၂၀၁၈ခုနှစ်အတွင်း လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားစာ သုံးထောင်ကျော်အထိ ရှိခဲ့

15 May 2019
၂၀၁၈ခုနှစ်အတွင်း လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားစာ သုံးထောင်ကျော်အထိ ရှိခဲ့

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားစာ ၃၀၀၀ ကျော် တိုင်ကြားခဲ့တယ်လို့ ကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က မဇ္စျိမကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အသိပညာပြန့်ပွားရေးနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအပိုင်းကို အစိုးရဌာနတွေက ပူးပေါင်းပါဝင်မှ တိုးတက်ကောင်းမွန်နိုင်မယ်လို့လဲ ဆိုပါတယ်။

ဧပြီလ ၉ ရက်ကဖြစ်ပွားခဲ့တဲ့ ရွှေဘိုအကျဉ်းထောင်ဆူပူမှုမှာ အကျဉ်းသား ၄ ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး ကော်မရှင်ရဲ့သဘောထားကို မေးမြန်တဲ့အခါမှာတော့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ရိုက်ကူး - ဘုန်းနိုင်ဖြိုး၊မဇ္စျိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly