မေ ၁၆ ။ ။ အမေရိကန် နာမည်ကျော် အနုပညာရှင်ကြီး Jeff Koons ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ “Rabbit” ယုန် အရုပ်တစ်ရုပ်ကို နယူးယော့ခ်က လေလံပွဲတစ်ခုမှာ မေလ ၁၅ ရက်က ကန်ဒေါ်လာ ၉၁ ဒသမ ၁ သန်းနဲ့ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
ဒါဟာ သက်ရှိထင်ရှားရှိနေဆဲ ပညာရှင်တစ်ဦးရဲ့ လက်ရာအတွက် စံချိန်တင် ရရှိတဲ့ စျေးနှုန်းတစ်ခုလည်း ဖြစ်ပါတယ်။
“Rabbit” ကတော့ လေမှုတ် ယုန်ရုပ်တစ်ကောင် ရဲ့ ပုံစံကို သံမဏိနဲ့ ထုလုပ်ဖန်တီးထားတဲ့ ထူးခြားတဲ့ လက်ရာ တစ်ခုလည်း ဖြစ်ပါတယ်။
ဒါဟာ ဗြိတိန် ပန်းချီဆရာ David Hockney ရဲ့ “ လူနှစ်ယောက်နှင့် ရေကန်” ပန်ချီကားကို ယမန်နှစ် နိုဝင်ဘာတုန်းက Christie’s လေလံကုမ္ပဏီမှာ ဒေါ်လာ ၉၀ ဒသမ ၃ သန်းနဲ့ ရောင်းချခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။