ရန်ကုန်မှာ ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ လည်ပတ်နေတဲ့ ကုမ္ပဏီထံက အစုစပ်ရှယ်ယာတွေ ဂျပန်ကုမ္ပဏီ (၂)ခု ဝယ်ယူမည်

ရန်ကုန်မှာ ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ လည်ပတ်နေတဲ့ ကုမ္ပဏီထံက အစုစပ်ရှယ်ယာတွေ ဂျပန်ကုမ္ပဏီ (၂)ခု ဝယ်ယူမည်
Photo: Lynn Bo Bo/EPA

ဂျပန်လျှပ်စစ်ကုမ္ပဏီ (၂)ခုဖြစ်တဲ့ Shikoku Electric Power Co. နဲ့ Chugoku Electric Power Co ကုမ္ပဏီ (၂)ခုဟာ ၎င်းတို့ရဲ့ ပြည်ပလုပ်ငန်းတွေကို မြှင့်တင်ဖို့အတွက် Toyo Thai Power Myanmar Co. ရဲ့ အစုစပ်ရှယ်ယာ ၂၈ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးကို ဝယ်ယူကြမှာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ရန်ကုန်မှာ ဓာတ်ငွေဓာတ်အားပေးစက်ရုံ လည်ပတ်နေတဲ့ အဲဒီ ကုမ္ပဏီထံကနေ ဝယ်ယူတဲ့ ရှယ်တန်ဖိုးဟာ ဘယ်လောက်ရှိသလဲဆိုတာကိုတော့ ကုမ္ပဏီနှစ်ရပ်စလုံးက ပြောဆိုခြင်း မရှိပါ။ ဒါပေမယ့် Shikoku Electric ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ယန်းငွေ ၄ ဘီလီယံကနေ ၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄ သန်းမှ ၄၅ ဒသမ ၇ သန်း)ကြား ရှိလိမ့်မယ်လို့ ပြောပါတယ်။

အဆိုပါ ရန်ကုန်က ဓာတ်ငွေ့ဓာတ်အားပေး စက်ရုံအနေနဲ့ မြန်မာနိုင်ငံရဲ့ Electric Power Generation Enterprise ဆီ ၂၀၄၃ မေလအထိ လျှပ်စစ်ဓာတ်အား ပေးသွင်းရမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly