ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ အဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီး အင်းစိန်ထောင်ပို့

18 May 2019
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ အဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီး အင်းစိန်ထောင်ပို့

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုငြိမ်းချမ်းစိုး၊ မဆုရတနာမြင့်တို့ နှစ်ဦးကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့ နယ်တရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)အား အာမခံမပေးသဖြင့် မေလ ၁၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ အင်းစိန်ထောင်သို့ပို့ဆောင်လိုက်ပြီဖြစ်သည်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုငြိမ်းချမ်းစိုး၊ မဆုရတနာမြင့်တို့နှစ်ဦးနှင့် မရမ်းကုန်းမြို့နယ်တွင် အမှုရင်ဆိုင် နေရသော ကိုဇေယျာလွင်တို့ ၅ ဦး စုစုပေါင်း ၇ ဦးကို ရေတပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက ဗိုလ်တထောင် ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)တို့ဖြင့် အမှုဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

တပ်မတော်ဘက်မှ ထိုသို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းမှာ ဧပြီလ ၁၃ ရက်နေ့၊ (သင်္ကြန်အကြိုနေ့) ညပိုင်းက ရန်ကုန်မြို့ ၄၇ လမ်းထိပ်တွင် ဖျော်ဖြေခဲ့သည့် သရုပ်ပြမှုများကြောင့်ဖြစ်သည်ဟု ဒေါင်းတို့မျိုး ဆက်သံချပ် အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့သည် ဧပြီ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) ညပိုင်းက ရန်ကုန်မြို့ ၄၆ လမ်းရှိ ဗမာသစ်မဏ္ဍပ်တွင် လာရောက်ဖျော်ဖြေခဲ့သော်လည်းဖျော်ဖြေခွင့်မရရှိသောကြောင့် ၄၇ လမ်းထိပ်တွင်သာ ဖျော်ဖြေခဲ့ပြီး ယင်းဖျော်ဖြေမှုတွင် တပ်မတော်နှင့် ပတ်သက်သည့် သရုပ်ပြမှုများပါဝင်သည်။

ရိုက်ကူး /တည်းဖြတ် - ရဲနိုင်(လောက်ကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly