လေယာဉ်စီးခရီးသည်တွေနဲ့ လေကြောင်းလိုင်းရဲ့ ဂုဏ်ပြုပွဲ

20 May 2019
လေယာဉ်စီးခရီးသည်တွေနဲ့ လေကြောင်းလိုင်းရဲ့ ဂုဏ်ပြုပွဲ

လေယာဉ်ရှေ့ဘီးချမရလို့ ဦးစိုက်ဆင်းခဲ့ရတဲ့ ဖြစ်စဉ်မှာ ခရီးသည်တွေ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ ကပ္ပတိန်မြတ်မိုးအောင်နဲ့အဖွဲ့သားတွေကို အဲဒီခရီးစဉ်ကို လိုက်ပါစီးနင်းခဲ့တဲ့ ခရီးသည်တွေနဲ့ မြန်မာအမျိုးသားလေကြာင်းလိုင်းကနေပြီး ဂုဏ်ပြုတဲ့ပွဲတစ်ခုကို မေလ ၁၉ ရက်နေ့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် တာဝန်ကျခဲ့တဲ့ လေယာဉ်ဝန်ထမ်းတွေအားလုံးကို ခရီးသည်တွေကနေစုပေါင်းပြီး ငွေကျပ်သိန်း ၁၆၀ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၄၅၀၀ ကိုလည်းဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။

ကပ္ပတိန်မြတ်မိုးအောင်ကတော့ အဲဒီငွေတွေကို လူမှုအကျိုးပြုလုပ်ငန်းတွေမှာ သုံးသွားမှာဖြစ်ပြီး ဂုဏ်ပြုခဲ့ကြတဲ့သူတွေကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်သွားမယ်လို့ဆိုပါတယ်။

ရိုက်ကူး၊ တည်းဖြတ်-စိုးသူအောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly