၂၀၂၀ တိုကျိုအိုလံပစ်မှာ ဉာဏ်ရည်တုအကူဒိုင်နည်းပညာကို အသုံးပြလိုတဲ့ ဖူဂျစ်စု နည်းပညာကုမ္ပဏီကြီး

၂၀၂၀ တိုကျိုအိုလံပစ်မှာ ဉာဏ်ရည်တုအကူဒိုင်နည်းပညာကို အသုံးပြလိုတဲ့ ဖူဂျစ်စု နည်းပညာကုမ္ပဏီကြီး

လာမယ့်နှစ် ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော်ကြီးမှာ ဂျပန်နည်းပညာကုမ္ပဏီကြီး ဖူဂျစ်စု (Fujitsu)က ဉာဏ်ရည်တု (AI) နည်းပညာကို ဒိုင်အဆုံးအဖြတ်နေရာတွေမှာ အသုံးပြုဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဂျပန်နည်းပညာဘီလူကြီးက နိုင်ငံတကာ ကျွမ်းဘားအဖွဲ့ချုပ် (FIG) နဲ့ ပူးပေါင်းလိုက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဉာဏ်ရည်တုအကူဒိုင်နည်းပညာကို မိတ်ဆက်သွားဖို့ ရည်ရွယ်ထားပါတယ်။ တိုကျို အိုလံပစ်ပြိုင်ပွဲမှာ ကျင့်သုံးလာနိုင်ဖို့ အခုချိန်မှာ စမ်းသပ်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ဖူဂျစ်စုက ဉာဏ်ရည်တုနည်းပညာဟာ ဖြစ်လာနိုင်တဲ့ မှားယွင်းဆုံးဖြတ်မှုတွေ မရှိနိုင်အောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ကုမ္ပဏီက သူ့နည်းပညာအကြောင်းကို ဒီတစ်ပတ် တိုကျိုမှာ ပြုလုပ်တဲ့ Fujitsu Forum event မှာ ပြသခဲ့ပါတယ်။

အဆိုပါနည်းပညာမှာ ကျွမ်းဘားကစားသူရဲ့ လှုပ်ရှားမှုတွေကို ဖမ်းယူဖို့ 3D လေဆာစကင်နာအာရုံခံကိရိယာ (3D laser scanner sensors)တွေကို အသုံးပြုထားပြီး လက်မောင်း၊ ခြေထောက်၊ အထူးသဖြင့် အမြင့်ရွေ့လျားမှုတွေလို ဧရိယာများကို တစ်စက္ကန့်လျှင် ပုံရိပ် ၂ သန်းကို ဖမ်းယူပေးနိုင်ပါတယ်။

ဖူဂျစ်စုက ပုံမှန်အားဖြင့် ကျွမ်းဘားပြိုင်ပွဲတွေမှာ ကစားသမား အယောက် ၂၀၀ ကို ဒိုင် ၁၀၀ ဦး အသုံးပြုရပြီး အဆိုပါနည်းစနစ်နဲ့ဆို ဒိုင်ဦးရေကို လျော့ချဖို့ ကူညီနိုင်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒိုင်တွေ ပွဲပန်းခြင်းနဲ့ အမှားတွေကိုပါ လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ဂျာမနီနိုင်ငံ၊ စတူဂတ်မှာ အောက်တိုဘာ ၄ ရက်ကနေ ၁၃ ရက်အထိ ကျင်းပမယ့် Artistic Gymnastics World Championships ပြိုင်ပွဲမှာလည်း အဆိုပါနည်းပညာကို အသုံးပြုဖို့ စီစဉ်ထားပါတယ်။

အဆိုပါစနစ်ဟာ ဒိုင်တွေကို ကူညီပေးဖို့အပြင် အားကစားသမားတွေ ၎င်းတို့ကိုယ်တိုင် လေ့ကျင့်ရာမှာ အားနည်းမှုတွေရှိနေတဲ့ လှုပ်ရှားမှုတွေကို ကူညီရာမှာ အသုံးပြုသွားနိုင်တယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။

Ref; techradar

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly