လုံးထွေးသတ်ပုတ်မှုစွမ်းရည်ကြောင့် ဂန္ထဝင်ကစားသမားဖြစ်လာသူShinya Aoki

လုံးထွေးသတ်ပုတ်မှုစွမ်းရည်ကြောင့် ဂန္ထဝင်ကစားသမားဖြစ်လာသူShinya Aoki

ဂန္ထဝင်အားကစားသမားတစ်ဦးအဖြစ် မိမိ၏ဘဝကို ပုံပေါ်ထုဆစ်ခဲ့သောShinya “Tobikan Judan” Aoki သည် တစ်သက်တာ ကိုယ်ခံပညာအားကစားအတွေ့အကြုံများကိုအခြေခံ၍ ONEChampionship ၏ONE: ENTER THE DRAGON ပြိုင်ပွဲကြီးသို့ တစ်ကျော့ပြန် ပြန်လည်ကာ ကိုယ်ခံပညာ သိုင်းပေါင်းစုံနယ်ပယ်တွင် ခြေချဦးမည်ဖြစ်သည်။

ဂျပန်သူရဲကောင်း Shinya သည် မေလ ၁ရရက်၊ လာမည့်သောကြာနေ့တွင် ONE Championship လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံဘွဲ့ အားကာကွယ်ရန် Christian “The Warrior” Lee နှင့် ထိုးသတ်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် ကိုယ်ခံပညာနည်းစနစ်အသွယ်သွယ်အား ရာစုနှစ်တစ်စု၏ လေးပုံတစ်ပုံမက လေ့ကျင့်ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ သို့သော် Shinya Shinya ၏အောင်မြင်မှုအပေါ် အကြီးမားဆုံးသက်ရောက်သည့် ကိုယ်ခံပညာမှာ ဂျုဒိုနှင့် ဂျုဂစ်ဆုတို့ ဖြစ်ခဲ့သည်။

မြက်ဖျာပေါ်တွင် မရေမတွက်နိုင်သောနာရီပေါင်းများစွာလေ့ကျင့်ခဲ့ခြင်း၏အကျိုးဆက်အဖြစ်ကမ္ဘာပေါ်တွင် အန္တရာယ်အကြီးမားဆုံး ချုပ်ကွက်ကစားသမားဖြစ်လာခဲ့ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောက၏ နာမည်ကျော်ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်လာခဲ့ သည်။

ပထမဆုံးအကြိမ် ဂျုဒိုပညာသင်ယူခဲ့ချိန် ၁၉၉၂ခုနှစ်မှစ၍ Shinyaသည် ကိုယ်ခံပညာလေ့ကျင့်ရခြင်းအား စွဲမက်နှစ်ခြိုက်သွား ခဲ့သည်။

၂၉၉၂ခုနှစ်၊ ဘာစီလိုနာ၌ ကျင်းပသောအိုလံပစ်အားကစားပြိုင်ပွဲတွင်ဂျပန်ကိုယ်စားပြုအားကစားသမားနှစ်ဦးဖြစ်သော Toshihiko Koga နှင့် Hidehiko Yoshida တို့ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပုံကို ကြည့်ရှုခဲ့ရခြင်းကြောင့် ၎င်း၏အားကစား အပေါ် စိတ်ကိုင်းညွှတ်မှု အစပျိုးခဲ့သည်။

သို့သော် နည်းပြဖြစ်သူ၏ မေးခွန်ထုတ်ဖွယ်ကောင်းသောလေ့ကျင့်မှုတချို့၏အကျိုးဆက်အနေဖြင့်ဂျုဒိုစတင်လေ့ကျင့်ချိန်တွင် သူမျှော်မှန်းခဲ့သည့်ထက် များစွာပိုမိုကြမ်းတမ်းခက်ထန်စွာလုပ်ဆောင်ခဲ့ရကြောင်း Shinya က ထုတ်ဖော်ပြောဆိုခဲ့သည်။

“ ဂျုဒိုနဲ့ပတ်သက်ပြီး ခက်ခဲတဲ့အရာတွေ အများကြီး ကျွန်တော်အမှတ်ရနေတယ်”ဟု ၎င်းက ပြောပြခဲ့သည်။

“ လေ့ကျင့်နေချိန်မှာ ကျွန်တော်ရှုံးခဲ့ရင် နည်းပြက ရိုက်တယ်။စိတ်ထဲမှာ စွဲနေတဲ့အကြောင်းအရာတွေကတော့ ဂျုဒိုလေ့ကျင့်ခဲ့ချိန် မှာ အများကြီးအရိုက်အနှက်ခံခဲ့ရတာကိုပါပဲ”

ကြမ်းတမ်းသည့်ဂျုဒိုနည်းစနစ်ဖြင့် စတင်လေ့ကျင့်ခဲ့ရသော Shinyaသည်  တစ်ဦးချင်းယှဉ်ပြိုင်ရသော ပြိုင်ပွဲများကို နှစ်ခြိုက်သည်။

ဘဝ၏အစောပိုင်းကာလကဂျုဒိုလေ့ကျင့်သည့်မြက်ဖျာပေါ်တွငဖြတ်သန်းခဲ့သည့်အတွေ့အကြုံများက၎င်းအားအောင်မြင်မှုလမ်းကြောင်းအပေါပို့ဆောင်ပေးခဲ့သည်။သို့သော်ဂျုဒိုကမိမိ၏ဘဝအားပြောင်းလဲစေခဲ့သလားဆိုသည့်မေးခွန်းကိုမေးခဲ့မည်ဆိုလျှင် ၎င်းကတွေးတွေးဆဆဖြေလေ့ရှိသည်။ ဂျုဒိုကြောင့် ဘဝမှာပြောင်းလဲခဲ့သည်ဟု ဝန်ခံရန် သူနောက်တွန့်ခဲ့သည်။ သို့သော်လည်း သူ့ဘဝအား ပိုမို ပျော်ရွှင်ကျေနပ်စရာကောင်းအောင်ဂျုဒိုကလုပ်ဆောင်ခဲ့ကတော့ အသေအချာပင်ဖြစ်သည်။

“ လူတိုင်းက ကျွန်တော့်ရဲ့ဘဝကိုပြောင်းလဲသွားစေခဲ့တယ်လို့ ပြောတတ်ကြတယ်။ ဒါပေမဲ့ သေချာတာက ကျွန်တော့်ဘဝမှာ ဂျုဒိုမကစားဖြစ်ခဲ့ရင် ဘယ်လိုဖြစ်နေမလဲဆိုတာ မပြောနိုင်အောင်ပဲ” ဟု ၎င်းက ရှင်းပြသည်။

“ ဂျုဒိုမရှိခဲ့ရင် မလေ့ကျင့်ခဲ့ရင် ကျွန်တော့်ဘဝဘယ်လိုဖြစ်မလဲဆိုတာမသိဘူး။ နှိုင်းယှဉ်စရာမရှိတာကြောင့် ကျွန်တော့်ဘဝကို ဘယ်လိုပြောင်းလဲစေခဲ့တယ်ဆိုတာမျိုး ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော့် အသက် ၃၆နှစ်မှာ ပြိင်ဘက်ကို ချုပ်ကိုင် ကစားရတာ၊ ပြိုင်ဘက်ကို တိုက်ခိုက်ရတာတွေအပေါ် ပျော်ရွှင်နှစ်ခြိုတ်နေမယ်လို့တော့ မတွေးမိခဲ့ဘူး။ ဒါကြောင့်ဂျုဒိုက ကျွန် တော့်ဘဝကို ပျော်ရွှင်စေတယ်လို့ ပြောရပါလိမ့်မယ်။”

“ ကျွန်တော် ကျေးဇူးအတင်ဆုံးအချက်ကတော့ မနက်တိုင်းလူကြပ်တဲ့ရထားမစီးရတာ၊၉နာရီကနေ ၅နာရီအထိ အလုပ်လုပ်မနေရတာနဲ့ ကိုယ်မနှစ်သက်တဲ့လုပ်ဖော်ကိုင်ဖက်အကြောင်း အပြစ်တင်ဝေဖန်မနေရတာတွေကိုပါပဲ”

လုံးထွေးသတ်ပုတ်သည့်ကမ္ဘာ့အဆင့်ကျွမ်းကျင်မှုအား ဂျုဒိုအားကစားအပေါ်အခြေခံတည်ဆောက်ခဲ့သောအပြုံးမျက်နှာနှင့်  Shinya သည် ပြီးခဲ့သော မတ်လအတွင်းက ပထမအချီအလဲထိုးပွဲနှင့် ONE Championship လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံဘွဲ့အား ဒုတိယအကြိမ်သိမ်းပိုက်ခဲ့ခြင်းအပါအဝင် ကမ္ဘာ့ချန်ပီယံဘွဲ့ပေါင်းစုံဆွတ်ခူးနိုင်ခဲ့သည်။

အကောင်းဆုံးကျွမ်းကျင်မှုအား ပြိုင်ဘက်ကိုဖြစ်နိုင်သမျှ အမြန်ဆုံးပွဲသိမ်းအနိုင်ယူရန်အသုံးချသင့်သည်ဆိုသောရိုးရှင်းသည့် ယုံကြည့်ချက်ပေါ်အခြေပြုပြီး ၎င်း၏ပွဲသိမ်းတိုက်ခိုက်အနိုင်ယူသည့်စွမ်းဆောင်ချက်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း “Tobikan Judan” က ဆိုသည်။

မတ်တပ်ရပ်လျှက်တိုက်ခိုက်ယှဉ်ပြိုင်မှုတွင် အစွမ်းပြနိုင်သကဲ့သို့၎င်းသည် မြေပြင်နည်းစနစ်ပိုင်းတွင် မည်သည့်ပြိုင်ဘက်အားမဆို လှဲချနိုင်သည့်အစွမ်းရှိသူဖြစ်ကြောင်း ကစားသမားသက်တမ်းတလျှောက် ချုပ်ကွက်အလဲထိုးပွဲပေါင်း ၂၈ပွဲဖြင့် သက်သေထူခဲ့ပြီး ဖြစ်သည်။ Shinya ၏ဖိအားပေးညှစ်သည့်တိုက်ကွက်နှင့် အရိုးအဆစ်များအားချုပ်သည့်နည်းစနစ်များမှာအကြီးမားဆုံးသောခြိမ်းခြောက်မှုပင်ဖြစ်သည်။

“ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားနဲ့ပတ်သက်ရင် ထိုးနှက်တိုက်ခိုက်တာဖြစ်ဖြစ်၊လုံးထွေးသတ်ပုတ်တာဖြစ်ဖြစ် မထူးခြား ပါဘူး။” ဟု သူက ပြောသည်။

“ ထူးခြားစေတဲ့အချက်က ပွဲသိမ်းအောင်ကစားနိုင်တာပါပဲ။ ကျွန်တော့်ပွဲတွေမှာဆိုရင်လုံးထွေးသတ်ပုတ်မှုနဲ့ ပွဲသိမ်းလေ့ရှိပါ တယ်။”

လုံးထွေးသတ်ပုတ်သည့်နည်းစနစ်ပိုင်းအား Shinya သဘောကျသည့်အချက်တစ်ချက်မှာအားကစားသမားတစ်ဦးအနေဖြင့် အောင် မြင်မှုရရှိရေးအတွက် ရုပ်ပိုင်းဆိုင်ရာအရ ကြီးမားတောင့်တင်းနေရန် မဖြစ်မနေ မလိုအပ်သောကြောင့်ဖြစ်သည်။ မြက်ဖျာပေါ်တွင် အင်အားပိုကြီးမား သူအား နည်းစနစ်ပိုင်းသာသူက အနိုင်ယူလေ့ရှိပါသည်။

ONEChampionship တွင် သူသည် ကြွက်သားအင်အားအကြီးမားဆုံးအားကစားသမားမဟုတ်သော်လည်းသူ့ခွန်အားကိုအသုံး ချနိုင်စွမ်းကြောင့် အကောင်းဆုံးအားကစားသမားများတွင် တစ်ဦးအပါအဝင်ဖြစ်နေသည်။

“ မတူကွဲပြားတဲ့လူတွေက မတူကွဲပြားတဲ့အရာတွေမှာ အစွမ်းပြကြတယ်။”ဟု သူက ရှင်းပြသည်။

“ လုံးထွေသတ်ပုတ်ရတာကို ကျွန်တော်ကြိုတ်တယ်။ အကြောင်းကတော့ အဲဒီနေရာမှာကျွန်တော် တော်လို့ပါပဲ။ ကျွန်တော် ကြိုတ်တဲ့အတွက်လည်း အဲဒီနေရာမှာ ကျွန်တော်အစွမ်းပြနိုင်တာဖြစ်တယ်။ ဒါဟာ ကံကောင်းတဲ့တိုက်ဆိုင်မှုလည်း ဖြစ်ချင်ဖြစ် နေပါလိမ့်မယ်။”

လုံးထွေးသတ်ပုတ်သည့်ပညာတွင် ၎င်း၏တိုးတက်မှုရလဒ်များအပေါ် သဘောကျနှစ်ခြိုက်နေသကဲ့သို့ မြက်ဖျာပေါ်တွင် လေ့ကျင့်နေရသောအချိန်များသည၎င်းအတွက် အိမ်ရောက်နေသကဲ့သို့ နွေးထွေးရင်းနှီးမှုကို
 အခံစားရဆုံးအချိန်များဖြစ်ကြောင်း  Shinya က ရှင်းပြခဲ့သည်။

ကိုယ်ခံပညာနည်းစနစ်များအား ပြီးပြည့်စုံမှုဆီဦးတည်၍ လေ့ကျင့်လုပ်ဆောင်နေရခြင်းကြောင့်၎င်း၏ကိုယ်ရည်ကိုယ်သွေးအပေါ် ကောင်းမွန်သည့်သက်ရောက်မှုများဖြစ်စေကြောင်းနှင့် ပျော်ရွှင်မိကြောင်း Shinya က ပြောသည်။ ထို့အတူ ပြိုင်ပွဲအားကစားကွင်း အတွင်း ပွဲသိမ်းသည့်လှုပ်ရှားယှဉ်ပြိုင်မှုဆောင်ရွက်နိုင်ချိန်တိုင်းတွင်လည်း အလားတူခံစားချက်မျိုးခံစားရကြောင်း Shinya က ဆက်လက်ပြောဆိုခဲ့သည်။

“ ကျွန်တော် လေ့ကျင့်နေတဲ့ဗွီဒီယိုဖိုင်ကို ကြည့်မယ်ဆိုရင်တောင်ကျွန်တော် ပျော်ရွှင်ကျေနပ်နေတယ်ဆိုတာ ဘယ်သူမဆိုပြော နိုင်ပါလိမ့်မယ်။” ဟု ၎င်းက ပြောဆိုခဲ့သည်။

“ လုံးထွေးသတ်ပုတ်တာဖြစ်ဖြစ် ဒါမှမဟုတ် ထိုးနှက်တိုက်ခိုက်တာဖြစ်ဖြစ်ယုတ္တိရှိတဲ့အရာတွေကို ကျွန်တော်သဘောကျတယ်။  အကြောင်းအကျိုးရှိတဲ့လုပ်ဆောင်ချက်တွေပေါ့။ အကြောင်းအကျိုးယုတ္တိဆက်စပ်မှုက သိပ်ကို အံ့အားသင့်စရာကောင်းပါ တယ်။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly