အိုင်တီခြိမ်းခြောက်မှု ကာကွယ်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ဒေါ်နယ်ထရမ့် ထုတ်ပြန်

အိုင်တီခြိမ်းခြောက်မှု ကာကွယ်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ဒေါ်နယ်ထရမ့် ထုတ်ပြန်

မေ ၁၆ ။        ။ အမေရိကန် ကွန်ပြူတာကွန်ရက်များကို ပြည်ပနိုင်ငံခြား ရန်သူများ၏ ရန်ကနေ ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေတစ်ရပ်ကို သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

အမေရိကန် ကုမ္ပဏီများကို အမျိုးသား လုံခြုံရေးအန္တရာယ် ခြိမ်းခြောက်နိုင်ဖွယ် ရှိသည့် ပြည်ပ တယ်လီကွန်း တပ်ဆင်ပစ္စည်းများ အသုံးပြုခြင်းမှ တားဆီးမည့် အထူး အမိန့်တစ်ရပ်ကို ထရမ့်က လက်မှတ်ရေးထိုးခဲ့သည်။

ယင်း အမိန့်တွင် မည်သည့် ပြည်ပ ကုမ္ပဏီကိုမှ အမည်တပ် ဖော်ပြထားခြင်း မရှိသော်လည်း ယင်းက တရုတ် တယ်လီကွန်း ကုမ္ပဏီ Huawei ကို ရည်ရွယ်သည်ဟု ယုံကြည်ရသည်။

ယခုကဲ့သို့ အမေရိကန်တွင် ယင်း၏ လုပ်ငန်းများ ကန့်သတ်ခံရမှုက အမေရိကန် ပြည်တွင်းရှိ ဝယ်ယူသုံးစွဲသူများနှင့် ကုမ္ပဏီများကိုသာ ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း တရုတ် နည်းပညာကုမ္ပဏီ Huawei ကလည်း ထုတ်ပြန်ပြောဆိုခဲ့သည်။

Huawei ထုတ်ကုန်များကို တရုတ်အစိုးရက စောင့်ကြည့်ခြေရာခံမှုများအတွက် အသုံးချနိုင်သည် ဆိုပြီး အမေရိကန် အပါအဝင် နိုင်ငံအများစုက ပြီးခဲ့သည့် လများအတွင်း စိုးရိမ်ပူပန်ကြောင်း အသီးသီး ထုတ်ပြန်ထားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly