အမေရိကန်အနုပညာရှင် Jeff Koons ရဲ့လက်ရာ “Rabbit” ရုပ်တုကို စံချိန်တင် ဒေါ်လာ သန်း ၉၀ ကျော်နဲ့ ရောင်းချ

အမေရိကန်အနုပညာရှင် Jeff Koons ရဲ့လက်ရာ “Rabbit” ရုပ်တုကို စံချိန်တင် ဒေါ်လာ သန်း ၉၀ ကျော်နဲ့ ရောင်းချ

မေ ၁၆ ။          ။ အမေရိကန် နာမည်ကျော် အနုပညာရှင်ကြီး Jeff Koons ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ “Rabbit”  ယုန် အရုပ်တစ်ရုပ်ကို နယူးယော့ခ်က လေလံပွဲတစ်ခုမှာ မေလ ၁၅ ရက်က ကန်ဒေါ်လာ ၉၁ ဒသမ ၁ သန်းနဲ့ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

ဒါဟာ သက်ရှိထင်ရှားရှိနေဆဲ ပညာရှင်တစ်ဦးရဲ့ လက်ရာအတွက် စံချိန်တင် ရရှိတဲ့ စျေးနှုန်းတစ်ခုလည်း ဖြစ်ပါတယ်။

“Rabbit” ကတော့ လေမှုတ် ယုန်ရုပ်တစ်ကောင် ရဲ့ ပုံစံကို သံမဏိနဲ့  ထုလုပ်ဖန်တီးထားတဲ့ ထူးခြားတဲ့ လက်ရာ တစ်ခုလည်း ဖြစ်ပါတယ်။

ဒါဟာ ဗြိတိန် ပန်းချီဆရာ David Hockney ရဲ့ “ လူနှစ်ယောက်နှင့် ရေကန်” ပန်ချီကားကို ယမန်နှစ် နိုဝင်ဘာတုန်းက Christie’s  လေလံကုမ္ပဏီမှာ ဒေါ်လာ ၉၀ ဒသမ ၃ သန်းနဲ့ ရောင်းချခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly