေကလည်း နည်းတာ ကိုး လို့ ပြောရင်တော့ မလုံလောက်ပါ၊ ကျွန်မတို့ နိုင်ငံမှာ ဓါတ်အားခ နည်းနည်းပဲ သုံးနိုင်တဲ့ ဝင်ငွေနည်းသူ လူတန်းစား ရော၊  ဓါတ်အားခ များများ ကျခံ သုံးစွဲ နိုင်နေတဲ့ ဝင်ငွေမြင့်မားသူလူတန်းစားတွေရော အစုံရှိပါတယ်။

ဓါတ်အားခ ကို များများကျတယ် ဆိုကတည်း က ဝင်ငွေများလို့ ဇိမ်ခံပစ္စည်းတွေကို များများသုံးနိုင်တာမို့လို့ပါ။
အခြေခံ မီးလင်းရေးနှင့် လိုအပ်တဲ့ နေ့တဓူဝ လိုအပ်သလောက် ပဲ အကုန်ကျခံ သုံးစွဲခံနိုင်မယ့် လူတန်းစားအတွက် က တော့ လျှပ်စစ်ဓါတ်အားခများ မကြီးမြင့်သင့်တာ အမှန်ပါ။

ဒါပေမယ့်လည်း ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် တောင်မှကျွန်မတို့ နိုင်ငံရဲ့ အခြေခံ လူများအတွက် ကောက်ခံတဲ့ လျှပ်စစ်ဓါတ်အားခဟာ အနည်း ဆုံးဖြစ်နေပါတယ်။
အစိုးရနေနှင့်လည်း ကောက်ခံနေတဲ့လျှပ်စစ်ဓါတ်အားခတွေ နည်းလွန်းတာကြောင့် ဓါတ်အားခတွေ တက်ပါမယ်လို့ ထုတ်ဖော်ပြောကြားသွားတာ တွေ့ခဲ့ရပါတယ်။

ယခု NLD အစိုးရ မတက်ခင် က NLD ပါတီရဲ့ ခေါင်းဆောင်၊ ယခု နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ကို က ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က လျှပ်စစ်ဓါတ်အားခတက်ဖို့ ကို ပြည်သူကို အသိမပေးဘဲနဲ့ တက်ချင်တိုင်းတက်တာဟာ အာဏာရှင်အငွေ့အသက် မကုန်သေးတာ လို့ ပြောခဲ့တာရှိပါတယ်။

လျှပ်စစ်ဓါတ်အားခ တက်တဲ့အခါ ဘာကြောင့် တက်သင့်တယ်၊ ဘယ်လိုတက်သင့်တယ် ဆိုတာမျိုးတွေ ကို ပြည်သူ သေချာ အသိပေးဖို့ အစိုးရရဲ့အားနည်းမှုကို ကူညီတဲ့အနေနဲ့ ဒီစာကို ရေးဖြစ်ရပါတယ်။

ပထမဆုံးအနေနဲ့ ကျွန်မတို့ရဲ့ပါတ်ဝန်းကျင်၊ အိမ်နီးနားချင်းနိုင်ငံတွေ က လျှပ်စစ်တစ်ယူနစ်ကို ဘယ်လောက်ပေးနေကြရသလဲ လေ့လာကြည့်ရအောင်ပါ ။

ထိုင်း
ဒေသတွင်းနိုင်ငံတွေထဲမှာ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးပြီး မြန်မာရွှေ့ပြောင်းလုပ်သား အများစု ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံ မှာ ဆိုရင်ယူနစ် ၁၅၀ အောက် ပုံမှန်သုံးဆွဲ သူတွေအတွက် တစ်ယူနစ် က နေ ပြီး ၁၅ ယူနစ် အထိ ကို မြန်မာငွေ ၈၉ ကျပ်လောက်ပဲ​ပေးရပါတယ်။ ဒါဟာ အစိုးရ က စိုက်ထုတ်ပေးတဲ့ စျေးနှုန်းဖြစ်ပါတယ်။ အမြင့်ဆုံး က တော့ တစ်ယူနစ်ကို ၁၅၄ ကျပ် ကျော် လောက် ကျတာဖြစ်လို့ ၁ ယူနစ် ကနေ ယူနစ် ၁၅၀ ကျော်အထိ သုံးသူများကတော့ ပျမ်းမျှ တစ်ယူနစ်ကို မြန်မာငွေ ၁၂၈.၉၄ ကျပ် လောက်ကျမှာပါ။ သူတို့ ဟာ များသောအားဖြင့် ကျေးလက် က အိမ်တွေဖြစ်ကြပါတယ်။ မီတာထိန်းသိမ်း စောင့်ရှောက်ခ (Service Charges) အနေ နှင့် ကတော့ မြန်မာငွေ ၃၉၁ ကျပ်ကျော် ကျပါတယ်။

သုံးစွဲမှု    ထိုင်းဘတ်    မြန်မာကျပ်
First 15 kWh (1st – 15th )    2.3488    112.2492
Next 10 kWh (16th – 25th)    2.9882    142.8061
Next10 kWh (26th – 35th)    3.2405    154.8635
Next 65 kWh (36th – 100th)    3.6237    173.1766
Next 50 kWh (101st – 150th)    3.7171    177.6402
Service charge (Baht/Month) : အိမ်သုံး    8.19    391.4001
First 150 kWh (1st – 150th)    3.2484    155.241
Next 250 kWh (151st – 400th)    4.2218    201.7598
Over 400 kWh (up from 401st)    4.4217    211.313
Service charge (Baht/Month) : လုပ်ငန်းသုံး    38.22    1826.534

တစ်လ ကို ယူနစ် ၁၅၀ အထက် ပုံမှန်မီးသုံးစွဲသူတွေ အနေနှင့် ကတော့ တစ်ယူနစ်က နေ ၁၅၀ ယူနစ် အထိ ကို မြန်မာငွေနဲ့ တွက် ရင် ၁၃၂ ကျပ်လောက် ပေးရပါတယ်။ ယူနစ် ၁၅၁ ကနေ ယူနစ် ၄၀၀ အထက် ဆိုရင်တော့ ၁၈၈ ကျပ်စွန်းစွန်းလောက် ကျသင့်တာဖြစ်လို့ ပျမ်းမျှ အနေနှင့် ၁၆၆ ကျပ် စွန်းစွန်းကျမှာ ဖြစ်ပါတယ်။
သုံးစွဲသူတွေအနေနဲ့ တစ်လ ကို ၁၅၀ ယူနစ်အထက် ပုံမှန်သုံးစွဲမယ်ဆိုရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ လိုပါတယ်၊ အကြောင်းမကြားဘူးဆိုရင်လည်း သေချာ ၁၅၀ ယူနစ်အထက် ကို ၃ လ ဆက်တိုက် သုံးစွဲတာနဲ့ သူဟာ လုပ်ငန်းသုံးသကဲ့သို့ မှတ်ယူပြီး မီတာ ထိန်းသိမ်းစောင့်ရှောက်ခ နှင့်အလားတူ တဲ့ ဝန်ဆောင်ခ ဟာ လည်း ပိုကြီးသွားပါတယ်။

Apartment တွေမှာနေထိုင်ကြသူတွေ က တော့ နေထိုင်တဲ့ တိုက် ရဲ့အခြေအနပေါ်မူတည်ပြီး တစ်ယူနစ်ကို ၈ ဘတ်ကျော်ကျော် (မြန်မာငွေနဲ့ ဆိုရင် ၃၈၂ ကျပ်ကျော် လောက်ပေးရပါတယ်)။ ၂၀၁၃ - ၂၀၁၄ ခုနစ် ထိုင်းနိုင်ငံမြောက်ပိုင်း KhonKaenမြို့မှာ သုတေသနလုပ်ရင်းနေထိုင်ခဲ့စဥ် က တက္ကသိုလ်ကြီးနားက ဓါတ်လှေကားပါ တဲ့ တိုက်ခန်း (ဟိုတယ်ခန်းသာသာ)  အတွက် ပေးဆောင်ခဲ့ရတဲ့ လျှပ်စစ်ဓါတ်အားခ ဟာ တစ်ယူနစ်ကို ၇ ဘတ် ပေးရပါတယ်။

အခုဇယားနဲ့ ကြေညာထားပေမယ့် သုံးစွဲသူတွေက ပေးရတဲ့ ပမာဏ က တော့ တိုက်ပိုင်ရှင်ရဲ့ သဘော အတိုင်း ကောက်ခံ ကြပါတယ်။ ယှဉ်ပြိုင်မှု မြင့်မားတဲ့ စီးပွားရေးစနစ်ရှိတဲ့နိုင်ငံမို့ အဆမတန်စျေးအများကြီးတင်ထားတာမျိုးတော့ သိပ်မတွေ့ရပါဘူး။

လာအို

အဆင့်    ကျသင့်ငွေ(လာအိုကိပ်)    မြန်မာကျပ်
0 - 25 Kwh    348 လာအိုကိပ်    62.64 ကျပ်
26 - 150 Kwh    414 လာအိုကိပ်    74.52 ကျပ်
151 - 300 Kwh    799 လာအိုကိပ်    143.82 ကျပ်
301 - 400 Kwh    880 လာအိုကိပ်    158.4 ကျပ်
401 - 500 Kwh    965 လာအိုကိပ်    173.7 ကျပ်
Above 500 Kwh    999 လာအိုကိပ်    179.82 ကျပ်
ခန့်မှန်းခြေပျမ်းမျှ    132.15 ကျပ်

လာအိုနိုင်ငံကတော့ လျှပ်စစ် တွေထုတ်ပြီးရောင်းစားတဲ့နိုင်ငံတစ်ခု အနေ နဲ့ ထင်ရှားတာမို့လို့ သူ့ရဲ့ လျှပ်စစ်ဓါတ်အားခ နှုန်း ထားတွေဟာ သက်သာလိမ့်မယ်လို့ ထင်မိခဲ့ပါတယ်။ တကယ်တန်းမှာတော့ သူ့ ရဲ့လျှပ်စစ်ဓါတ်အားခ နှုန်း ထားတွေဟာ လည်း ကျွန်မတို့ မြန်မာနိုင်ငံ ထက် ပိုပြီး မြင့်ပါတယ်။ လာအိုနိုင်ငံရဲ့ လျပ်စစ်ဓါတ်အားခ ကောက်ခံမှု ကတော့ သုံးစွဲသူများအတွက် ပိုမို ရှင်းလင်းပြီးတော့ သိရှိရ လွယ်ကူတာကို သတိထားမိပါတယ်။
အဲဒီလိုနိုင်ငံမျိုးမှာတောင် အခြေခံ အိမ်ထောင်စုတွေ သုံးနိုင်ရုံအတွက် စျေးတွေ နဲ့ပေးထားသလို အသုံးများတဲ့ အိမ်ယာတွေ၊ ဇိမ်ခံ အိမ်တွေ၊ စီးပွားရေးစင်တာတွေ အတွက်ကိုလည်း သင့်တော်အောင် ကောက်ခံတာကို သတိထားမိပါတယ်။

ဗီယက်နမ်

ဗီယက်နမ်က တော့ လျှပ်စစ်ဓါတ်အားရော၊ ဓါတ်အားခ ကောက်ခံ​တဲ့စနစ် ပါ နဲနဲ ရှုပ်ထွေးတယ်လို ခံစားမိပါတယ်။ ၂၂၀ ဗို့ အားနဲ့ ၁၁၀ ဗို့အား ဆိုပြီး သုံးစွဲကြသူ မတူသလို ကောက်ခံတဲ့ နှုန်းထားတွေလည်း မတူညီတာကို တွေ့ရပါတယ်။

ထို့အပြင် ဆေးရုံ၊ မူကြိုနဲ့ ကျောင်းတွေ၊ လမ်းမီး နဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာအဆောက်အဦများအတွက် လိုအပ်တဲ့လျှပ်စစ်မီးတွေကို လည်း နှုန်း ထားတစ်ခု နဲ့ ကောက်ခံ တာကို တွေ့ရပါတယ်။
စီးပွားရေးလုပ်ငန်း များအတွက် ကတော့ ဗို့အား  22kV နှင့် အထက်၊ ဗို့အား  6kV ကနေ  22kVအထိ, Voltage of below 6kVဆိုပြီးတော့ သုံးမျိုးခွဲထားပြီးတော့ အမျိုးအစားအလိုက် ပေးဆောင်ရပါတယ်။
Customer purchasing electricity at 20kV voltage are charged at the rate for voltages of 22kV to below 110kV.
b) Administrative offices
     Customer group    Rate (VND/kWh)
1    Hospitals, nurseries, kindergartens, schools    
     Voltage of 6kV and above    1,659
     Voltage of below 6kV    1,771
2    Public lighting, administrative units    
     Voltage of 6kV and above    1,827
     Voltage of below 6kV    1,902
c) Business
     Customer group    Rate (VND/kWh)
1    Voltage of 22kV and above    
     a) Standard hour    2,442
     b) Off-peak hour    1,361
     c) Peak hour    4,251
2    Voltage of 6kV up to below 22kV    
     a) Standard hour    2,629
     b) Off-peak hour    1,547
     c) Peak hour    4,400
3    Voltage of below 6kV    
     a) Standard hour    2,666
     b) Off-peak hour    1,622
     c) Peak hour    4,587
d) Household
     Customer group    Rate (VND/kWh)
1    Retail price for household electricity    
     Rate 1: For the kWh from 0 – 50    1,678
     Rate 2: For the kWh from 51 – 100    1,734
     Rate 3: For the kWh from 101 – 200    2,014
     Rate 4: For the kWh from 201 – 300    2,536
     Rate 5: For the kWh from 301 – 400    2,834
     Rate 6: For the kWh from 401kWh onwards    2,927
2    Retail price for household electricity via prepaid card meter    2,461

အခန်းငှားနေထိုင်ရတဲ့ အလုပ်သမားနှင့် ကျောင်းသူကျောင်းသားများအတွက် ကိုလည်း သက်သာအောင် ပြင်ဆင်ထားတာ လေ့လာရပါတယ်။

လျှပ်စစ်ဓါတ်အားသုံးစွဲတဲ့အချိန်ပေါ်မူတည်ပြီးတော့ လည်း  ကောက်ခံတဲ့နှုံးထားတွေမတူ ပါဘူး။ ထိုင်းနိုင်ငံနှင့်  ဗီယက်နမ်နိုင်ငံ တူတဲ့တစ်ချက် က  ပဲ Peak Hour, Off-Peak Hour and Standard Hour ဆိုပြီးတော့ သုံးစွဲတဲ့ အချိန်အလိုက် ဓါတ်အားခ ပြောင်းလဲကောက်ခံတာဖြစ်ပါတယ်။ လျပ်စစ်ဓါတ်အားသုံးစွဲမှု များတဲ့ Peak Hour အချိန်မှာ ကောက်ခံတဲ့နှုံးထားဟာ အမြင့်ဆုံးဖြစ်ပြီးတော့ သာမန်အချိန်တွေက တော့ Standard Hour နှုံးအတိုင်း ကောက်ခံ​ပါတယ်၊ သုံးစွဲသူ နည်း တဲ့အချိန်တွေအတွက် က တော့ စျေးသက်သာအောင် စီစဥ်ထားတာ ကို တွေ့ရပါတယ်။
ဒါ့အပြင် ဗီယက်နမ်နိုင်ငံမှာ စီးပွားရေးအရ သုံးစွဲသူတွေကို လည်း
၁) 25 kVA ဗို့အားကို သုံးစွဲ​ပြီး တစ်လ ကို ၂၀၀၀ ကီလိုဝပ် နဲ့ အနည်း ဆုံး သုံးလ သုံးစွဲဖူးတဲ့ ထုတ်လုပ်မှု တွေလုပ်တဲ့ စီးပွားရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ
၂)စက်မှုဇုံတွေမှာ လျပ်စစ်ဓါတ်အားပြန်လည်ဖြန့်ဖြူးမှုတွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေနဲ့
၃)သာမန်အိမ်ထောင်စုများမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းနဲ့ တခြားအဆောက်အဦးတွေမှာ မီးပေးဖို့ လျပ်စစ် ဝယ်ရောင်း လုပ်တဲ့သူတွ ဆိုပြီး အမျိုးအစား ၃ မျိုးခွဲခြားထားပါသေးတယ်။

မလေးရှားနိုင်ငံ

မလေးရှားနိုင်ငံ မှာလည်း လျှပ်စစ်ဓါတ်အားခ နှုန်းထားကိုလည်း သုံးစွဲသူ အမျိုးအစားအလိုက် ခွဲခြားထားပါသေးတယ်၊ ဗီယက်နမ်လိုပဲ လိုအပ်တဲ့ ဗို့အားစနစ်နဲ့ အဆောက်အဦပုံစံ၊ စီးပွားရေးလုပ်ငန်းအမျိုးအစားအလိုက် ပေးဆောင်ရတဲ့ ဓါတ်အားခ နှုန်းထားတွေ မတူညီပါဘူး
၁) စီးပွားရေးလုပ်ငန်းအမျိုးအစား
- အိမ်သုံး
- စီးပွားရေးလုပ်ငန်းသုံး
-စက်ရုံအလုပ်ရုံသုံး
- သတ္တုတူးဖော်ရေးလုပ်ငန်းများ
- လမ်းမီး
- စိုက်ပျိုးရေး

၂) ဗို့အားအလိုက်
- ဗို့အားအနိမ့် (Single Phase and Three Phase) ၀ မှ ၅၀ ဗို့အားအထိ အလွန်နိမ့်သော အဆင့် နှင့် ၅၀ ဗို့မှ ၁ကီလိုဗို့ အထိ ဗို့အားအနိမ့်
- အလယ်အလတ် ဗို့အား (၁ ကီလိုဗို့မှ ၅၀ ကီလိုဗို့အထိ)​
- ဗို့အားအမြင့် (၅၀ ကီလိုဗို့မှ ၂၃၀ ကီလိုဗို့အထိ ဗို့အားအမြင့်) (၂၃၀ ကီလိုဗို့ အထက် အလွန်ဗို့အားအမြင့်)

၃) သုံးစွဲသည့် ပုံစံ
- Peak      : 0800-2200
- Off-Peak: 2200-0800

ဆိုပြီးတော့ သုံးစွဲသည့် အချိန်အလိုက် လည်း စျေးနှုန်းပြောင်းလဲ ကောက်ခံတာကို တွေ့ရပါတယ်။
ပျမ်းမျှအားဖြင့်တော့ အောက်ပါအတိုင်း ကောက်ခံ တယ်လို့ သိရပါတယ်။
အဆင့်    ကျသင့်ငွေ(ရင်းဂစ်)    မြန်မာကျပ်
1- 200 kWh အထိ    0.281ရင်းဂစ်    103.97 ကျပ်

201 - 300 kWh    0.334ရင်းဂစ်    123.58 ကျပ်

301 - 600kWh    0.516ရင်းဂစ်    190.92 ကျပ်

601 - 900    0.546ရင်းဂစ်    202.02 ကျပ်

above 901    0.571ရင်းဂစ်    211.27 ကျပ်

ခန့်မှန်းခြေပျမ်းမျှ     166.352 ကျပ်

ကမ္ဘောဒီးယားနိုင်ငံ
ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ကတော့ ဒေသ တစ်ခု နှင့် တစ်ခု ကောက်ခံ တဲ့ နှုန်းထားတွေ မတူ တဲ့စနစ် ကို တွေ့ရပါတယ်။ ဒေသအလိုက်မတူညီသော်လည်း  အိမ်သုံး၊ ရုံးသုံး၊ (အစိုးရ ရုံးနှင့် ပုဂ္ဂလိက ရုံး၊ သံရုံး )၊ စီးပွားရေး လုပ်ငန်းသုံး စသဖြင့် လည်း ထပ်မံကွဲပြားပါတယ်။
စီးပွားရေး လုပ်ငန်းများနှင့် သံရုံးများ၊ အကြီးစားသုံးစွဲသူများအတွက် ကျသင့်ငွေကို ဒေါ်လာ ဆင့် ဖြင့် ကောက်ခံပြီးတော့ ၊ အစိုးရ ရုံးများနှင့် အိမ်သုံးအတွက် ကိုတော့ နိုင်ငံသုံးငွေကြေးဖြင့်သာကောက်ခံတာကိုတွေ့ရပါတယ်။
ဒေသ    အဆင့်    ကျသင့်ငွေ (ကမ္ဘောဒီးယားနိုင်ငံသုံးငွေကြေး)    မြန်မာကျပ်
Residence of Phnom Penh and Takmao (Kandal)    Monthly used≦50kWh    610    231.8
     Monthly used >50kWh    720    273.6
Residence of Chamon (Kampong Speu)    For all customers    720    273.6
Customers paid by government budget, Embassy, Foreign Residence    For all customers    820    311.6
Residence of administration, Commercial and industrial sectors    Small customers    0.036    55.8
     Medium customers    0.028    43.4
     Large customers    0.024    37.2
     **MV customers    0.02    31
Preah Sihanouk    
Local Residence    For all customers    720    273.6
Customer paid by government budget    For all customers    820    311.6
Embassy, Foreign Residence, Commercial and industrial sectors    Small customers    0.046    71.3
     Medium customers    0.038    58.9
     Large customers    0.034    52.7
     MV customers ( 275-500 KVA)    0.025    38.75
     MV customers (501-1000 KVA)    0.022    34.1
     MV customers (1001-3000 KVA)    0.018    27.9
     MV customers ( > 3000 KVA)    0.015    23.25
Kampong Cham    
Local residence    For all customers    940    357.2
Customers paid by government budget    For all customers    940    357.2
Embassy, Foreign Residence, Commercial and industrial sectors    Small customers    0.046    71.3
     Medium customers    0.038    58.9
     Large customers    0.034    52.7
     MV customers ( 275-500 KVA)    0.025    38.75
     MV customers (501-1000 KVA)    0.022    34.1
     MV customers (1001-3000 KVA)    0.018    27.9
     MV customers ( > 3000 KVA)    0.015    23.25
Other Provinces    
Province    Category    Electricity Tariff    
Siem Reap    Small customers    820    311.6
     Medium customers    800    304
     Large customer    750    285
     MV customers    700    266
     Shu Jing Electronics company    600    228
     Licensees and hole sale customers    600    228
Banteay Meanchey    Small customers    1,000    380
     Medium customers    900    342
     Large customer    850    323
     MV customers    750    285
     Licensee and hole sale Customer    600    228
Battambang    Small customers    1,000    380
     Medium customers    900    342
     Large customers    850    323
     MV customers    750    285
     Licensees and hole sale customers    600    228
Takeo    Small customers    920    349.6
     Medium customers    0.1825    282.875
     Large customers    0.173    268.15
     MV customers    0.1655    256.525
SvayRieng (Bavet)    For all customers    650    247
     MV customer    0.115    178.25
Kampot    For all customers    1,100    418
(Kampong Trach)    MV customers    0.115    178.25
Prey Veng    For all customers    1,220    463.6
Stung Treng    For all customers    980    372.4
Rattanak Kiri    For all customers    670    254.6
Note: * MA: IPP’s monthly average price in the month before last.    
     
 တစ်ယူနစ်ပျမ်းမျှကျသင့်ငွေ ကျပ်     296.587037

အနိမ့်ဆုံးဓါတ်အားခ တစ်ယူ နစ် နှိုင်း ယှဉ်ချက်
Country     Cost in their Currency    Cost equal to MMK
Cambodia    610    231.8
Laos    348    62.64
Malaysia     0.281    103.97
Thailand    2.3488    112.2492
Vietnam    1536    101.376
Myanmar         35

ဖော်ပြပါ ဇယားက တော့ အပေါ်က ပြောခဲ့ တဲ့ နိုင်ငံတွေမှာ ကောက်ခံ နေတဲ့အနိမ့်ဆုံးတစ်ယူနစ် ဓါတ်အားခ စရိတ်တွေပါ။ လွယ်ကူအောင်  Google က ပြတဲ့ ငွေလဲနှုန်းအတိုင်း တွက်ကြည့် ထားတာ မို့ ယှဉ်ကြည့်ရင် ကျွန်မတို့ မြန်မာနိုင်ငံ မှာ ကောက်ခံ နေတဲ့ ဓါတ်အားခ ဟာ အနိမ့်ဆုံးဆိုတာ သိသာထင်ရှားစွာ တွေ့ ရမှာပါ။

ပါတ်ဝန်းကျင် နိုင်ငံတွေမှာ ဓါတ်အားခကောက်ခံမှု ပုံစံ တွေကို သိရပြီဆိုရင် ကိုယ့်နိုင်ငံမှာလည်း ဓါတ်အားခကို  ဘယ်လို စနစ် နဲ့ ကောက်ခံမလဲ ဆိုတာ ကို စတင်စဉ်း စားရပါတော့မယ်။

သုံးစွဲတဲ့ ယူနစ် အနည်းအများနဲ့ ယှဉ် ပြီးကောက်ခံမလား

မြို့ပြ နဲ့ ကျေးရွာ လူနေမှု စနစ် တွေကွာခြားတဲ့အလျောက် ဒေသအလိုက် မတူညီတဲ့နှုံးထားတဲ့ ကောက်ခံမလား
ကျွန်မအနေ နှင့် ပြောရရင် မြို့ပြက လူတွေ တစ်ယူနစ် ၃၅ ကျပ် ကနေ ၅၀ လောက်ပဲ ပေးနေရတဲ့အချိန်မှာ တနင်္သာရီ တိုင်းမှာ လျပ်စစ်တစ်ယူ နစ် ကို ၃၅၀ က နေ ၄၅၀ ကျပ် အထိပေးဆောင်သုံးစွဲနေကြရပါတယ်။ ဒါဟာ မမျှတမှုပါ။

ကျွန်မတို့ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ လျပ်စစ်ဓါတ်အားများကို ရေအားလျပ်စစ်၊ သဘာဝဓါတ်ငွေ့ နဲ့ ကျောက်မီးသွေး စတဲ့ သုံးမျိုးမှ အဓိက ရရှိပါတယ်၊  အချို့ဒေသများမှာ ဒီဇယ် မီးစက် အသုံးပြုပြီး လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးကြသလို ဆိုလာပြား လေးတွေသုံးပြီးတော့ လည်း ကျေးရွာ မီးလင်းရေး လုပ်ငန်းများမှတစ်ဆင့် လျပ်စစ်မီး ရယူ သုံးစွဲကြတာ ဖြစ်တာကြောင့်  အဲဒီ ၅ မျိုးစလုံးရဲ့ ပျမ်းမျှထုတ်လုပ်မှု ကုန်ကျစရိတ် ဟာ ပျမ်းမျှ တစ်ယူနစ်ကို ၁၀၀ (စွန်းစွန်း) ကျပ် ခန့် ရှိပါတယ်။

ကျွန်မအနေနှင့် ပြောရရင် လျှပ်စစ်ဓါတ်အားခတွေကို မြှင့်တင်သင့်ပါတယ်။
အထက်ပါ ပုံ ၂ ပုံကို ကြည့်ရင် တိုးတက်လာတဲ့ လူနေမှုအဆင့်အတန်းနှင့်အတူ ပိုလိုလာတဲ့လျှပ်စစ်ဓါတ်အားကို ပြည့်မှီနိုင်အောင် တိုးထုတ်နေတာ တောင် နွေရာသီမှာ လျပ်စစ်မလုံ ကလောက် လို့ ဝန်လျော့ခံနေရတာ ကိုယ်တွေ့ပဲ မဟုတ်ပါလားရှင်။
တစ်ခုရှိတာက လျှပ်စစ်ဓါတ်အားထုတ်လုပ်သူ (ဝန်ကြီးဌာန နှင့် ပုဂ္ဂလိက) နှင့် ဖြန့်ဖြူးသူ (ဝန်ကြီးဌာန နှင့် ပုဂ္ဂလိက) များ အနေ နှင့် လျှပ်စစ်ဓါတ်အားခ များမြှင့်တင်မယ်လို့ ဆုံးဖြတ်ခဲ့ရင် ဝန်ကြီးဌာန အတွင်းမှာပဲ ဆွေးနွေးပြီး “ဒီလောက်သတ်မှတ်လိုက်ရင်တော့ငါတို့ အတွက် အရင်းကြေမှာပဲ” လို့ ဆုံးဖြတ်လို့ မသင့်ပါဘူး။
ပြည်သူလူထု ကို အသိပေးဖို့ လိုသလို၊ ဘာ့ကြောင့် စျေးတက်ရတယ်၊ တက်တဲ့စျေးနှုံးကို ဘာ့ကြောင့် လက်ခံ သင့်တယ်၊ စသဖြင့် ပြည်သူလူထု ရဲ့ သဘောထားစစ်တမ်းများကို လည်း ကောက်ယူပညာပေးသင့်ပါတယ်။ (အဲသလို စစ်တမ်းကောက်ယူနိုင်ဖို့ကိုလည်း လိုအပ်လာခဲ့ရင် ကူညီဖို့ အသင့်ရှိနေပါတယ်)

လှေကားနဲ့ တက်လို့ ရဲ့ သားနဲ့ ဓါတ်လှေကား၊ စက်လှေကားတွေသုံးတယ်၊ သဘာဝအလင်းရောင်ထက် မီးချောင်း၊ မီးလုံးတွေရဲ့ အလင်းရောင်ပဲသုံးကြပြီးတော့ လေအေးပေးစက်တွေ နင်းကန်ဖွင့်ဖို့လိုတဲ့ အဆောက်အဉီးတွေမှာ နေတဲ့သူတွေ၊ ရေခဲသေတ္တာ၊ အဝတ်လျော်စက်လောက်တင်မဟုတ်ဘဲ၊ ရေပူရေအေးပေးစက်တွေနဲ့ပါ နေထိုင်သုံးစွဲကြတဲ့ သူများအတွက်ကတော့ လျှပ်စစ်ဓါတ်အားခ ကို မြင့်မြင့် ကောက်ခံ​သင့်ပါတယ်။ ဓါတ်အားခ နိမ့်နေခြင်းအားဖြင့် မလိုအပ်ဘဲ မီးဖွင့်ထားတာမျိုးက အစ ဆင်ခြင်ကြပြီး လျှပ်စစ် ဓါတ်အားခ ကို ချွေတာရကောင်းမှန်းသိလာကြမယ်၊ စည်းမဲ့ ကမ်းမဲ့ နေထိုင်တဲ့ လူနေမှု စရိုက်တစ်ခု ကိုလည်း ပြင်ဆင်ပြီးဖြစ်ပါလိမ့်မယ်။

တစ်ချိန်တည်းမှာပဲ ဇိမ်ခံပစ္စည်းတွေ သုံးစွဲနိုင်ခြင်းမရှိတဲ့ အခြေခံ အလုပ်သမား၊ တောင်သူ လူတန်းစားအတွက် ကိုလည်း သက်သာ အောင် ဆောင်ရွက်ထားပေးသင့်ပါတယ်။

လျှပ်စစ်ဓါတ်အားခတွေ မြှင့်တင်ပြီးပြီဆိုရင်တော့ မီးမှန်ဖို့၊ မီးအားပြည့်ဖို့ ၊ လမ်းသွားရင်းဓါတ်မလိုက်ဖို့၊ မီးကြိုးတွေ ခိုင်မာဖို့ (စိတ်ချရဖို့) တွေကိုလည်းလျှပ်စစ်ဓါတ်အား ရောင်းချသူ အစိုးရဖက်မှ ကတိကဝတ်ပြုဖို့လိုပါလိမ့်မယ်။ ပြည်သူအနေ နှင့် လည်း ပေးဆောင်စရာရှိတဲ့ စရိတ်စခ ကိုအတိ အကျ ပေးဆောင်ဖို့ လိုပါတယ်။

ကျွန်မအနေ နှင့် လည်း ၂၀၂၀ မှာ မီးမပြတ်စေရဘူး ဆိုတဲ့ ခပ်တိမ်တိမ် မဲဆွယ်စကားသံ ထက် ဘယ်လိုအစီအစ ဉ် တွေနဲ့  တာဝန်ယူ၊ တာဝန်ခံ မှု ရှိရှိ လုပ်ဆောင်ပါမယ်ဆိုတဲ့ မည်သူ့ကိုမဆို မဲထည့် ဖို့ လည်း ပြင်ဆင်ထားပါတယ်။

မြန်မာပြည် ကြီး လျှပ်စစ်မီးတို့ ထိန်ထိန်ညီးပါစေ

မအိ

ကိုးကား။။လျှပ်စစ်နှင့် စွမ်းအင်ကို ကမ္ဘာ့အမြင်နဲ့ ကြည့်ကြမယ် (မော်သာထွေးမန္တလေး)
https://ienergyguru.com
http://edl.com.la
https://en.evn.com.vn
http://www.cambodiainvestment.gov.kh
https://www.tnb.com.my/residential/pricing-tariffs

Special thanks to My friends from Cambodia, Laos, Malaysia, Vietnam, Thailand.

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly