မြန်မာ့လေသူရဲကောင်း ကပ္ပတိန် မြတ်မိုးအောင်နှင့် တွေ့ဆုံခြင်း

မြန်မာ့လေသူရဲကောင်း ကပ္ပတိန် မြတ်မိုးအောင်နှင့် တွေ့ဆုံခြင်း
ဓာတ်ပုံ-သူရ၊ မဇ္ဈိမ

မကြာသေးမီက မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA) လေယာဉ်ခရီးစဉ်အမှတ် UB103 ဆင်းသက်ရာ၌ ရှေ့ဘီးချမရ၍ လေယာဉ်ရှေ့ ဦးပိုင်းစိုက် အနေအထားဖြင့် ဆင်းသက်ခဲ့ရာတွင် လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ လေယာဉ်မှူး ကပ္ပတိန် မြတ်မိုးအောင် နဲ့ တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

မေး ။   ။ ဒီလေယာဉ်ဆင်းတဲ့ အခါမှာ ဘယ်လို ဆုံးဖြတ်ခဲ့တယ် ဆိုတာ ပြောပြပေးပါရှင်။

ဖြေ ။    ။ ဟုတ်ကဲ့ဗျ ။ ပထမ Schedule တွေ အရင်ပြောမယ်ပေါ့နော် ။ ရန်ကုန် -မန္တလေးသွားတယ် ၊ ပုံမှန်အတိုင်းပဲ ကျွန်တော်တို့ ချဉ်းကပ်ခဲ့တယ်ပေါ့နော်။ ပြေးလမ်းကြောင်းကို ကျွန်တော်တို့ ချဉ်းကပ်တယ် ။ အဲ့ဒီ့အချိန်မှာ ကျွန်တော်တို့ ပုံမှန်အတိုင်းပဲ ကျွန်တော်တို့ လုပ်ငန်းစဉ်အတိုင်းပဲ ဆင်းမယ် ။ အဲ့ဒီ့အချိန်မှာ Manager Labor Disagree ဆိုတဲ့ သတိပေးချက် ပေါ်ပါတယ် ။ ပေါ်တဲ့အချိန်မှာ ထိန်းချုပ်မှုကို အကုန်ယူတယ်၊ ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ အရေးပေါ်လုပ်ငန်းစဉ်အတိုင်း ကျွန်တော်တို့ ဆောင်ရွက်ပါတယ် ။ ဆောင်ရွက်ပြီးတော့ ကျွန်တော်တို့ ဆက်ပြီးတော့ သေချာစေချင်တယ်၊ သေချာဖြစ်စေချင်တော့ ကျွန်တော်တို့ဒီ ATC ကို သတင်းပေးပို့တာ လုပ်တယ်။ ပြီးတော့ ကျွန်တော် ၂၀၀၀ ကနေမှ ၁ဝဝ၀။  ပေ ၁၀၀၀ ကို ကျွန်တော်ဆင်းတယ်။ ဆင်းပြီးတော့ ကျွန်တော်တို့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ကျွန်တော်တို့ Fly Pass လုပ်မယ်၊ ကျွန်တော့်ရဲ့ လေယာဉ်ရဲ့ Land-gear ရဲ့ အနေအထား၊ အခြေအနေကို ကျွန်တော့်ကိုပြောပြပါ ဆိုပြီးတော့ ကျွန်တော် တောင်းဆိုခဲ့ပါတယ်။

သူတို့ကလည်း ဒီဟာ Landing-gear( လေယာဉ်ဘီးအုံ)နှစ်လုံး ကျတယ် ကပ္ပတိန်၊ ဘီးခုံးလေးပဲကျတယ် ဆိုပြီးဖြေတယ်။ ထပ်ပြီးတော့ ကျွန်တော်တို့ ထပ်ပြီးတော့ ကြိုးစားတယ်၊ နောက်ထပ် ကျွန်တော်တို့ ထပ်ပြီးတော့ Fly Pass လုပ်ပါတယ်။ Fly Pass လုပ်ပြီးတော့ ထပ်ပြီးမေးတဲ့ အချိန်မှာ စောစောကအတိုင်းပဲ အဖြေကတော့ အတူတူပါပဲ ၊ ကျွန်တော်တို့ ဆုံးဖြတ်ချက်က  နောက်ပိတ်ဆုံးတော့ ကျွန်တော်တို့ Landing-gear မပါဘဲ ဆင်းမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ကို ချလိုက်ပါတယ်။

အဲ့ဒီအချိန်မှာ ကြည့်တဲ့အချိန်မှာ ရန်ကုန်ကအတက်မှာ ဆီက အားလုံးပေါင်း ၁၂၀၀၀ ကျွန်တော်တို့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် မန္တလေးကို ကျွန်တော်တို့ ဆင်းမယ်ဆိုရင် ဆီက ကျွန်တော်တို့ အနည်းဆုံး ၅၀၀၀ လောက်တော့ ကုန်ပါတယ်။ အဲ့အချိန်မှာ ကျွန်တော် ပတ်တာနဲ့ပဲ လက်ကျန်ဆီ ၆၀၀၀ ကျန်တယ် ။ ကျွန်တော်ဆုံးဖြတ်ထားတာ ဆီကို ကျွန်တော်တို့ Burn-out( လောင်စာကုန်အောင်) လုပ်မယ်။ လုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း အလေးချိန်များများနဲ့ ကျွန်တော်တို့ ဆင်းမယ်ဆိုရင် သက်ရောက်မှုက များများထိမယ်၊ အလေးချိန်နည်းနည်း နဲ့ ဆင်းရင် သက်ရောက်မှု နည်းမယ်။ အဲ့ဒီတော့ ကျွန်တော် မိနစ် ၂၀ လောက် ကျွန်တော် Hold လုပ်ပါတယ်။

ပြီးသွားတဲ့ အချိန်မှာလည်း  ပေါင် ၃၀၀၀ ပဲ ကျန်ပါတယ်။  ဒီဖြစ်စဉ်ကို ပြန်ပြီးတော့ ကြည့်ရင် ကျွန်တော်တို့ ဒုလေယာဉ်မှူးရော တွဲဖက် လေယာဉ်မှူးရော နောက် Cabin Crew အားလုံးနဲ့ ကျွန်တော် အချိန်နဲ့ တပြေးညီ  ညှိနှိုင်းဆောင်ရွက်မှု လုပ်ခဲ့တယ် ။ ဒီလိုဖြစ်သွားပြီးတော့ ကျွန်တော်တို့ Cabin Crew ကို အရင်ဦးဆုံး သတင်းပို့ပါတယ်။ ခရီးသည်ကို အရင်ဦးဆုံးဦးစားပေး လုပ်ထားပါ။ ကျွန်တော့မှာ လုပ်စရာတွေက ကျန်နေပါသေးတယ်။ အဲ့ဒါနဲ့ အချိန်ရတုန်း မြန်မာလိုရော  အင်္ဂလိပ်လိုရော ကျွန်တော်တို့လေယာဉ် အခြေအနေတွေ၊ ပြီးတော့ ဒီ Cabin Crew ရဲ့ လုပ်ရမဲ့တာဝန်အတိုင်းသာ ဆောင်ရွက်ပါရန် ဆိုပြီး ကျွန်တော် တောင်းဆိုပါတယ်။

ခရီးသည်များကလည်း တကယ့်တကယ် ဖြစ်သွားတဲ့အချိန်မှာပ အကုန်လုံးဟာ ဒီလို ဆောင်ရွက်တာကြောင့် ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ အဲ့ဒီတော့ ဆင်းပြီးသွားတဲ့ နောက်ပိုင်းမှာလဲ ကျွန်တော်တို့ လုပ်ဆောင်စရာရှိတဲ့ ဟာတွေ အကုန်လုံးကို လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်တယ်။ ဥပမာ အင်ဂျင်ကတော့ လောလောဆယ် မထိခိုက်ပါဘူး။ နည်းနည်း ပွန်းပဲ့တာပဲ ရှိတယ်။ မီးသတ်ဆေးဘူးကို ကျွန်တော်တို့ ဖောက်တယ်။ ဒါမျိုးတွေ ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ နောက်ပိတ်ဆုံးတော့လည်း ကျွန်တော်တို့ အဲ့ဒီလိုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မေး။    ။ ဒီလေယာဉ် Landing လုပ်တဲ့ အချိန်မှာ ခရီးသည်တွေကို ပြောပြရတော့မဲ့အချိန်မှာ ဆရာ့အနေနဲ့ ဘယ်လိုခံစားမိလဲ။

ဖြေ။     ။ ကောင်းပါတယ်။ ဒီမေးခွန်းကတော့ ။ ဖြစ်တဲ့ ဆိုးကျိုးကတော့ အကျိုးသက်ရောက်မှုကတော့ အနည်းအများ တော့ ရှိတာပဲ။ ကျွန်တော် Risk(စွန့်စားမှု)ကတော့ ဆုံးဖြတ်ထားတယ်။ နောက်တစ်ခုကတော့ ကျွန်တော် အင်ဂျင်ပေါ့၊ အဓိကတော့ ခရီးသည်တွေ Safety ဖြစ်ဖို့အရေးကြီးတယ် ။ကျွန်တော့ရဲ့ Landing( လေယာဉ်ဆင်းသက်မှု) က Test down က အများကြီးလည်း စောင်းလို့မရဘူး၊ အများကြီးလည်း ဖြစ်လို့မရဘူး။ Test Down ငြင်သာရမယ်၊ နောက်ပြီးတော့ ကျွန်တော် First Officer ကိုလည်း ပြောထားတယ်။ ကျွန်တော်တို့ ဆွဲထားမယ်၊ နောက်ဆုံး မနိုင်မှသာ ကျွန်တော်တို့ ချမယ်။ ကျွန်တော် ဒါမျိုး သေချာ ညွှန်ကြားခဲ့ပါတယ်။ ဖြစ်စဉ်ကလည်း အရင်တုန်းကလည်း ကျွန်တော့်မှာ ဒီလို အရေးပေါ် ဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ရှိပေမယ့်လည်း ဒီဖြစ်စဉ်က မတူညီတဲ့ဟာပေါ့နော်။ မတူညီတဲ့ဟာလည်း ဖြစ်တယ်။ ပြီးတော့ အကြိမ် ၁၀၀၀၀ မှာ Landing-gear(လေယာဉ်ဘီးအုံ)မကျဘူးဆိုတာကလည်း၊ တော်တော်လေး အကြိမ် ၁၀၀၀၀ မှာ ၁ ခါလောက် ဖြစ်လည်း ဖြစ်ခဲတယ်ပေါ့နော်။ အခုတော့ ဒီဖြစ်စဉ် ဖြစ်ခဲ့ပြီပေါ့ ။ ဒါပေမယ့် မဆင်းလို့ကလည်း ကျွန်တော်တို့ မရဘူး။ ဆင်းလည်းဆင်းရမယ်၊ ပြဿနာကခရီးသည်တွေရဲ့ စိတ်က ပထမ၊ နောက်တစ်ခုက ထိခိုက်ပွန်းပဲ့တာ၊ ဒီပျက်စီးမူ ရှိတယ်ဆိုရင်တောင်မှ အနည်းဆုံးဖြစ်အောင် ဘယ် လိုလုပ်ရမလဲ ဆိုတာပဲရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် Come down လုပ်တယ်၊ ကျွန်တော် First Officer လိုတယ်။ လူငယ်တွေကိုလည်း Come Down လုပ်ဖို့ ကျွန်တော် မှာပါတယ်။
 
မေး။    ။အဲ့လိုမျိုး ဆင်းတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာပေါ့နော် ဆရာ့အနေနဲ့ စိန်ခေါ်မူတွေ ဘယ်လောက်တောင် ရှိမလဲ။

ဖြေ။     ။ စိန်ခေါ်မူကတော့ များတာပေါ့နော်။ ကျွန်တော်ကတော့ ၊ထိတဲ့အပိုင်းက ကျွန်တော်တို့ အပိုင်း ဖြစ်နေတာကို တကယ့်တကယ်လည်း ဖြစ်သွားပြီးတဲ့ အချိန်မှာလည်း အောက်က ဖရိန်နဲ့ ညှော်နံ့တွေ အကုန်လုံးက ကျွန်တော်တို့ အခန်းမှာ တော်တော်လေးပြည့်နှက်ပါတယ်။ ကျွန်တော်တို့ ပြီးသွားတဲ့ ရပ်သွားတဲ့ အချိန်မှာတောင်မှ ကိုယ့်ရဲ့Check list ကိုကြည့်ဖို့တောင် တော်တော်ကို ကျွန်တော်တို့ ကြည့်ယူရတယ်။ ကျွန်တော်တို့ ပြတင်းပေါက်ကို ဖွင့့်လိုက်တဲ့ အခါမှာ မီးခိုးလေး Disappear  ဖြစ်တဲ့ အချိန်မှာ တော်တော်လေး အဆင်ပြေတယ်။  နောက်တစ်ခုက Smoked အသက်ရှူ ကြပ်တာ ဒီမှာလည်း သင်ခန်းစာ တစ်ခုပေါ့နော်။ ဘာလို့ဆို ကျွန်တော်တို့ Survive ဖြစ်မှ သူတို့ Survive  ဖြစ်မှာလေ။ ဒါပေမယ့် Check list ထဲမှာတော့ မပါဘူး။ မပါတဲ့အတွက်ကြောင့် ကျွန်တော်တို့ မလုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

မေး။    ။  လေယာဉ်တွေ ရှေ့ဘီးချမရတဲ့ ပြဿနာတွေကလေ ဆရာ၊ ကမ္ဘာပေါ်မှာရော ဘယ်လိုမျိုးရှိလဲ။          

ဖြေ။     ။ ရှိခဲ့တယ်ပေါ့နော်။ ယူကျူ့မှာ ကြည့်ပေါ့နော်။ မြေပြင်ဆင်းသက်မှု ခက်ခဲတာတွေ ရှိခဲ့ပါတယ်။ စက်ပိုင်းဆိုင်ရာဆိုတော့လည်း ပြောရတာလည်း တစ်ခါတစ်ခါတော့လည်း ခက်သားဗျ။ ဒါပေမယ့် ဒီလေယာဉ်တွေကလည်းအကုန်လုံးက FA Approve လေ ။  နိုင်ငံတကာမှာ ပျံပြီးတော့ ဒီ MAI ဆိုတာ ကမ္ဘာပေါ်မှာ တတိယလောက်နာမည်ကြီးနေတဲ့ဟာပေါ့ ။သူရဲ့ စက်ပစ္စည်းတွေကလည်း နာမည်ကြီးပါတယ်။ သူတို့ရဲ့ ထုတ်လုပ်ရေးတွေကလည်း အသစ်ထုတ်ထားတာ။  နည်းပညာတွေကလည်း တော်တော်လေးကိုကောင်းပါတယ်။ False ဆိုတာမျိုးကတော့ အခုလည်း ကျွန်တော်တိ်ု့ ဖြစ်သွားပြီးတဲ့နောက်မှာ ပြန်ပြီးတော့ ကျွန်တော်တို့ လေယာဉ်ကိုပြန်ဆွဲတယ်၊ ကရိန်းနဲ့ မ တယ်၊ ကြည့်တယ်။ ကြည့်တဲ့အခါမှာ သူက အပေါ်မှာ လေယာဉ်ဘီးက ကန့်လန့်ကြီးဖြစ်နေတယ်ပေါ့နော်။ ဘာကြောင့်ဖြစ်လဲဆိုတာတော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးထွက်မှပဲ ကျွန်တော်တို့ သိပါလိမ့်မယ်။

မေး  ။   ။ ဆရာ ဒီလေယာဉ်လိုပဲပေါ့နော် ၊ ၂၀၁၇ လောက်ကလည်း ဆရာ စစ်တွေလေယာဉ်မှာလည်း အခုလို အရေးပေါ်ဆင်းခဲ့တယ်လို့ ကြားပါတယ် ၊ အဲ့ဒီအကြောင် ပြန်ပြောပြပေးပါလား။

ဖြေ ။    ။ ဟုတ်တယ် ။ အဲ့ဒါလည်း အဲ့ဒီတုန်းကပေါ့ ။ ည ၇ နာရီခွဲ ဆိုတော့ ၇ နာရီခွဲလောက် ကျွန်တော်တို့ တက်ကြတယ် ။ ကျွန်တော်တို့ အခုဖြစ်တဲ့ Landing-gear ရဲ့ရှေ့မှာ အီလက်ထရောနစ်အီဘေး ဆိုတာ ရှိပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ဒီ ၀ိုင်ယာဆီးလ် ရှိတယ်။ ၀ိုင်ယာဆီးလ်က အပေါ်က ဖိအားနဲ့ ဆိုတော့ သူက အပြင်ကိုနံတယ် ။နံတော့ သူကဘယ်လိုဖြစ်မလဲဆို Slow ပေါ့နော် ။ ဖရူးဆိုပြီးတော့ ကျွန်တော်တို့ ကာပစ်တာထဲကို လေတွေဝင်တယ်။ ကျွန်တော်တို့က ဝုန်းဒိုင်းနဲ့ ဖြစ်တဲ့ဟာမျိုး မဟုတ်ဘူး သူက။ ကျွန်တော်တို့ တစ်ခုရှိတယ်။ ဒီလိုတောင်ကျွန်တော်တို့ စကားပြောလို့ မရဘူး။ အဲ့ဒီ့အချိန်မှာတုန်းကလေ  ဖရူး ဖရူး ဆိုပြီးတော့ အကုန်လုံးက ဝင်တယ်။ ဒါပေမယ့် ကျွန်တော်က အနောက်ကိုဝင်မေးတယ် နင်တို့ ဆီမှာဘာဖြစ်လဲပေါ့ ။ သူတို့ကလည်းသမီးတို့ ဆီမှာတော့ ဘာမှမဖြစ်ဘူးပေါ့နော်၊ သမီးတို့ဆီမှာတော့ အေးဆေးပဲ ဆိုတော့ ။ ဖြစ်တာတော့ ကျွန်တော်က သိလိုက်ပြီ ။ ဒီအောက်ကပဲဆိုတာ အဲဒီအချိန်မှာ ကျွန်တော်တို့ ပေ ၁၉၀၀၀ ထင်တယ်။ ပေ ၁၉၀၀၀ မှာ ကျွန်တော်တို့ ရပ်တယ်၊ ရပ်ပြီးတော့ပဲ စစ်တွေ အနီးစပ်ဆုံးဖြစ်တာကြောင့် မိုင်၄၀ ပဲကွာတယ်။ အဲ့ဒီ့တုန်းကလည်း မိုင်၄၀ ပဲကွာတော့ စစ်တွေကိုပဲ ကျွန်တော်တို့ ပြန်ဆင်းခဲ့ခြင်းဖြစ်ပါတယ်။

မေး။    ။ ဟုတ်ကဲ့ပါဆရာ။ ဆရာ့ကိုလည်း ကြားမိတာပေါ့နော်၊ အရပ်ဖက်ကိုလည်း ပြောင်းလာတယ်  ။ အဲ့ဒီလိုလည်း ကြားမိတယ်ဆိုတော့ အဲ့ဒီအကြောင်းကိုလည်း ပြောပြပေးပါလား။

ဖြေ။     ။ ကျွန်တော်က ၁၉၉၂ မှာ အလုပ်သင်ပေါ့၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၂ ကိုကျွန်တော် တက်ပါတယ်။ ကျွန်တော်လေယာဉ်မောင်းသင်တန်း ကို ၁၉၉၄ မှာ အမှတ်စဉ် ၅၈ လေယာဉ်မောင်းသင်တန်းကို ကျွန်တော်တက်ပါတယ်။ အဲ့ဒီကမှတဆင့် ကျွန်တော် Fighter Pilot ဘဝကို ကျွန်တော်ဖြတ်သန်းပါတယ် ၊ ၂၀၀၆ ထိပါ။  ၂၀၀၆ ကနေပြီးတော့ ဒီအမျိုးသားလေကြောင်းမှာ တာဝန်ထမ်းဆောင်ပါတယ်။

မေး ။   ။ ဆရာက အဲ့ဒီလိုမျိုး အရပ်ဖက်ကို ပြောင်းလာတဲ့  အခါကျတော့  မောင်းရတဲ့လေယာဉ်ပုံစံတွေ မတူဘူးလေ။ ဒီတော့ ဆရာ့အနေနဲ့ အတွေ့အကြုံလေး ပြောပြပေးပါဦး။

ဖြေ။     ။ Fighter နဲ့ ဒီ မြို့ပြ( Civil) နဲ့ ကတော့ ကွာခြားမှု ဖြစ်တာပေါ့နော်။ Fighter ကပိုပြီး ကွာခြားမှု ဖြစ်တယ်။ ကျွန်တော်တို့မှာ ခုနကပြောတဲ့ လုပ်ဆောင်ရမဲ့ Check List ဆိုတာကျွန်တော်တို့မှာ အလွတ်ကို ကျက်ထားရတာ ။ ဒါကိုပဲ ကျွန်တော်တို့က တစ်ရေးနိုးပဲ ထမေးမေး၊ ကျွန်တော်တို့ ပါးစပ်ထဲမှာစွဲပြီးတော့ ဒီ Action များစွာ ကျွန်တော်တို့ လုပ်ရပါတယ်။ ကျွန်တော်တို့မောင်းတဲ့ A5 ဆိုတဲ့ စည်းမျဉ်းစည်းကမ်း ဖြစ်ပါတယ်။ အခုထက်ထိလည်း တပ်မတော်လေယာဉ်တွေမှာ အသုံးပြုနေပါတယ်။ အဲဒီတော့ ဒီဘက်ကို ပြောင်းတဲ့အချိန်မှာ ကျွန်တော်တို့ စိတ်တွေပါ တစ်ခါတည်း ပြောင်းရတယ်။ ဟိုဘက်ကလုပ်တဲ့ဟာအတိုင်း ကိုယ်ပဲလုပ်မယ် ၊ ကိုယ်ပဲမောင်းမယ် ၊ ကိုယ်ပဲ အတည်ပြုမယ်၊ ကိုယ်ပဲ ဆိုပြီး မရတော့ဘူး ။ ဒါမျိုးတွေပေါ့ ၊ ဥပမာ ကျွန်တော့်အနေနဲ့ ပြောရရင် ကျွန်တော်က Part of fly ဖြစ်တယ်၊ နောက်တစ်ယောက် မမောင်းဘူးဆို ကျွန်တော်က Part of monitoring လို့ ခေါ်တယ်။  အဲ့ဒီတော့ကျွန်တော်က မောင်းမယ်ဆိုလို့ရှိရင် Communication ကလုပ်ရတယ်။ Documentation တွေဖြည့်ရတယ်။ အဲ့တော့ တစ်ခုခု အဲ့လို ပုံမှန်မဟုတ်တာ ဖြစ်ပြီ ဆိုရင် Check List ကို ယူရတယ်။ အဲ့ဒီလိုမျိုး ၊ အဲ့ဒီတော့ ကျွန်တော်ကလည်း မောင်းလိုက် ၊ Communicate လုပ်လိုက် ၊ Check Listကို နင့်ကိုငါမယုံဘူးကွာ၊ ငါကဟိုဟာဖြစ်လို့ ဆိုပြီး မရဘူး။ အဲ့ဒီတော့ အဲ့ဘက်ကတော့ ကွားခြားမှု ဖြစ်တယ်။ ကျွန်တော်အနေနဲ့ကတော့  အကုန်လုံး ဟိုဘက်ဒီဘက်ကို ကျွန်တော် ပြောင်းလဲတယ်။ ဒီ မတိုင်ခင်မှာလည်း ကျွန်တော် ATM 72 ကို ၂၀၀၇ ခုနှစ်တုန်းက ကျွန်တော် သွားရောက်ပြီး တက်ပါတယ်။

မေး။    ။ လေယာဉ် Landing လုပ်ရတာ ခက်ခဲတဲ့ အချိန်မှာပေါ့နော်။ ဒီလို မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချနိုင်အောင်ပေါ့။ Training တွေက ဘယ်လောက်ထိ အထောက်အကူ ပြုခဲ့သလဲရှင့် ။

ဖြေ ။    ။ ဒါကတော့ ကျွန်တော့်ကို သင်ကြားပေးတဲ့ ကျွန်တော့သင်ဆရာတွေ၊ နောက်ပြီးတော့ သင်ဆရာ၊မြင်ဆရာ ၊ ကြားဆရာ အကုန်လုံးနဲ့ ၊ နောက်ပြီးတော့ ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ ပေါင်းပြီးတော့ ဒါကို ဒီဆုံးဖြတ်ချက်ကို ကျွန်တော် ချခဲ့ပါတယ် ။

မေး ။   ။ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါစီးနင်းတဲ့ လေယာဉ်ကိုလည်း မောင်းပေးခဲ့ဖူးတယ် ကြားပါတယ်။

ဖြေ ။    ။ ကျွန်တော် အကြိမ်ရေများစွာ မောင်းပေးခဲ့ပါတယ်။

မေး။    ။ ဟုတ်ကဲ့ ဆရာ့ အတွေ့အကြုံလေး တစ်ခုလောက် ပြောပြပေးပါဦး။

ဖြေ။     ။ဟုတ်ကဲ့ပါ ။ ကျွန်တော်တို့ကြတော့၊ဟို ကျွန်တော်တို့ နိုင်ငံတော် အကြီးအကဲပေါ့နော်။ နိုင်ငံတော်အကြီးအကဲ လည်း ဖြစ်တယ် ။ မောင်းနေတဲ့အချိန်မှာလည်း သက်တောင့်သက်သာ ဖြစ်ဖို့ ကျွန်တော်တို့  Safe ဖြစ်တယ် ။ သက်တောင့်သက်သာဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။ ပိုပြီးတော့လည်း ကျွန်တော်တို့ သတိထားရတယ် ။   တခြား Flight နဲ့ အမှန်တော့ အတူတူတော့ အတူတူပါပဲ ။ တခြား Flight တွေလည်း ကျွန်တော်တို့ သတိထားပါတယ်။ ဒါပေမယ့် ပိုပြီးတော့ ကျွန်တော်တို့ သတိထားပြီး ပျံသန်းမောင်းနှင်ပါတယ်။

မေး ။   ။ သိချင်တာတစ်ခုကပေါ့နော်။ လေယာဉ်နဲ့ပတ်သက်ပြီးတော့ လူတွေက စိုးရိမ်မူရှိကြတယ် ။ ဒီမြန်မာ့လေယာဉ်တွေ ကြံ့ခိုင်မူနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာများပြောချင်ပါသလဲ ဆရာ။

ဖြေ ။    ။   အခုဟာ  ဒီလေကြောင်းပို့ဆောင်ရေး ညွန်ကြားမူဦးစီးဌာနပေါ့နော်၊ ကျွန်တော်တို့ မြန်မာDC ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်နေတယ်။ ဆောင်ရွက်နေတာ ကျွန်တော်တို့ Pilot ဆိုလည်း Pilot Cabin Crew တို့ ထရိန်နင် အများကြီးပါပဲ ။ ကျွန်တော်တို့ အင်ဂျင်နီယာဆိုလည်း ဒီတိုင်းပဲ၊ လိုင်စင်တွေ ထုတ်ပေးတယ်။  စည်းမျဉ်း၊ စည်းကမ်းအတိုင်း အကုန်လုပ်တယ် ။ ကွာလတီလည်း ဒီအတိုင်းပဲ အကုန်လုံး လုပ်နေတယ်။ အဲ့ဒီတော့ ကျွန်တော်တို့မှာလည်း နေ့စဉ် Daily Expedition တွေ ရေးရတယ်။ monthly ရော ၊ Year  ရောပေါ့။ ကျွန်တော်တို့ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ပါတယ်။
Check ဆိုလည်း ၊ Check 30 တို့ အများကြီးပဲ ကျွန်တော်တို့ လုပ်ရတာပေါ့နော်။ လုပ်ပြီးမှ လေယာဉ်ကို ကျွန်တော်တို့ Expedition တွေ Daily ကို ကျွန်တော်တို့ လိုက်ပါဆောင်ရွက်ပါတယ် ။ စည်းမျဉ်း၊ စည်းကမ်းအတိုင်း ကျွန်တော်တို့ လိုက်ပါဆောင်ရွက်ပါတယ်။ ချမှတ်ထားတဲ့ မူဘောင်အပြင် ကျွန်တော်တို့ Edkင်ငံတကာရဲ့ စံချိန်စံညွှန်းနဲ့ညီအောင် ကျွန်တော်တို့ Pilot ဆိုလည်း Pilot ၊ Cabin crew ဆိုလည်း Cabin crew ၊ အများကြီးပါပဲ ။ ကျွန်တော်တို့ ဒီ Teamwork တွေအကုန်လုံးက ဒီလုပ်ငန်းအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။

မေး ။   ။ ဟုတ်ကဲ့ပါ ဆရာ။ ခရီးစဉ်အကြောင်းပြန်သွားလို့ ရှိရင်လေ၊ အဲ့ဒီ့မှာ ဆရာတို့ ကြေညာထားတာရှိတယ် ။ ဖုန်း မသုံးရလို့ ကြေညာထားတဲ့အချိန်မှာ တချို့ခရီးသည်တွေက ဖုန်း သုံးနေတာတွေ့တယ်။ အဲဒါ ဘယ်လိုအန္တရာယ် ဖြစ်နိုင်လဲ။

ဖြေ။     ။ဒါကတော့ ကျွန်တော် စောစောက ပြောသလိုပေါ့ ။ Cabin crew ရဲ့ ညွှန်ကြားမှုတွေကို လိုက်နာ ဆောင်ရွက်ပါဆိုတာလည်း ဒီအချက်အလက်တွေလည်း ပါတယ်ပေါ့နော် ။ ကျွန်တော်တို့မှာ ဒီအန္တရာယ် ဖြစ်စေနိုင်တဲ့ အတွက်ကြောင့် အများကြီးပါပဲ ။ လူတွေကတော့ ပိတ်ထားတယ်၊ ဟိုဟာဖြစ်နေပေမယ့်လည်း ရတယ်။ Procedure ထဲမှာပါဝင်နေတော့ သူတို့ပါ လိုက်ပါဆောင်ရွက်ပေးရင်တော့ ကောင်းတာပေါ့။ ပိုပြီးတော့ သင့်တော်ပါတယ်။

မေး။    ။ ဟုတ်ကဲ့ပါ။ ဆရာ့ မိသားစုအကြောင်းလေးလည်း နည်းနည်းလောက် မေးချင်လို့ပါ။

ဖြေ။     ။ စောစောကလည်း ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော့် အမျိုးသမီးက ဒေါ်ဖြူပပသော်ပါ၊ ကျွန်တော့်မှာ သမီးလေး တစ်ယောက် ရှိပါတယ် မဂျူးဂျူးမြတ်သော် ပါ။ သူကတော့ ၁၂ နှစ်ပေါ့နော်။ ကျွန်တော်တို့ မိသားစု အနေနဲ့လည်း ကျွန်တော်တို့ ဒီအတိုင်းဖြတ်သန်းတယ်။ ဒီ Life ကိုလည်း ကျွန်တော်တို့ ကြိုက်ပါတယ်။ ကျွန်တော်ကတော့ Pilot ဆိုတော့ အမြဲတမ်း အရမ်းကြိုက်တယ်။ မနေ့ကတစ်ယောက်ဆိုလည်း အစ်ကိုက ဆက်မောင်းမလားဆိုတော့ ကျွန်တော်က လေယာဉ်မောင်းရတာကိုလည်း အရမ်းသဘောကျတယ်။  လေယာဉ်မောင်းတာကို ကျွန်တော်က ၀ါသနာပါခဲ့လို့ လေထဲရောက်နေတာကိုလည်း ကျွန်တော်က အရမ်းကိုသဘောကျှတယ် ။ လေယာဉ်မမောင်းရမှာကိုပဲ ကျွန်တော်က စိုးရိမ်တာပါ။

မေး။    ။ ဖြစ်သွားတဲ့ ဖြစ်စဉ်မှာပေါ့နော် ပါဝင်လာတဲ့ ခရီးသည်တွေရော ၊ တခြားဆရာ့ကိုကျေးဇူးတင်နေကြတဲ့ လူတွေလည်း အများကြီးရှိတယ်လေ။  အဲ့ဒီ့လူတွေကိုရော ဘာပြောချင်လဲ ။

ဖြေ။     ။ကျေးဇူးတင်တယ်။ ကျွန်တော်တို့ ဖြစ်တဲ့ အချိန်ကနေ စပြီး ကျွန်တော်တို့ နံပါတ်  Air Traffic Control ၊ နောက် ကျွန်တော်တို့ အချိန်နဲ့ တစ်ပြေးညီ အင်ဖော်မေးရှင်း လုပ်တယ်။ သူ့မှာလည်းအများကြီးပဲ။ မန္တလေးကိုလာတဲ့ဟာကို Hold လုပ်ထားရတယ်။ ကျွန်တော်တို့ရဲ့ အခြေအနေကလည်း လူ ၁၀၀ ပါတယ်။ ကျွန်တော်တို့မှာလည်း ကုစားနေရတဲ့ အချိန်တွေလည်းရှိတယ်။ သူတို့ဆို အချိန်နဲ့ တစ်ပြေးညီ ကျွန်တော်တို့ကို လုပ်ပေးတယ်။ ဖြစ်ပြီးသွားတဲ့ အချိန်မှာလည်း unjust နော်၊ မန္တလေး မှာလုပ်ထားတဲ့ ဂျပန် mitsubishi ၊ သူတို့တွေလည်း အရမ်းကောင်းတယ်။ Fire Fighting ကလည်းအရမ်း အဆင်ပြေ၊ ကျွန်တော်တို့ အတွက် တော်တော်လေးကို ကျွန်တော်တို့ အားရပါတယ်။ အချိန်နဲ့တစ်ပြေးညီရောက်လာတဲ့ ကျွန်တော်တို့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် နဲ့ လူမူအဖွဲ့အစည်းတွေ အားလုံးကို ကျေဇူးတင်ပါတယ်။ နောက် FO နောက် Cabin crew တွေ ရှိတယ်။ နောက် ဒီကြားထဲမှာ unexpected (မမျှော်လင့်ဘဲ)ဖြစ်တာက ဘာလဲဆိုတော့ ကျွန်တော်တို့ လေယာဉ်မှာ လေကြောင်းရဲအရာရှိ ၂ယောက် ပါတယ်ပေါ့နော်၊ လေကြောင်းရဲအရာရှိ်က ဖြစ်ဖြစ်ချင်းမှာ အောက်ကို သူတို့ အရင်ဆင်းတယ်။ ဆင်းပြီးတော့မှ ကူညီပေးတယ်။  အကုန်လုံး ညွှန်ကြားမှုတွေ ပေးတယ်။ သူတို့ ကတော့ အတွေ့အကြုံရှိတာပေါ့၊ ဘယ်ကိုသွား၊ ဘယ်ကိုလာပေါ့။ သူတို့လည်း အခုမှ ဆင်းဖူးတယ်ဆိုပေမယ့်လည်း အရမ်းကျေးဇူးတင်ပါတယ်။ အခုလိုမျိုး ပြည်သူလူထုနဲ့ အသိပညာဗဟုသုတတွေ ရအောင်စီစဉ်ပေးတဲ့ MIZZIMA ကိုလည်းကျေးဇူးတင်ပါတယ်။

မေး။   ။ ဟုတ်ကဲ့၊ဟုတ်ကျေးဇူးပါရှင့်။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly