ချေချင်းညာမှာ လိင်တူဆက်ဆံသူတွေကို ဖိနှိပ်တာနဲ့ ပတ်သက်ပြီး ပါရီက ရုရှားသံရုံးရှေ့မှာ အနမ်းနဲ့ ဆန္ဒပြ

ချေချင်းညာမှာ လိင်တူဆက်ဆံသူတွေကို ဖိနှိပ်တာနဲ့ ပတ်သက်ပြီး ပါရီက ရုရှားသံရုံးရှေ့မှာ အနမ်းနဲ့ ဆန္ဒပြ

ပါရီ၊ မေ ၁၈ ။         ။ ပြင်သစ်နိုင်ငံ ပါရီမြို့က ရုရှားသံရုံးရှေ့မှာ လူတွေ စုရုံးရောက်ရှိပြီး အနမ်းနဲ့ ဆန္ဒပြမှုကို ဆင်နွှဲကြပါတယ်။

အမျိုးသားတွေချင်း၊ အမျိုးသမီးတွေချင်း အနမ်းဖလှယ်ကြပြီး ဆန္ဒပြတာဟာ ရုရှားနိုင်ငံ ချေချင်းညာဒေသမှာ လိင်တူဆက်ဆံသူတွေကို ဖိနှိပ်တာကို ကန့်ကွက်ပြီး ဆန္ဒပြကြတာပဲ ဖြစ်ပါတယ်။

အခုလို လိင်တူချင်း နမ်းကြပြီး ဆန္ဒပြတာကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။

“ချေချင်းညာမှာ လိင်တူဆက်ဆံသူတွေအပေါ် ပြုမှုတာတွေက တော်တော်လေး အရှက်ရစရာပါ။ ချေချင်းညာအာဏာပိုင်တွေ ကိုယ်တိုင်က ဖိနှိပ်နေပါတယ်။ ဖမ်းဆီးမှုတွေလည်း လုပ်ဆောင်နေတယ်။ လိင်တူဆက်ဆံသူတွေအပေါ် ထင်သလို ဖမ်းဆီးကြတာ၊ ဖိနှိပ်ညှင်းပန်းတာတွေကို ကျူးလွန်နေကြတယ်။”လို့ ဆန္ဒပြအမျိုးသားတစ်ဦးက ပြောခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly