နိုင်ဂျီးရီးယားမှာ ဘိုကိုဟာရမ်တွေ ဝင်ရောက်စီးနင်းတာကြောင့် ရွာလုံးကျွတ် နေရပ်စွန့်ထွက်ပြေး

နိုင်ဂျီးရီးယားမှာ ဘိုကိုဟာရမ်တွေ ဝင်ရောက်စီးနင်းတာကြောင့် ရွာလုံးကျွတ် နေရပ်စွန့်ထွက်ပြေး

ကာနို၊ မေ ၁၅ ။             ။ နိုင်ဂျီးရီးယားနိုင်ငံမှ ဘိုကိုဟာရမ်အစွန်းရောက်တွေက မကြာသေးမီက စီးနင်းမှု ကျူးလွန်ထားတာကြောင့် တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာမယ် စိုးရိမ်ကြောက်ရွံ့ကြပြီး ထောင်ပေါင်းများစွာဟာ ရွာလုံးကျွတ် ထွက်ပြေးလာကြောင်း ဒေသခံတွေက ပြောပါတယ်။

ဘော်နိုပြည်နယ် မြို့တော် မိတ်ဒူဂူရီရဲ့ အပြင်ဖက် ငါးကီလိုမီတာအကွာက မိုလိုင်းရွာက ရွာသူရွာသား ထောင်ပေါင်းများစွာဟာ မြို့တော်တွင်းဆီ ထွက်ပြေးခိုလှုံလာကြတာပဲ ဖြစ််ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ဘိုကိုဟာရမ်တွေဟာ စီးနင်းတိုက်ခိုက်မှု ကျူးလွန်ပြီး လူခြောက်ဦးကို ပစ်သတ်ကာ အိမ်ခြေ ဒါဇင်များစွာကိုလည်း မီးရှိုှု့ဖျက်ဆီးပစ်ခဲ့ကြပါတယ်။

“မိတ်ဒူဂူရီမြို့ထဲကို အများစုက ထွက်ပြေးလာကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း အဲဒီ မြို့ထဲကို ထွက်ပြေးတဲ့ အုပ်စုဆီ သွားရောက်ပူးပေါင်းမှာ ဖြစ်တယ်။”လို့ ထွက်ပြေးလာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မိုလိုင်းရွာမှာ နေရတာ မလုံခြုံတော့ဘူး။ ဘိုကိုဟာရမ်တွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ကြောက်ရွံ့နေရတယ်။”လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

မိုလိုင်းရွာဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း လေးကြိမ်တိုင် တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။ ရွာသူရွာသား ကိုးထောင်ကျော်ထက်မနည်း ထွက်ပြေးလာကြတာဖြစ်ပြီး မြို့ထဲမှာ ယာယီတဲစခန်းတွေ ဆောက်ပြီး နေထိုင်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly