‘ပြည်တွင်းဖလား (၃)လုံး အောင်မြင်မှုဟာ ချန်ပီယံလိဂ်ဖလားရဖို့ထက် ပိုပြီး ခက်ခဲတယ်’ - ဂွာဒီယိုလာ

‘ပြည်တွင်းဖလား (၃)လုံး အောင်မြင်မှုဟာ ချန်ပီယံလိဂ်ဖလားရဖို့ထက် ပိုပြီး ခက်ခဲတယ်’ - ဂွာဒီယိုလာ
Photos: EPA

ပက်ဂွာဒီယိုလာက အင်္ဂလန်မှာ ပြည်တွင်းဖလား (၃)လုံး အောင်မြင်မှုဟာ ချန်ပီယံလိဂ်ဖလား ရယူနိုင်တာထက် ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီးဟာ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဝက်ဖို့ဒ်ကို (၆-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး အင်္ဂလန်ရဲ့ အဓိကဖလား (၃)လုံး ဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလား၊ ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတို့ကို တစ်ရာသီအတွင်း ပထမဦးဆုံးရယူနိုင်တဲ့ ကလပ်အသင်းအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

"ချန်ပီယံလိဂ်ဖလားကို သဘောကျပါတယ်။ ဒါပေမယ့် အခုလို (ပြည်တွင်းဖလား ၃ လုံး) အောင်မြင်ဖို့ဆိုတာ ချန်ပီယံလိဂ်ဖလားရဖို့ထက် ပိုပြီး ခက်ခဲပါတယ်။"လို့ ဂွာဒီယိုလာက ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ သြဂုတ်လက ကွန်မြူနီတီးဒိုင်းကိုလည်း ဆွတ်ခူးခဲ့တာကြောင့် ဒီရာသီမှာ ဖလား (၄)လုံး ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

"နည်းပြတစ်ဦးအနေနဲ့ ကျနော့်အတွေ့အကြုံအရ လက်ရှိရာသီဟာ အကောင်းဆုံးဘောလုံးရာသီတွေထဲက တစ်ခုဖြစ်ပါတယ်။ အကောင်းဆုံးလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် သေချာတာက အကောင်းဆုံးတွေထဲက တစ်ခုပါ။"

"အင်္ဂလန်နိုင်ငံရဲ့ ပထမဆုံးသော ပြည်တွင်းဖလား (၃)လုံးရတဲ့ အသင်းဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီဖလား (၃)လုံးစံချိန်ကို တခြားအသင်းတွေ စွမ်းဆောင်နိုင်ဦးမှာပါ။ ဒါပေမယ့် ကျနော်တို့ကတော့ ပထမဦးဆုံးဖြစ်ခဲ့ပါပြီ"လို့ သူက ပြောပါတယ်။

Ref; Marca

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly