ကသည်း ၊အာသံ လက်နက်ကိုင် ၂၄ဦးအား ထောင်ဒဏ် ၂ နှစ်ချမှတ်

ကသည်း ၊အာသံ လက်နက်ကိုင် ၂၄ဦးအား ထောင်ဒဏ် ၂ နှစ်ချမှတ်

တပ်မတော်မှ ဖမ်းဆီးခဲ့သည့် ကသည်း၊အာသံ လက်နက်ကိုင် ၂၄ဦးအား မေလ ၁၅ ရက်နေ့၌ စစ်ကိုင်းတိုင်း ဒေသကြီး ၊ခန္တီးမြို့တရားရုံးမှ ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ ၂၄ဦးကို မတရားအသင်းဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခဲ့ပြီး ရုံးချိန်း ၆ ကြိမ်မြောက်တွင် ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းလက်နက်ကိုင် ၂၄ ဦးကို တပ်မတော်က နာဂဒေသအတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြဋ္ဌာန်းထားသည့် ဥပဒေအရ အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းများသည် ခွင့်ပြုမထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ပြီး နာဂဒေသအတွင်း နေထိုင်ခြင်းကြောင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းမေလ ၁၅ရက်တွင် ပြုလုပ်သော တရားရုံး၏ ကြားနာမှုအရ သိရသည်။

ထောင်ဒဏ်ချခံမှုနှင့် ပတ်သက်၍ ကသည်းလက်ကိုင်များကို မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

အဆိုပါ လက်နက်ကိုင်များကို  ဧပြီလနှင့် မေလအတွင်းက ဖမ်းဆီခဲ့ခြင်း ဖြစ်ပြီး ULLF.KYKL.PLA. PrePak Pro စသည့် အာသံပြည်နယ် လက်နက်ကိုင်အဖွဲ့အစည်းများမှ ဖြစ်ကြောင်း သိရသည်။

ကသည်းလက်နက်ကိုင် ၂၄ ဦးနှင့် NSCNK နာဂလက်နက်ကိုင်အဖွဲ့အစည်းမှ ခေါင်းဆောင် ၅ ဦးတို့ကို မတ်လ ၂၆ ရက်နေ့တွင် တပ်မတော်မှ ဖမ်းဆီးခဲ့ပြီး မတရားအသင်း ပုဒ် ၁၇/၁ ဖြင့် ခန္တီးမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly