စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာပြပွဲအတွက် မီဒီယာရှင်းလင်း

17 May 2019
စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာပြပွဲအတွက် မီဒီယာရှင်းလင်း

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် အထောက်အကူ ပြုစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာပြပွဲကို ၂၀၁၉ ခုုနှစ် ၊ ဇွန်လအတွင်း ကျင်းပမည့်အကြောင်း သတင်းစာရှင်းလင်းပွဲကို ၂၀၁၉ ခုုနှစ် ၊မေလ ၁၆ ရက်၊မွန်းလွဲပိုင်းက မန္တလေးမြို့ရှိ ရွိုင်ရယ်မင်္ဂလာဟိုတယ်တွင်ပြုလုပ်စဉ်။
ရိုက်ကူး ဘိုဘို မဇ္ဈိမ

စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာပြပွဲကို ဇွန်လ ၁၅ ၊ ၁၆ ၊ ၁၇ ရက်တို့တွင် မန္တလေး ကွန်ဗန်းရှင်း စင်တာတွင် ကျင်းပမည်ဖြစ်ပြီး စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာပြပွဲတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ပြခန်းပေါင်း ၂၀၀ ကျော် ပါဝင်မည်ဖြစ်သည်။

အဆိုပါပြပွဲအတွင်း ဇွန်လ ၁၅ ရက်တွင်စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းကို ချိတ်ဆက်ဆွေးနွေးမည့် ဆွေးနွေးပွဲ ၊ အော်ဂင်းနစ် စိုက်ပျိုး မွေးမြူရေး နှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပ ပညာရှင်များက ဟောပြော ဆွေးနွေးမည်ဖြစ်ကြောင်း ဇွန်လ ၁၆ ရက်တွင် ကြက်မွေးမြူရေးဆိုင်ရာ ညီလာခံ ၊ မြန်မာ့မွေးမြူရေးအစာနှင့် မွေးမြူရေး ဆေးဝါး ထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကိုလည်း ကျင်းပမည်ဖြစ်ကြောင်း ဇွန်လ ၁၇ ရက်တွင် သက်ဆိုင်ရာ ကုမ္ပဏီ များမှ ဘာသာရပ်ဆိုင်ရာ ဆွေးနွေး မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly