ဥပဒေဆိုတာ စာရွက်ပေါ်မှာပဲ ရှိနေတာလား

ဥပဒေဆိုတာ စာရွက်ပေါ်မှာပဲ ရှိနေတာလား

မဇ္စိ္ဈမ စာဖတ်သူကဏ္ဍကို ရောက်လာတဲ့ စာတွေထဲက အကြောင်းအရာတူတဲ့ စာနှစ်စာစောင်ကို ပူးတွဲ တင်ပြချင်ပါတယ်။ ပထမစာတစ်စောင်ကို ရေးခဲ့သူက ဒေါ်ကြူကြူလှ အမည်လွှဲဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ သူရေးလိုက်တာက တော့ လမ်းတွေပေါ်မှာ ယာဉ်ရပ်နားခြင်းကို အဟန့်အတား ဖြစ်စေနိုင်တဲ့ အပြုအမူမျိုးတွေ လုပ်ဆောင်နေတဲ့ အကြောင်း ရေးလိုက်တဲ့စာလို့ ဖတ်ရပါတယ်။

ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေဖို့နဲ့ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းပြီး အများပြည်သူတွေ သွားလာမှု အဆင်ပြေစေဖို့ အသိပေး ကြေညာချက် ထုတ်ပြန်ထားပြီး၊ တရားဝင် တားဆီးထားပြီး ဖြစ်ပေမယ့် မလိုက်နာဘဲ မိမိ စိတ်ထင်သလို ပြုမူနေတဲ့သူတွေ ရှိနေတာကို အရေးယူပေး စေချင် တယ်လို့ ဆိုပါ တယ်။ သူနေထိုင်တဲ့ သင်္ကကျွန်းမြို့နယ်၊ ကြီးပွားရေး(တောင်) ရပ်ကွက်၊ အောင်ရတနာ အိမ်ရာရှိ Shop House တန်းမှ ဆိုင်ခန်းတစ်ခန်းဟာ သူ့ဆိုင်ခန်းရှေ့ လမ်းဧရိယာမှာ အတားအဆီးတွေအခိုင် အမာ ပြုလုပ်ထားတယ်လို့ ပြောပါတယ်။ အများပြည်သူဆိုင်ရာ လမ်းပေါ်မှာ အတားအဆီး တစ်စုံတစ်ရာ ချပြီး မိမိ ယာဉ်ရပ်နားနိုင်ရေးအတွက် နေရာဦး ဆောင်ရွက်မှုများ မပြုလုပ်ရန်နှင့် ယင်းသို့ဆောင် ရွက်နေကြောင်း စစ်ဆေး တွေ့ရှိပါက ရန်ကုန်မြို့ စည်ပင်သာယာရေး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်လို့ အသိပေး ကြေညာထားတဲ့အတိုင်း အရေးယူ ဆောင်ရွက်ပေးစေ လိုလို့ မဇ္စိ္ဈမ စာဖတ်သူကဏ္ဍမှ တဆင့် တာဝန်ရှိသူများကို ရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အလားတူ နောက်တစ်စောင်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့ နယ်မှာနေတဲ့ ဒေါ်ချိုချိုတင်ရဲ့ စာပဲဖြစ်ပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ ဝန်ထမ်းတစ်ဦးဖြစ် တဲ့ သူဟာ အရင်အစိုးရလက်ထက်မှာ အခုနေထိုင်တဲ့ အခန်းကို ငှားရမ်းနေထိုင်ခွင့် ရခဲ့တယ်လို့ ဆိုပါ တယ်။ သူတို့ တိုက်ခန်းတွေနဲ့ ပတ်သက်လို့ ကြော်ငြာစာထုတ်ပြီး လူမြင်ကွင်းမှာ ကပ်ထားတာက တိုက်ခန်းတွေ ကိုတိုးချဲ့ ပြင်ဆင်ခြင်းတွေ ရှိရင် အရေးယူမယ်လို့ ကြေညာထားတာတွေ ဖတ်မိပါ တယ်။ ဒါပေမယ့် မြေညီထပ်မှာ နေထိုင်ခွင့် ရသူတွေဟာ ကိုယ်ပိုင်မြေလို စည်းကမ်းမဲ့ အဆောက်အ ဦးတွေ တိုးချဲ့ တည်ဆောက် လုပ်နေကြတာကို တာဝန်ရှိသူတွေ မမြင်ဘူးထင်လို့ ဒီစာရေးပြီး အသိ ပေးတာပါလို့ ပြောပါတယ်။

လမ်းတွေချဲ့လို့  ပလက်ဖောင်းလုပ်လို့ ခရီးသွားပြည်သူတွေ သွားလာရတာ အဆင်မပြေရတဲ့ အကြောင်းက တိုက်ခန်း မြေညီထပ် ရထားသူတွေက ဈေးဆိုင်ခန်းတွေ ငှားစားလို့ ကိုယ်တိုင်ဖွင့်လို့ ဖြစ်ပြီး အကျော်အလှော် ညှော်နံ့တွေကို နေ့စဉ် ရှူရှိုက်နေရတဲ့ ရန်ကင်းနေ ပြည်သူတွေရဲ့ ဒုက္ခကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အ စည်းတွေ သိစေချင်ပါတယ်လို့ ဆိုပါတယ်။ ရန်ကင်းမြို့နယ် တစ်ခုလုံးကို လိုက်ကြည့်လိုက်ပါ။ စည်းကမ်းမဲ့ ကျူးကျော် ဆောက်လုပ်ထားတဲ့ ကားဂိုဒေါင်နဲ့ တိုးချဲ့ ဆောက်လုပ်ထားတဲ့ အဆောက် အဦးတွေကို ကြည့်မကောင်း၊ မြင်မကောင်းအောင် တွေ့မြင်နေရ ပါလိမ့်မယ် လို့ပြောပါတယ်။

ဒီလိုသာ စိတ်ထင်သလို ပြုမူနေထိုင်ပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် ကို မလိုက်နာဘဲ နေကြတာကို ဘယ်လိုမှ အရေးမယူဘဲ နေလို့ ရန်ကင်းနေ ပြည်သူတွေအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစား ကြရတယ်လို့ ရေးပါတယ်။ သူပြောချင်တာက ဥပဒေဟာ စာရွက်ထဲမှာပဲ ရှိမနေသင့်ဘဲ ထိရောက် တဲ့ အရေးယူမှုတွေ ပြုပေးစေချင်လို့ ရေးလိုက်တဲ့ စာပါလို့ရေးလာ တဲ့စာကိုဖော်ပြလိုက် ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags