အမှုထမ်းသက်ထက် ကျော်လွန်ကာလများအတွက် လစာပိုငွေများကို ဆရာမ ဒေါ်မာမာမြင့် ပြန်လည်ပေးသွင်း

17 May 2019
အမှုထမ်းသက်ထက် ကျော်လွန်ကာလများအတွက် လစာပိုငွေများကို ဆရာမ ဒေါ်မာမာမြင့် ပြန်လည်ပေးသွင်း

အစိုးရက သတ်မှတ်ထားသည့် အမှုထမ်းသက်ထက် ကျော်လွန်၍ အလယ်တန်းပြ ဆရာမ တာဝန် ထမ်းဆောင် ခဲ့သော ဆရာမ ဒေါ်မာမာမြင့်သည် ကျော်လွန်ကာလများအတွက် လစာပိုထုတ်ငွေဖြစ်သည့် ငွေကျပ် ၇၈ သိန်း ကျော် ကို ၂၀၁၉ ခုုနှစ် ၊ မေလ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြန်မာ့ စီးပွားရေး ဘဏ်ခွဲ ၂ သို့ ပြန်လည် ပေးသွင်းခဲ့ကြောင်း သိရသည်။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

ယင်းငွေကျပ်(၇၈)သိန်းကျော်ကို ဘဏ်ကိစ္စများ စီစဉ်ဆောင်ရွက်ရာ၌ ကျွမ်းကျင်မှု မရှိသောကြောင့် မြို့နယ် ပညာရေးမှူး ကိုယ်တိုင် လိုက်ပါကူညီဆောင်ရွက်ပေးမှုဖြင့် လာရောက် ပေးသွင်းခဲ့ခြင်းဖြစ်ပြီး၊ ယခုပေးသွင်းငွေ များမှာ တပ်မတော် ကြည််း၊ ရေ၊ လေ မိသားစုဝင်များကိုယ်စား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းက မတ်လ ၂၃ ရက်တွင် ကိုယ်တိုင် လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အလှူရှင် တစ်ဦး၏ ကူညီငွေကိုလည်း ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း ဒေါ်မာမာမြင့် ထံမှသိရှိရသည်။

ဆရာမသည် မြန်မာ့စီးပွားရေး ဘဏ် (၂) သို့ ငွေကျပ် ၆၈ သိန်းကျော် ပေးသွင်းခဲ့ခြင်းဖြစ်ပြီး မြို့နယ် ပညာရေးမှူးရုံးသို့ ငွေကျပ် ၁၀ သိန်း ကို ပေးသွင်းခဲ့ကြောင်း ၄င်းထံမှ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly