အန္တရာယ်ရှိ မူးယစ်ဆေးဝါး ပြဿနာတွင် ရှမ်းပြည်နယ်သည် ဗဟိုချက်မဖြစ်နေ

အန္တရာယ်ရှိ မူးယစ်ဆေးဝါး ပြဿနာတွင် ရှမ်းပြည်နယ်သည် ဗဟိုချက်မဖြစ်နေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပီကင်းမြို့၊ ရီနွဲ့ကျေးရွာနှင့် ၃ မိုင်ခန့်ဝေးသောတောင်ခြေတွင် စိုက်ပျိုးထားသော ဘိန်းခင်း တစ်ခုကို ဒီဇင်ဘာလ ၁၈ ရက်၊ မွန်းလွဲ ၂ နာရီ က တွေ့ရသည်။ (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိ)

ပြည်တွင်းစစ်သည် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်အား Methamphetamine စိတ်ကြွဆေးပြားများ ထုတ်လုပ်ရောင်းဝယ်ရာ အချက်အချာဒေသအဖြစ် ပြောင်းလဲစေခဲ့သည်။ စိတ်ကြွဆေး ကူးသန်းရောင်းဝယ်သူများ ချမ်းသာကြွယ်ဝလေလေ၊ အခြေခံ ပဋိပက္ခများကို ဖြေရှင်းရန် ခက်ခဲလေလေ ပင်ဖြစ်သည်။ တပ်မတော်အနေဖြင့် အသေးစား ပြစ်မှှုကျူးလွန်သူများအား ပစ်မှတ်ထားမည့်အစား ပါဝါရှိသူများ အကြား အဂတိလိုက်စားမႈကို အမြစ်ပြတ် ဖယ်ရှားသင့်ကာ၊ စိတ်ကြွဆေးပြားကိစ္စတွင် ပါဝင်ပတ်သက်နေသည့်  ကြံရာပါ လက်နက်ကိုင်အဖွဲ့များကိုလည်း လက်နက်ဖျက်သိမ်းစေသင့်သည်။

ထိုအချက်မှာ ယခုနှစ်ထဲတွင် နိုင်ငံတကာ အကျပ်အတည်းအဖွဲ့ (ICG) က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်စောင်၏ တင်ပြချက်ဖြစ်ကာ ထိုအချက်ကို အပိုင်းသုံးပိုင်းပါသော စီးရီးအနေဖြင့် ကျွန်တော်တို့ ဆွေးနွေးကြပါမည်။

“Fire and Ice - မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ ပဋိပက္ခနှင့် မူးယစ်ဆေးဝါးများ” အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတွင် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှှုနှင့် ကူးသန်းရောင်းဝယ်မှုကို စုံစမ်းဖော်ထုတ် စစ်ဆေးထားခြင်း ဖြစ်သည်။

ကြာမြင့်လှပြီဖြစ်သော ကာလကတည်းက၊ ရှမ်းပြည်နယ်သည် ပဋိပက္ခနှင့် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ အချက်အချာဒေသ တစ်ခု ဖြစ်လျက်ရှိသည်။ ကနဦးတွင် ဘိန်းဖြူ ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် မက်သမ်ဖက်တမင်း စိတ်ကြွဆေးပြားများ ထုတ်လုပ်ခြင်း ဖြစ်သည်။ လိုအပ်သော အခြေခံ အဆောက်အအုံများရှိပြီး၊ တရုတ်နှင့် ဆက်သွယ်ရေးလမ်းကြောင်းရှိသဖြင့် ရှေ့ပြေးလိုအပ်သော ပစ္စည်းများ ရနိုင်ကာ၊  အစိုးရလိုလားသော ပြည်သူ့စစ်အဖွဲ့များကလည်း မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်ရာဒေသအား လုံခြုံသည့် သုခဘုံဖြစ်အောင် ဖန်တီးပေးထားသည်။ သူပုန်များ ထိန်းချုပ်ထားသော နယ်မြေများကလည်း (ရှမ်းပြည်နယ်အား) သန့်စင်ပြီး စိတ်ကြွဆေးပြား ရောင်းဝယ်ရေး ကမ္ဘာ့စျေးကွက်အတွက် ပင်မရင်းမြစ်လို ဖြစ်စေခဲ့သည်။

ရှမ်းပြည်နယ်သည် အဆိုးသံသရာထဲတွင် ပိတ်မိနေကာ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနှင့် ငွေကြေးအကျိုးအမြတ်များမှာ ယခုအခါတွင် ကြီးမားလှသည်ဖြစ်ရာ ရှမ်းပြည်နယ်၏ သာမန် ကဏ္ဍများကို မှေးမှိန်သွားစေပြီး၊ မူးယစ်ဆေးဝါးလုပ်ငန်းမှာ ရှမ်းပြည်နယ်၏ နိုင်ငံရေးစီးပွားရေး ၏ အဓိကလုပ်ငန်းလို ဖြစ်လာခဲ့သည်။  ဤအချက်မှာ ဒေသတွင်း လူမျိုးစုပဋိပက္ခ ဖြေရှင်းရေး အားထုတ်မှှုများကို အကြီးအကျယ် ရှုပ်ထွေးသွားစေပြီး၊ ရှမ်းပြည်နယ်အတွင်း ပိုမိုကောင်းမွန်သော အုပ်ချုပ်မှု ပေါ်ပေါက်ရေးနှင့် အားလုံး အကျုံးဝင်မည့် စီးပွားရေး ဖွံ့ဖြိုးမှှု ပေါ်ပေါက်ရေး အလားအလာများကို လျော့ပါးမှေးမှိန်သွားစေကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

ICG အစီရင်ခံစာတွင် သက်ဆိုင်ရာ အချက်အလက်များကို ဖော်ပြထားပြီး၊ ပြဿနာ မည်မျှ နက်ရှိုင်းကြောင်းလည်း ဆန်းစစ်ဖော်ပြထားသည်။ “မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနှင့် ငွေကြေးအကျိုးအမြတ်များမှာ ယခုအခါတွင် ကြီးမားလှသည်ဖြစ်ရာ ရှမ်းပြည်နယ်၏ သာမန် ကဏ္ဍများကို မှေးမှိန်သွားစေပြီး၊ မူးယစ်ဆေးဝါးလုပ်ငန်းမှာ ရှမ်းပြည်နယ်၏ နိုင်ငံရေးစီးပွားရေး၏ အဓိကလုပ်ငန်းလို ဖြစ်လာခဲ့သည်။ ဤ အချက်မှာ ဒေသတွင်း လူမျိုးစုပဋိပက္ခဖြေရှင်းရေး အားထုတ်မှှုများကို အကြီးအကျယ် ရှုပ်ထွေးသွားစေပြီး၊ ရှမ်းပြည်နယ်အတွင်း ပိုမိုကောင်းမွန်သော အုပ်ချုပ်မှှု ပေါ်ပေါက်ရေးနှင့် အားလုံးအကျုံးဝင်မည့် စီးပွားရေး ဖွ့ံဖြိုးမှှု ပေါ်ပေါက်ရေး အလားအလာများကို လျော့ပါးမှေးမှိန်သွားစေသည်” ဟု အစီရင်ခံစာက ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly