စစ်ဘေးရှောင်စခန်းများတွင် Moblie Schoolများဖွင့်လှစ်မည်

စစ်ဘေးရှောင်စခန်းများတွင် Moblie Schoolများဖွင့်လှစ်မည်
ဓာတ်ပုံ - NYEIN CHAN NAING /EPA

နေပြည်တော်၊ မေလ ၁၆၊ ။           ။ လာမည့်စာသင်နှစ်မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ စစ်ဘေးရှောင်စခန်းအသီးသီးမှ ကလေးများ ပညာ သင်ကြားနိုင်ရေးအတွက် Mobile School( ရွှေ့လျားစာသင်ကျောင်း)များ ဖွင့်လှစ်ပေးသွားမည်ဟု ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောသည်။

“စစ်ဘေးရှောင် ကလေးတွေ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်မှာလည်း စစ်ဘေးရှောင် ကလေးတွေရှိတယ်။ ကချင်ပြည်နယ်မှာလည်းရှိတယ်။ဒီစစ်ဘေးရှောင်ကလေးတွေ အတွက် ဒီ IDP စခန်းတွေပေါ့။ တချို့ ဒီ စစ်ဘေး ရှောင်စခန်းတွေရှိတယ်။ Social Complex နဲ့ရှိတော့ အဲ့ဒီမှာ IDP စခန်းတွေရှိတယ် ။ အဲ့ကလေးတွေ အတွက် ကတော့ ကျွန်တော်တို့ကတော့ အခုနောက်ပိုင်း အစီအစဉ် အရဆိုလို့ရှိရင် ဒီစာသင်နှစ်အစတည်းကပဲ စာရင်းတွေ ကောက်နေပါပြီ။ ကောက်ပြီးတော့ လိုအပ်တဲ့ ဒီ Teaching Learning Material ထောက်ပ့ံဖို့၊ နောက်ဆရာနေရာချထားမှုတွေ လုပ်ပြီးတော့ ကျွန်တော်တို့ကတော့ Mobile School တွေဖွင့်ဖို့ ဒါပြည်ထောင်စု ဝန်ကြီးကနေ လမ်းညွှန်ခဲ့ပြီးသားဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။

အဆိုပါ Mobile School( ရွှေ့လျားစာသင်ကျောင်း)များ ဖွင့်လှစ်ပေးရာမှာ မည်သည့်အတန်းထိ သင်ကြား ပေးသွားမည်ဆိုသည်ကိုမူ ဝန်ကြီးဌာန အနေဖြင့် ထည့်သွင်းပြောသွားခြင်း မရှိခဲ့ပေ။

မေ၁၅ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်အစိုးရ၏ တတိယ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွေ့လျားစာသင်ကျောင်းများတွင် ပညာရေးဝန်ကြီးဌာနမှ လစာပေးမည့် စေတနာ့ဝန်ထမ်း ဆရာများဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“အကုန်လုံးကတော့ စစ်ဘေးရှောင်ကလေးတွေအတွက် Community Conflict အတွင်းရော All Conflict အတွင်းရော နှစ်ခုစလုံးအတွက်ကတော့ အဆင်သင့် ဆောင်ရွက်နေပါတယ်။ အထုူးသဖြင့် Development Partner အပိုင်းနဲ့ ပတ်သတ်ရင်တော့ Education for Emergency Development အုပ်စုရှိပါတယ်။ ကျွန်တော် တို့ Working Group လိုအပ်တာတွေ အကုန်လုံးကို ကျွန်တော်တို့ ထောက်ပ့ံပေးဖို့ စီစဉ်နေပါတယ်”ဟု ဦးကိုလေးဝင်းက ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင်လည်း Community (အဖွဲ့အစည်း) တစ်ခုနှင့် တစ်ခုကြားတွင် Miss School ဖြစ်ပွားနေသည့်နေရာများတွင် Learning Together Program ( အတူတကွစာသင်သည့် အစီအစဉ်) ဖြင့် တစ်ဖက်နှင့်တစ်ဖက်ရင်းနှီးချစ်ခင်လာစေရန် တနည်းအားဖြင့် Peace For Society(ငြိမ်းချမ်းခြင်းအတွက် အဖွဲ့အစည်း) ဖြစ်လာစေရန် နေရာ၁၁ခုတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြော သည်။

“ဒါလည်းပဲ အခုဇွန်လ ကနေစပြီးတော့ ဆောင်ရွက်နေပါပြီ။ အဲ့ဒီမှာ ကျွန်တော်တို့ Community ဆိုတာ ဒီ မူဆလင် ကွန်မြူနတီပါတယ်။ ရခိုင်ကွန်မြူနတီပါတယ်။ အားလုံး မြို၊ ခမီး၊ သက်၊ ဒိုင်းနက်၊ အခြား ချင်း အဲ့ဒီ ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ Community တွေ အကုန်လုံး Social ပိုပြီး Share ဖိုိ့အတွက်ကို ရည်ရွယ် တဲ့ Program ဖြစ်ပါတယ်။ဘာတွေပါလဲဆိုတော့ Playing Together , Learning Together ,Reading Together အချင်းချင်းပူးပေါင်းပြီးစာဖတ်ကြမယ်။ အတူတူပူးပေါင်းပြီးတော့ ကစားကြမယ်။ နောက်ခန္ဓာ ကိုယ်ရဲ့ တကိုယ်ရည် သန့်ရှင်းရေးဆိုလည်း အားလုံးစုပေါင်းပြီးလုပ်ကြမယ်။ Supporting Teacher Together ဆိုလည်း ရှိပါတယ်။ ဆရာတွေအတွက် လိုအပ်တာ မှန်သမျှကို ဒီပရိုဂရမ်က ထောက်ပံ့ပါလိမ့်မယ်။ဥပမာ Hijet ကားတွေလိုရင်လည်း ထောက်ပံ့ဖို့ရှိပါတယ်”ဟု ၄င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly