အတိုက်အခံနှင့် အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်ပြီဖြစ်ကြောင်း မာဒူရိုပြော

အတိုက်အခံနှင့် အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်ပြီဖြစ်ကြောင်း မာဒူရိုပြော

ကရာကတ်စ်၊ မေ ၁၈ ။         ။ ဗင်နီဇွဲလား သမ္မတ နီကိုလပ်မာဒူရိုက ၎င်းရဲ့ အစိုးရနဲ့ အတိုက်အခံကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ပြီဖြစ်ကြောင်း အာရာဂွါပြည်နယ်က စစ်ရေးပြချီတက်မှု အခမ်းအနားမှာ ကြေညာလိုက်ပါတယ်။

စီးပွားရေးကပ်ဆိုက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ အမျိုးသားလွှတ်တော် ဥက္ကဌ ဂွါဒိုက ၎င်းကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေညာထားတာကြောင့် နိုင်ငံရေး ချောင်ပိတ်နေတဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။

အတိုက်အခံခေါင်းဆောင် ဂွါဒိုကို အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေက အသိအမှတ်ပြုထားပြီး ဗင်နီဇွဲလားမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ တိုက်တွန်းထားတာပါ။

ဒါပေမယ့် သမ္မတ မာဒူရိုက ပြီးခဲ့တဲ့နှစ်ကမှ ရွေးကောက်ပွဲ ကျင်းပပြီး ပြန်လည်ရွေးကောက်ခံထားရတာ ဖြစ်တာကြောင့် ငြင်းဆန်ထားတာလည်း ဖြစ်ပါတယ်။

အခု အတိုက်အခံတွေနဲ့ ဆွေးနွေးပွဲတွေကို နော်ဝေနိုင်ငံမှာ မေ ၁၇ ရက်က စတင်ကျင်းပနေတာပဲ ဖြစ်ပါတယ်။

“ကျွန်တော်အနေနဲ့ နော်ဝေအစိုးရကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီဆွေးနွေးပွဲတွေအပေါ်လည်း ကျွန်တော် ယုံကြည်ပြီး ငြိမ်းချမ်းရေးကိုလည်း ယုံကြည်ပါတယ်။”လို့ မာဒူရိုက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly