လမ်းခွဲခဲ့သော်ငြားလည်း အေဗရာလာဗင်းနဲ့ ချက်ခရိုဂါတို့ အတူ တေးသံသွင်း

လမ်းခွဲခဲ့သော်ငြားလည်း အေဗရာလာဗင်းနဲ့ ချက်ခရိုဂါတို့ အတူ တေးသံသွင်း

ကမ္ဘာကျော် အဆိုတော် အေဗရာလာဗင်းနှင့် ချက်ဒ်ခရိုဂန်တို့သည် မကြာသေးမီက လမ်းခွဲ ပြတ်စဲလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း တေးသီချင်းသစ်အတွက် စတူဒီယိုအခန်းတွင် အတူတကွ အသံသွင်းလျက် ရှိသည်။

အေဗရာလာဗင်းနှင့် ချက်ဒ်ခရိုဂန်တို့သည် ၂၀၁၂ ခုနှစ်က စတူဒီယိုအခန်းတွင် အတူသီချင်း ရေးသားရာမှ မေတ္တာမျှခဲ့ကြပြီး ယခုကဲ့သို့ အတူ တေးသံသွင်းမှုသည် မကြာသေးမီက ပြတ်စဲခဲ့သော ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးသည် ခိုင်မြဲလျက် ရှိပုံရသည်။

၎င်းတို့နှစ်ဦးသည် စက်တင်ဘာလက လမ်းခွဲ ပြတ်စဲခဲ့သော်ငြားလည်း စတူဒီယိုခန်းတွင် သီချင်းရေးသားခြင်းနှင့် အသံသွင်းခြင်းများကို ထပ်မံ ပြုလုပ်လျက် ရှိကြောင်း  E! အွန်လိုင်းက ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က အသက် ၃၁ နှစ်အရွယ်ရှိ အေဗရာလာဗင်းသည် ကောင်းဘွိုင်ပုံစံ ဝတ်ဆင်ကာ ဂစ်တာကို တီးခတ်နေသည့် ပုံကို Instagram အကောင့်တွင် တင်ခဲ့သည်။

အေဗရာလာဗင်းသည် အသက် ၄၀ နှစ်အရွယ်ရှိ ခရိုဂန် ဂစ်တာတီးခတ်နေသည့် ပုံကိုတင်ခဲ့ပြီး  ဓာတ်ပုံအောက်တွင် “ အရာအားလုံး အစပြုခဲ့တဲ့ နေရာကို  ပြန်သွားချင်တယ်” ဟူသော စာသားကိုရေးသား ခဲ့ကြောင်းနှင့် အဆိုပါ စာသားသည် ၂၀၁၂ ခုနှစ် နွေရာသီက ခရိုဂန်နှင့် အေဗရာလာဗင်း တို့နှစ်ဦး အတူ သီချင်းရေးသားရာမှ သိကျွမ်းခဲ့သည့် အချိန်တွေကို ရည်ရွယ် ရေးသားထားခြင်း ဖြစ်သည်။

အေဗရာလာဗင်း၏ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့သော Let Me Go တေးသီချင်းကို ၎င်းတို့နှစ်ဦး အတူရေးသား သီဆိုခဲ့ကြသည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြကြောင်းနှင့် အေဗရာ လာဗင်းသည် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် အပြင်းဖျားရောဂါကို ခံစားခဲ့ရသည်။

အေဗရာလာဗင်းနှင့် ခရိုဂန်တို့သည် သြဂုတ်လဆန်းပိုင်းတွင် လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ကျွန်မတို့ဟာ မမေ့နိုင်တဲ့ အမှတ်တရတွေ ရှိခဲ့တယ်။ ကျွန်မတို့နှစ်ဦးဟာ သူငယ်ချင်းကောင်းတွေ အဖြစ်နဲ့ ဆက်လက် ရှိသွားမှာပါ။ တစ်ယောက်ပေါ် တစ်ယောက် အမြဲတမ်း ဂရုစိုက် သွားမှာပါ။ မိသားစုဝင်တွေ၊ ပရိတ်သတ်တွေနဲ့ သူငယ်ချင်းတွေရဲ့ ကူညီထောက်ပံ့မှုတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်” ဟု  အေဗရာလာဗင်းက Instagram မှတစ်ဆင့် ပြောကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly