လေထုညစ်ညမ်းမှုကြောင့် မက္ကဆီကိုစီးတီးမှာ အရေးပေါ်အခြေအနေ ကြေညာထားရ

လေထုညစ်ညမ်းမှုကြောင့် မက္ကဆီကိုစီးတီးမှာ အရေးပေါ်အခြေအနေ ကြေညာထားရ

မေ ၁၅ ။             ။ မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးမှာ ယခုအခါ လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းကြောင့် မေလ ၁၄ ရက်မှာ အာဏာပိုင်တို့က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ် အခြေအနေတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ရသည်။

အနီးအနားက တောမီးလောင်ကျွမ်းမှုကနေ ထွက်ပေါ်လာနေသည့် မီးခိုးများက မြို့တွင်း လေထုအရည်အသွေးကို ပိုမို ဆိုးဝါးစေလျက်ရှိကာ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် လယ်ဗယ်အဆင့်များသို့ ရောက်ရှိထားစေခဲ့သည်။

လက်ရှိ မြို့တွင်း လေထုအရည်အသွေး ဆိုးဝါးနေ၍ မြို့နေပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် နေအိမ်တွင်းမှာသာ နေထိုင်ကြရန် သက်ဆိုင်ရာ အာဏာပိုင်တို့က အကြံပြုထားသည်။ အထူးသဖြင့် နို့စို့ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်သူများအတွက် အထူးဂရုစိုက်ရန် သတိပေးထားသည်။

မက္ကဆီကိုစီးတီးမှာ လူဦးရေ ၉ သန်း နီးပါးထိ နေထိုင်လျက် ရှိပြီး ကမ္ဘာလူဦးရေ အထူထပ်ဆုံး မြို့ကြီးတစ်ခုလည်း ဖြစ်သည်။

မြို့တွင်း၌ ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်သည့် PM 2.5 အမှုန်အမွှား လေထုထဲ ပါဝင်မှုမှာ တစ်ကုဗမီတာလျှင် ၁၅၈ မိုက်ခရိုဂရမ်ထိ ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly