အနာဂတ် မြန်မာ့ပညာရေး ဘယ်လိုဖြစ်သင့်သလဲအပိုင်း (၃) နိဂုံးပိုင်း

By မျိုးသန့်(မဇ္စျိမ)
15 May 2019
အနာဂတ် မြန်မာ့ပညာရေး ဘယ်လိုဖြစ်သင့်သလဲအပိုင်း (၃) နိဂုံးပိုင်း

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျား။ ကျွန်တော်တို့ ဒီနေ့ တွေ့ဆုံမေးမြန်းသွားမှာကတော့ ဆရာကိုတာ ဖြစ်ပါတယ်။ ဆွေးနွေးသွားမယ့် အကြောင်းအရာကတော့ dignity capital လို့ခေါ်တဲ့ ဂုဏ်သိက္ခာ အရင်းအနှီး၊  အင်္ဂလိပ်စာနဲ့ Identity အရေးပါပုံ ၊ ပညာရှင်တွေရဲ့ အခန်းကဏ္ဍ၊ အင်တာနက် သုံးတတ်ဖို့ စတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

မေး။ ။ အဲ့ဒီတော့ ကျွန်တော်တို့ ဒါကို ပြန်ချုံ့လိုက်မယ်ဆိုရင် ဒါလည်း curriculun နဲ့ သက်ဆိုင်တယ်နော် ဆရာ။

ဖြေ။ ။ အဲ့ဒါက ကြီးကြီးကျယ်ကျယ်တွေ လျှောက်တွေးမနေနဲ သူတို့ဟာ သူတို့ လုပ်တတ်တယ်။ ခင်ဗျားက frame work လေးပေးလိုက်ပေါ့ဗျာ frame work တော့ ပေးရမှာပေါ့။ ကိုယ်ကပဲ လုပ်ဖို့ ဘာလို့စဉ်းစားနေ တာတုန်း။ လူတွေက ကိုယ်လို သူလိုလူတွေချည်းပဲ၊ လူတွေဆိုတာက သူတို့ဟာသူတို့ လုပ်ခွင့်ပေးဖို့ပဲလိုတာ။ ကြီးကြီးကျယ်ကျယ် ငါလုပ်ပေးမှ ဘာလုပ်ပေးမယ်၊ ဘာလို့ အဲ့ဒီလို တွေးနေကြတာလဲမသိဘူး။ ကျွန်တော် ပြောချင်တာ decentralize လုပ်ရဲရမယ်။ ဘာလဲလို့ဆို လူက တန်းတူရည်တူရှိမှ dignity ရှိတာကိုး။ dignity capital လို့ခေါ်တယ်၊ ဂုဏ်သိက္ခာ အရင်းအနှီး ကျွန်တော်တို့ တိုင်းပြည်မှာ အဲ့ဒါလိုတယ်။ ကိုယ်ချည်းပဲ လုပ်တတ်တယ်လို့ ကိုယ်ချည်းပဲ ငါက ညွန်ကြားတာပါလို့ မတွေးကြပါနဲ့လို့ ကျွန်တော် မေတ္တာရပ်ခံချင်တယ် ။ decentralize လုပ်တာလည်း အမျိုးမျိုးရှိပါတယ်။ ကျွန်တော်တို့မှာ အရည်အသွေးအာမခံတဲ့ စနစ်ကြီး လည်းတည်ဆောက်မယ်ဆိုရင် သူကလည်းလုပ်ပေးလို့ရတယ်။ ဒါလေးတွေတော့ ဒီိလိုလုပ်ရအောင်။ အကူအညီလိုလည်းရတယ်၊ လွယ်ပါတယ်။ တိုင်းရင်းသားတွေက သူတိ့ုဘာသာ သူတို့ မင်းတို့မလုပ်ပေးလို့ ငါတို့ဟာငါတို႔ လုပ်မှာပေါ့။ အဲဒီလိုအတွေးအခေါ်တွေ ရှိကြတဲ့လူတွေ ရှိနေကြပြီ။ ဒါလေးကို သတိထားဖို့လိုတယ်။

မေး။`။ဟုတ်တယ်ဆရာ တိုင်းရင်းသားတွေကလည်း တကယ့်ကိုပဲပြောနေတာ တကယ့်တကယ်ကျ တော့ ဘယ်လိုအခက်အခဲဖြစ်နေသလဲ မသိဘူးဆရာ။

ဖြေ။    ။ကျွန်တော်ခုနကတုန်းက ပြောတဲ့အခက်အခဲက ဒါပဲလေ၊ ငါလုပ်ပေးမှာပေါ့ သူများကို၊ ပြီးရင် ခုနတုန်းကအယူအဆတွေ အယူအဆအမှားကြောင့်ပေါ့နော်။ တစ်ခုတည်းဖြစ်မှ ဆိုတာ မဟုတ်ဘူး။ စာတွေဖတ်ကြည့်ကြည့်။ အထဲမှာ ပါပါတယ်ဗျာ။ ကိုယ့်ဟာနဲ့ကိုယ် ကိုယ့်ဟာကိုယ် ငါတို့ကလည်း ငါတို့အခွင့်အရေးရှိတယ်၊ ငါတို့ဘာသာစကား ငါတို့ တတ်တယ်ဆို အဲ့ဒီလိုလူတွေနဲ့ဆိုရင် ပိုပြီးတော့ Social Coercion က ပိုပြီးတော့ ရတယ်တဲ့။ အဲ့ဒါတွေက သုတေသနလုပ်ပြီးသားတွေ အထင်အရှားရှိပါတယ်။

မေး။   ။ဟုတ်ကဲ့ဆရာ အခုဆိုရင်  လူငယ်တွေကို ကြည့်လိုက်ရင် သင်တန်းတွေ သွားတက်ကြတယ် ဥပမာ အင်္ဂလိပ်ဘာသာစကားပြောသင်တန်း၊ ကွန်ပြူတာသင်တန်း ၊ခုနကပြောတဲ့ တရုတ်ဘာသာ စကား၊ ကျွန်တော်တို့ အင်္ဂလိပ်ဘာသာစကားရယ် ခုနကပြောတဲ့ တရုတ်ဘာသာစကားရယ် ၊အဲဒီတော့      အင်္ဂလိပ်စာ ကိုပဲ   ဦးတည်ပြီးပြောမယ်ဆိုရင် ဘယ်လောက်ထိအရေးပါလိမ့်မယ်လို့ထင်လဲ။

ဖြေ။    ။အင်္ဂလိပ်စာက အရေးပါတာပေါ့ဗျာ။ အင်္ဂလိပ်စာက ဘာသာစကားတစ်ခုဆိုတာ ဘာသာစကားကို ကျွန်တော်တို့ စဉ်းစားကြည့်သလောက်လေ။ ဘာသာစကားက Marker အနေနဲ့ပေါ့နော်၊ Identity အတွက် အသုံးကျတယ်။  လူငယ်တွေရဲ့ ငါဘာလဲလို့ပေါ့ ဖြစ်တည်မူ သက်မှတ်ချက်အတွက် ဘာသာစကားက အရေးကြီးတယ်၊ ဒါပေမယ့် ဒါတင်ပဲလည်းမဟုတ်သေးဘူး။ ဘာသာစကားတစ်ခုရဲ့တန်ဖိုးကလည်း ဆက်သွယ်မူအတွက် media of communication အတွက်လည်း အသုံးကျတယ်။ ကိုယ့် Identity အတွက်အသုံးကျတယ်။ ကိုယ့်ဘာသာစကား သူများမတတ်ရင် ခင်ဗျားအလကားပဲ။ ဆက်သွယ်မူမှလုပ်လို့ မရရင်လည်း ဆက်သွယ်မူလုပ်ဖို့ Function ရှိတယ်ပြောတာ။ နောက်ဖန်ရှင်တစ်ခုက accept to knowledge ဗျ၊ ကမ္ဘာ့ဗဟုသုတ ဘဏ္ဍာတိုက်ကြီးကို ကမ္ဘာ ပညာရတနာကြီးကိုနော်  ရောက်ဖို့ ဝင်ဖို့ ကိစ္စပေါ့လေ။ အဲ့ဒါဘာသာစကားက  အဲ့ဒီလိုစဉ်းစားကြည့်ရင် ကိုယ့် ဘာသာစကားကို ဗဟုသုတအနေနဲ့ ဖြည့်တင်းနိုင်သလောက် ဖြည့်တင်း ။ ပြည့်နေလို့ ရှိရင်လည်း ကိုယ့်ဘာသာစကားပဲ ကိုယ်သင်ပေါ့ဗျာ။ ကိုယ့်ဘာသာစကားဘာမှမရှိရင်   အင်္ဂလိပ်စကားက အရေးကြီးလာတာပေါ့ဗျာ။ အင်္ဂလိပ်စာထဲမှာ အကုန်ရှိတာကိုး။ ကျွန်တော်တို့က ကိုယ့်မြန်မာစကားကအရေးကြီးတယ်လေ ကျွန်တော်တို့ရဲ့ ဖြစ်တည်မူ  Identity က အရေးကြီးတယ်လေ။ ဒါပေမဲ့ အဲ့ဒါကိုဖြည့်ရဦးမယ်။ ဥပမာ နည်းပညာတွေတို့ သိပ္ပံပညာတွေတို့ အဲ့ဒါကိုဖြည့်ရအုံးမယ်။ ကျွန်တော်တို့ ဖြည့်သလား အခြား နိုင်ငံမျိုးဆိုဖြည့်တယ်နော်။ ဥပမာ ယိုးဒယားဆို ကျနော်သိသလောက် ခင်ဗျားတို့ သွားကြည့်လည်းတွေ့မှာပဲ။ စာအုပ်ဆိုင်တွေမှာ ထွက်ပြီဆိုရင် အခုကဘာသာပြန်ပြီးပြီ။ အကုန်လုံးက ပြန်ပေးကြတယ်။ ကျနော်တို့က ဘာမှမရှိဘူး။ ဘာမှမရှိတဲ့အခါကျတော့ အင်္ဂလိပ်စာက အရေးကြီးလာတော့ ဘာမှမဆန်းဘူး။

ကျနော်တို့ဘာသာစကားက ကလေးတွေက နည်းနည်း အဲ့ဒါကို သိပ်ပြီးတော့ လျော့သွားရင် အဲ့ဒါလည်းမဆန်းဘူး။ ဘာမှမှမရှိတာ။ ဟုတ်တိပတ်တိမရှိတာကို ဆိုလိုတာနော်။ ဘာမှမရှိဘူးဆို ကျွန်တော့ကို ဝိုင်းဆဲနေကြဦးမယ်။ ဟုတ်တိပတ်တိနဲ့ ရှိသင့်သလောက် မရှိသေးဘူး။ ကျွန်တော်တို့ အဲ့ ဒါလုပ်ဖို့ လိုတာပေါ့။ ကိုယ့်ဘာသာကို ချစ်မြတ်နိုးလို့ ရှိရင် ဘာသာပြန်စာပေဌာနတို့ ဟိုတုန်းကရှိတဲ့ဟာကို ထူထောင်ကြပေါ့။ ပြန်ကြားရေးဝန်ကြီးဌာနဆို ဒါတွေလုပ်ပါပေါ့။ လုပ်စေချင်   တာပေါ့။

မေး။   ဆရာခုန ကပြော သလို တရုတ်ပြည်မှာ စာအုပ်ဆိုင်တွေသွားကြည့်တယ် ဆိုလို့ရှိရင် အင်္ဂလိပ်စာအုပ်စာတမ်းတောင် တော်တော် ရှားရှားပါးပါးလို့ ပြောရမှာနော်။ တရုတ်လို  အကုန်ဘာသာ ပြန်ထားတဲ့ဟာမျိုးပေါ့ ။ ဆိုတော့ ဒီလိုမျိုး ဘာသာရပ်ဆိုင်ရာတွေကိုပဲဖြစ်ဖြစ် မြန်မာပြန်တဲ့ နေရာမှာ  ကျွန်တော်တို့ မြန်မာနိုင်ငံကပေါ့လေ ပညာရှင်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးပါလဲ။ သူတို့က မသိတာလား၊ မလုပ်နိုင်တာလား၊ ဘဏ္ဍာရေးပြဿနာလား ၊ဘယ်လိုလဲဆရာ။

ဖြေ။    ။အကုန်လုံးပဲလေ ။ အကုန်လုံးပဲပေါ့။ အကုန်လုံးဆိုတာ ကိုယ်ကကိုယ့်ဘာသာ စကား တတ်တယ်၊ ဟိုဘက်ဘာသာစကား ကောင်းကောင်း မကျွမ်းကျင်ဘူး။ ကိုယ်က ဒီဘာသာရပ်မှာတော့ သူသိတယ်၊ ဟိုဘက်မှာတော့ သူမသိဘူး။ နောက်တစ်ခုက ငွေရေးကြေးရေးလည်း ရှိတယ်။ ဘယ်သူဖတ်မှာလဲပေါ့၊ စာဖတ်တာပေါ့။ ဘယ်သူက ထောက်ပံ့တာတုန်း။ အထောက်အပံ့လည်း မရှိဘူး။ အရင်တုန်းက ဒါကို သတ်သတ်မှတ်မှတ် လုပ်တဲ့ဟာလည်း ရှိတယ်။ အခုမရှိဘူးပေါ့။ အရင်တုန်းက တစ်သက်လုံး ရှိလာခဲ့တာပေါ့။ ဒါတွေကို စဉ်းစားခဲ့တယ်ထင်ပါတယ် ရှေးလူကြီးတွေက။ အခု ကျွန်တော််တို့ ဒါတွေ မဖြစ်နိုင်ဘူး။ ဖြစ်တာနည်းတယ်ပေါ့။ အဲ့ဒီတော့ ကျွန်တော်တို့က အင်္ဂလိပ်စာကို ပိုပြီးတော့ တတ်အောင် လုပ်မှဖြစ်မယ်ဆိုတဲ့ ဟာမျိုးရောက်လာတာပေါ့။  တကယ့် တကယ်ကျတော့ အခု နည်းပညာ ပေါက်ကွဲနေတယ်ဆိုတဲ့ဟာပေါ့။ technological destruction  သူတို့ပြောနေကြတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့က အဲ့ဒါကို ရောက်ဖို့၊  ဥပမာ အင်တာနက်ဆိုရင် အဲ့ဒီဟာတွေကို သုံးတတ်ဖို့ လိုတာပေါ့။ အဲ့ဒီထဲကဟာတွေကို ယူဖို့ အင်္ဂလိပ်စာက မတတ်လို့မှ မရတာ။ မြန်မာစာတတ်ရုံနဲ့  ဖြစ်မှမဖြစ်တာ။ အဲ့ဒီတော့ ကလေးတွေက အဲ့ဒီလိုပဲလုပ်ကုန်ကြတာပေါ့။ အဲ့ဒီတော့ အခု ကျနော်တို့က ကိုယ်က  ဖြည့်တင်းဖို့ကို လုပ်ရမှာပေါ့။ လုပ ်ဖို့လိုတာပေါ့။

မေး ။   ။ ပညာရေးနဲ့ပတ်သက်ပြီးတော့ ဆရာထပ်ပြီးတော့မှ ဖြည့်ပြောချင်တာ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲသင့်တာ၊ လိုနေသေးတာ။ ဆရာထောက်ပြချင်တာလေးတွေ ရှိလို့ရှိရင်ဆရာ ထပ်ဖြည့်ပြောပေးပါဆရာ။

ဖြေ။    ။ပညာရေးက ဆရာပဲဗျ။ ကျောင်းဆိုတာဆရာပဲ။ အဲ့ဒီ့ ဆရာတွေကို ကောင်းအောင် ဘယ်လိုလုပ်မလဲ။ ဆရာတွေကိုကောင်းအောင် ဆရာတွေကို အခု  ဆရာဖြစ်သင်ကောလိပ်တွေ ရှိတယ်။ ဆရာဖြစ်သင်တက္ကသိုလ်တွေလည်းရှိတယ်။ အဲ့ဒီ ကျောင်းတွေကိုမြှင့်ပေးရမှာ။ အဲ့ဒီကျောင်းတွေကို  ဝင်ခွင့်က မြတ်နိုးစရာပေါ့လေ အဖိုးတန်ရမှာပေါ့။ ဥပမာမှာ ဖင်လန်နိုင်ငံက ကျောင်းတွေနဲ့  စဉ်းစားရင် ဖင်လန်မှာ ကျောင်းဆရာ ဖြစ်တာ အင်မတန် ဂုဏ်ရှိတယ်လို့ပြောတယ်။ ကောင်မလေးက သူ့ကောင်လေးက ကျောင်းဆရာ ဖြစ်လို့ ကြိုက်တာ။ ကျနော်တို့ ငယ်ငယ်တုန်းက ဆရာဝန်ဖြစ်လို့ ကြိုက်တာတို့ ကျနော်တို့ဆီမှာ ရှိတာပေါ့နော်။ သူတို့ဆီမှာတော့ ဆရာဖြစ်လို့ကြိဳက်တာ ဟိုကလည်း ဆရာမဖြစ်လို့ကြိုက်တာ ဒါမျိုးပေါ့။ ဆရာဖြစ်တာ တကယ့် ဂုဏ်ယူစရာပေါ့။ အဲ့ဒီလိုဖြစ်အောင် ကျနော်တို့ ဘယ်လိုလုပ်ကြမလဲပေါ့။ အနန္နောအနန္တ ၅ ပါးနဲ့ မဆိုင်ဘူး။ ဆရာတွေက Professional Learning ဖြစ်အောင်လုပ်မှပဲ။ သူ့ဟာနဲ့သူ ကျွမ်းကျင်အောင် လုပ်တာမျိုးပေါ့။ ဒါမျိုး ဆရာတွေကို Professional ဖြစ်အောင်လုပ်ပေးပါပေါ့လေ။ ဆိုတော့ ဆရာအတတ်သင်ကောလိပ်တွေကို မြှင့်သွားအောင်။ ဆိုပါတော့ဗျာ နေတာထိုင်တာ ဖြစ်ဖြစ် စာအုပ်တွေပဲဖြစ်ဖြစ် ရေမီးအစုံပေါ့။ တခါတုန်းက ရှိတယ်မှတ်လား တစ်ချို့တောင်မှ ကျွန်တော်ကြားတာတွေရှိပါတယ်။ ရေတောင်မှ ရေလာတာနည်းတာတွေ အကန့်အသတ်နဲ့ သုံးရတာတွေ အဲဒါတွေပေါ့။  ဆရာဆိုတာ တော်တဲ့လူတွေ ဆရာဖြစ်ချင်လာအောင်ပေါ့ ဆရာတို့ ငယ်ငယ်တုန်းက ဆရာတွေက တော်တယ်ဗျ။ ဆရာလခနဲ့လည်း လောက်တယ်။ ဆရာတွေလည်း တစ်ချို့တိုးပေးရင် မရဘူးလားပေါ့။ ကျန်တာ တိုင်းပြည်ကို ရှင်းပြရုံရှိတာ၊   ကျွန်တော်တို့ ခေါင်းဆောင်ပေါ့ဗျာ   ဒါတော့တိုးပေးမှဖြစ်မယ် လို့ပြောရင် ရမယ်ထင်တယ်။ လူတွေက လက်ခံမယ် ထင်တယ် ။   တိုင်းပြည်အုပ်ချုပ်နေတဲ့သူတွေကလည်း ကိုယ့်ထက်တော်လို့ အုပ်ချုပ်နေတာပဲလေ။ ကျနော်ကတော့ အနည်းဆုံးတော့ Teacher training ကို ကောင်းအောင် လုပ်စေချင်တယ်။ ငွေရေးကြေးရေးတင်မကဘူး လူဆိုတာကလေ ငွေရေးကြေးရေးကြောင့် မဟုတ်ဘူး။ သိလို့ရှိရင်ကို ကိုယ်ဟာကိုယ် ကျေနပ်တာ၊ သိလိုရှိရင်လည်း ပိုသိအောင် လုပ်ရင်လည်း ငွေရေးကြေးရေး ကို မတိုးပေးနိုင်ဘူးဆိုရင်တောင် ပိုသိအောင် ပိုတတ်တဲ့ လူတွေဖြစ်အောင်  ကျနော်တော့ လုပ်နိုင်လိမ့်မယ်လို့  ထင်တယ်။ အခုလို ဘတ်ဂျက်အတွင်းမှာပဲ လုပ်နိုင်တယ်လို့ ထင်တယ်။

မေး။               ။ ဆရာနေဝင်းမြင့်ကိုတော့ မကြာခဏ စာပေဟောပြောပွဲတွေ နားထောင်ကြည့်တဲ့ အခါမှာကျတော့ ဆရာဆရာမတွေ စာမဖတ်တဲ့ဟာပေါ့နော်။ ဒါကိုသူတို့ရယ်စရာ ဟာသလေး အနေနဲ့ ပြောတဲ့အခါရှိတယ်။ ဥပမာဆိုလို့ရှိရင်ပေါ့နော် ဒီ မိကျောင်းဖွေးဖွေး ကဗျာကို ရွတ်ဖတ်တဲ့အခါမှာ ဆရာမက အဓိပ္ပာယ်မသိပဲ ကျောင်းသူကျောင်းသားတွေကို လွဲမှားစွာ ပြန်လည် သင်ပြတယ် ဆိုတဲ့ဟာမျိုးပေါ့နော်၊ သူကတော့ စာဖတ်ဖို့ လိုတယ်ဆိုပြီး ဆရာနေဝင်းမြင့်ကပြောတယ်။ ဆရာလည်း ခုနကပြောခဲ့ပါတယ်။ ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ နိဂုံးချုပ်အနေနဲ့  ထပ်ဖြည့်ပြောပေးပါ ဆရာရေ။

ဖြေ။    ။ ဆရာတွေက ကိုယ့်ဟာကို ဂုဏ်သိက္ခာရှိတဲ့လူတွေ၊ နောက် Self - esteem လို့ခေါ်တာပေါ့။ ကိုယ့်ဟာက်ို တော်တယ်ထင်ရင် ဖတ်မှာပဲ၊ ဆရာတွေတင် မသိတာမဟုတ်ဘူး သူတို့လည်း မသိပါဘူး။ ကိုနေဝင်းတို့လည်း မသိတာအများကြီးပဲနော်။ ဆရာတွေ မသိတာပဲ သူကပြောလို့ရတဲ့ဟာ ပြောတာပေါ့။ အဲဒီတော့ လူတွေ အကုန်လုံးက သူ့သိက္ခာနဲ့သူရှိရင် ဖတ်မှာပါ၊ ဆရာတွေ အကုန်လုံးက ။  ကျွန်တော်က ဘာလို့ဆိုတော့ ကျွန်တော်က လက်တွေ့ပဲလေ၊ ကျွန်တော်တို့က သူတို့ကို လေးစားရင် သူတို့ဟာသူတို့ လုပ်ချလာမှာ။ တကယ့်တကယ်ကျတော့လေ၊ အဲဒီလိုမျိုး   ကိုယ်က သူများကို အထင်သေးနေရင် ရန်သွားတွေ့နေရင်တော့ တစ်မျိုးပေါ့လေ။ သူ့ဟာနဲ့သူ ထိုက်တန်တဲ့ဟာပေါ့။ အဲဒီတော့ ကျွန်တော်က ဆရာနေဝင်းမြင့်ကိုလည်းပြောတာမဟုတ်ပါဘူး၊ သူတို့ကို ကျနော်တို့ တန်ဖိုးထားရမယ်ပေါ့။ တကယ်လို့ ကိုယ်ကတန်ဖိုးထားရင် သူတို့ကတန်ဖိုးထားတယ်။ အခု ကျွန်တော်တို့ကြုံနေရတာတော့   မိဘတွေက ဆရာတွေဖြင့် သူဟာသူ တတ်ချင်မှ တတ်မယ်ဆိုတဲ့ စိတ်ကူးတွေ ရှိနေကြတယ်။ တကယ်တော့ သူတို့လည်း လုပ်နိုင်တာ မဟုတ်ဘူးလေ။ ဒါကျွန်တော်တို့ တကယ်ရင်ဆိုင်နေရတာလေ ။ ကျွန်တော်ကတော့ မိဘတွေကို တားထားပေးရတယ်။ မိဘတွေခိုင်းတဲ့အတိုင်း ကျွန်တော်တို့ မလုပ်နိုင်ဘူး ။ လုပ်စရာလည်းမလိုဘူး ကျွန်တော်တို့က ဆရာဆိုတာ ကလေးအပေါ်မှာပဲ ကြည့်ရမှာ၊ ကလေးတွေရဲ့ ပညာရေး၊ မိဘတွေကလည်း တစ်ဖက်က၊ ဒါပေမဲ့ ကိုယ်ကလည်း Professional ဖြစ်ရမယ် တတ်အောင်လုပ်ရမယ်။ အဲ့ဒီတော့ ကျွန်တော်တို့က ဆရာတွေကို ထိုက်သင့်တဲ့ သူ့နေရာနဲ့သူ သူ့နေရာပြန်ရောက်အောင် ကျွန်တော်တို့က ပို့ရမယ်။ ဆရာတွေကလည်း ထိုက်တန်ပါတယ်။ ကမ္ဘာ့အနာဂတ်က သူတို့လက်ထဲမှာရှိတယ်။ အဲ့ဒီတော့ သူတို့ကို ကိုယ်ကတန်ဖိုး ထားရင် သူတို့ စာဖတ်တဲ့သူတွေ သူတို့ဘာသာ သူတို့ဖြစ်လာမှာ  စာအုပ်တွေရှိမယ်နော် ရှိရင် ဖြစ်မှာ။ တကယ်တော့ အထင်မသေးထိုက်ဘူး။ သူတို့မှာ ဒီ့ထက်ထိုက်တန်ပါတယ်။

ဟုတ်ကဲ့ပါ။ အခုလိုမေးခွန်းတွေအများကြီးဖြေပေးခဲ့လို့ ဆရာ ကိုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျနော်တို့ ဒီအစီအစဉ်လေးကတော့ အနာဂတ်ပညာရေးအတွက် တစ်စုံတစ်ရာ အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။    ။

အနာဂတ် မြန်မာ့ပညာရေး ဘယ်လိုဖြစ်သင့်သလဲအပိုင်း (၁) ကိုပြန်လည်ကြည့်ရှုရန်  http://www.mizzimaburmese.com/article/56342

အနာဂတ် မြန်မာ့ပညာရေး ဘယ်လိုဖြစ်သင့်သလဲအပိုင်း ( ၂ ) ကိုပြန်လည်ကြည့်ရှုရန် - http://www.mizzimaburmese.com/article/56572

Mizzima Weekly