ထောင်ဆိုတာ လောကကြီးရဲ့ အနိမ့်ဆုံး၊ အဲ့ဒီနောက်မှာ သေတာတစ်ခုပဲရှိတော့တယ်

20 May 2019
ထောင်ဆိုတာ လောကကြီးရဲ့ အနိမ့်ဆုံး၊ အဲ့ဒီနောက်မှာ သေတာတစ်ခုပဲရှိတော့တယ်

"ထောင်ဆိုတာ လောကကြီးရဲ့ အနိမ့်ဆုံး၊ အဲ့ဒီနောက်မှာ သေတာတစ်ခုပဲရှိတော့တယ်။ အဲ့ဒီအတွက် အဲ့ဒီအနိမ့်ဆုံးကို မသွားကြပါနဲ့လို့ အန်တီက တောင်းပန်ချင်တာပါ"~ မော်ဒယ်သရုပ်ဆောင် ရွှေမြင့်မိုရ်၏ မိခင်

မော်ဒယ်သရုပ်ဆောင် ရွှေမြင့်မိုရ်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က သူနေထိုင်သည့် တာမွေမြို့နယ်ရှိ တိုက်ခန်းတွင် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ သွားရောက်ရှာဖွေခဲ့ရာမှ မူးယစ်ဆေးဝါး တွေ့ရှိသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မူးစိတ်ပုဒ်မ- ၁၅/ ၁၆ ပုဒ်မ နှစ်ခုဖြင့် တစ်ပေါင်းတည်း ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရပြီး အကျဉ်းထောင်ထဲတွင် ၂ နှစ်၊ ၂ လ ကျခံခဲ့ရပြီးနောက် မေလ ၇ ရက်နေ့၊ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အင်းစိန်ဗဟိုအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly