၉ နှစ်အရွယ် မိန်းကလေးအား မိခင်၏ နောက်အိမ်ထောင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွား

၉ နှစ်အရွယ် မိန်းကလေးအား မိခင်၏ နောက်အိမ်ထောင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွား

စစ်ကိုင်း၊ မေ ၁၅ ။        ။ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် အသက် ၉ နှစ်အရွယ်မိန်းကလေးအား မိခင်၏ နောက်အိမ်ထောင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်ဟု မင်းကင်းမြို့မှ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သင်္ကြန်မတိုင်မီကာလ၌ စတင်ဖြစ်ပွားခဲ့ပြီး မိခင်ဖြစ်သူမှာ တစ်ဖက်ရွာသို့ စျေးသွားရောင်းနေစဉ် မိခင်၏ နောက်အိမ်ထောင်ဖြစ်သူ  နိုင်လင်း (ခ) မောင်ဆန်းက မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် မိခင်ဖြစ်သူ နေအိမ်တွင် မရှိသည့်အချိန်များတွင် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး မိခင်နှင့်တခြားသူများအား ပြန်ပြောမည်ဆိုပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိန်းကလေးငယ်က အဒေါ်ဖြစ်သူအား ပြောပြခဲ့ပြီး မိခင်ဖြစ်သူက ၄င်းညီမများထံမှ သိရှိရပြီးနောက် သမီးဖြစ်သူအား မေးမြန်းကာ မေ ၁၄ ရက်နေ့က အမှုဖွင့်တိုင်တန်းခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အသက်မပြည့်သေးသည့် ၉ နှစ်အရွယ် မိန်းကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည် ဆိုသည့် နိုင်လင်း(ခ) မောင်ဆန်းဆိုသူအား မင်းကင်းမြို့မရဲစခန်းတွင်(ပ)၁၄၅/၂၀၁၉ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly