ဧရာဝတီတိုင်းအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု လျော့ကျအောင် စီမံချက်ဖြင့် လုပ်ဆောင်နေ

16 May 2019
ဧရာဝတီတိုင်းအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု လျော့ကျအောင် စီမံချက်ဖြင့် လုပ်ဆောင်နေ

ဧရာဝတီတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုလျော့ကျအောင် စီမံချက်ချလုပ်ဆောင်နေကြောင်း ပြည်သူကျန်းမာဦးစီးဌာနမှ ဒုတိယ ညွှန့်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကပြောသည်။

“အခုအချိန်ကစပြီး ကျောင်းမဖွင့်ခင်နေရာလေးတွေကိုရှင်းချင်တယ်။ ကူးစက်မှု မပြန့်ပွားအောင်လုပ်ချင် တယ်။ နောက်ပြီး ပညာပေးလုပ်ငန်းတွေ ပိုးလောက်လန်နှိမ်နင်းရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခြင်း ဖြစ်တယ်”ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ယခုလက်ရှိ လူ ၁၃ဝကျော် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေပြီး၊ သေဆုံးမှု မရှိသေးကြောင်း သိရသည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly