သြစတြေးလျ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ် ညွန့်ပေါင်းအုပ်စုက မမျှော်လင့်ဘဲ အနိုင်ရရှိ

သြစတြေးလျ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ် ညွန့်ပေါင်းအုပ်စုက မမျှော်လင့်ဘဲ အနိုင်ရရှိ

မေ ၁၉ ။             ။ သြစတြေးလျနိုင်ငံတွင် မေ ၁၈ ရက်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ၌ မူလကြိုတင်ခန့်မှန်းထားချက်များအတိုင်း ဖြစ်မလာဘဲ အာဏာရ ကွန်ဆာဗေးတစ်ညွန့်ပေါင်းအုပ်စုကသာ မမျှော်လင့်ဘဲ အနိုင်ရရှိသွားခဲ့သည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဟု ထင်ကြေးပေးခံထားရသည့် အတိုက်အခံ လေဘာပါတီသည် လက်တွေ့တွင် အရေးနိမ့်သွားပြီး ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်၏ ကွန်ဆာဗေးတစ် ညွန့်ပေါင်းအုပ်စုက အံ့အားသင့်ဖွယ် အောင်ပွဲခံသွားနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အပြီးသတ် နောက်ဆုံးမဲရလဒ်များကို ရေတွက်နေလျက်ရှိချိန် မော်ရစ်ဆင်၏ ညွန့်ပေါင်းအုပ်စုက မဲအများစုဖြင့် အစိုးရဖွဲ့နိုင်ရန် သေချာနေပြီဖြစ်ကြောင်း သိရသည်။

ကနဦး စစ်တမ်းခန့်မှန်းချက်များအရ လေဘာပါတီက ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် အနိုင်ရမည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ကွန်ဆာတေးဗစ်တို့ကသာ အနိုင်ရသွားခဲ့သည်။

လေဘာပါတီ ခေါင်းဆောင် ဘီလ် ရှော့တန်း ကလည်း ယခု ရွေးကောက်ပွဲ အရှုံးကို ဝန်ခံသွားခဲ့ပြီး ပါတီ ခေါင်းဆောင်အဖြစ်မှလည်း နုတ်ထွက်သွားခဲ့သည်။

ရွေးကောက်ပွဲ အောင်ပွဲခံနိုင်ခဲ့သည့် လက်ရှိ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က ယင်းနေ့ညပိုင်း အောင်ပွဲ မိန့်ခွန်းကို ပြောကြားရာတွင် ၎င်းအနေဖြင့် ယခုကဲ့သို့ မျက်လှည့်ဆန်သည့် ဖြစ်ရပ်များအပေါ် အမြဲ ယုံကြည်ထားခဲ့သူဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly