မုတ်သုံမှာ ခြေထောက်လေးကို ဒီလိုဂရုစိုက်ပါ

မုတ်သုံမှာ ခြေထောက်လေးကို ဒီလိုဂရုစိုက်ပါ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မိုးလေးစ ရွာလာမှုနဲ့အတူ အပူတွေလျော့ပြီး ပတ်ဝန်းကျင်က စိမ်းစိုစပြုလာပြီ။ အရာရာက ကဗျာဆန်နေချိန်မှာ မိုးရေအောက်မှာ ထီးလေးဆောင်းရင်း ခြေထောက်လှလှလေးတွေကို ကြည့်ပြီး လမ်းလျှောက်ရတာကိုသဘောကျကြလား။ မိုးရာသီက ခြေညှပ်ဖိနပ်လေးတွေ စီးရတာများတဲ့အချိန်မှာ ခြေထောက်လေးက လှနေရင် တစ်ပန်းသာတာပဲနော်။
မိုးရေက ခြေထောက်ကို ထိခိုက်စေနိုင်လား

မိုးရေက ခြေထောက်ကိုရော ခြေသည်းကိုပါထိခိုက်စေနိုင်တာပါ။ မိုးရေထဲမှာ ဘက်တီးရီးယားတွေနဲ့ အရေပြားကိုထိခိုက်စေနိုင်တဲ့ အရာတွေအများကြီးပါဝင်နေပါတယ်။ ဒီတော့ မုတ်သုံရာသီမှာ ခြေထောက်လေးကို ထိခိုက်မှုမရှိစေဖို့ သေချာလေးဂရုစိုက်သင့်ပါတယ်။ မိုးရေကြောင့် ခြေထောက်မှာ ရေဝဲစားနိုင်တယ်၊ သဲဝဲစားနိုင်တယ်၊ ခြေသည်းမှိုပိုးဝင်တာမျိုးဖြစ်စေနိုင်တယ်။
မုတ်သုံရာသီမှာ ခြေထောက်ကို ဒီလိုဂရုစိုက်ပါ

မိုးရေကြောင့် ခြေထောက်မှာ ထိခိုက်မှုမဖြစ်စေဖို့ဆိုရင်တော့

    အပြင်ကပြန်လာတိုင်းခြေထောက်ကို ရေနဲ့သန့်စင်ဆေးကြောပေးပါ။
    ခြေထောက်ကို ရေခြောက်အောင်သုတ်ပေးပါ။
    ခြေထောက်ကို ပုံမှန်သန့်စင်ဆေးကြောပါ။
    တစ်ပတ်တစ်ခါ ဆဲလ်သေတွေ ဖယ်ရှားပေးပါ။
    ခြေထောက်ကို အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ။
    ခြေသည်းလေးတွေကို တိုတိုညှပ်ထားပါ။
    ခြေထောက်ကို ပေါင်ဒါလူးပေးပါ။
    မိုးတွင်းမှာ ခြေညှပ်ဖိနပ်ပဲစီးပေးပါ။
    ခြေထောက်ကို ရေနွေးစိမ်ပေးပါ။
    ခြေထောက်ကို ဆီလိမ်းပြီးနှိပ်ပေးပါ။
    မိုးရေထဲမှာ ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနဲ့။
    ခြေထောက်မှာ အနာရှိနေလားနေ့စဉ်စစ်ဆေးပါ။
    ခြေထောက်မှာ အနာရှိနေရင် ပလာစတာကပ်ပြီးမှာ အပြင်ထွက်ပါ။
    ခြေထောက်ကို ပေါင်းတင်တာမျိုးလုပ်ပေးပါ။

ဒီအချက်တွေကို လိုက်နာပြီး မုတ်သုံရာသီမှာ ခြေထောက်လေးကို သေသေချာချာဂရုစိုက်လိုက်ကြစို့လား………………

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required