ထုံခါ- သဲဖြူ- မောတောင်လမ်း (နှစ်လမ်းသွား) ကတ္တရာလမ်း ဖွင့်လှစ်

15 May 2019
ထုံခါ- သဲဖြူ- မောတောင်လမ်း (နှစ်လမ်းသွား) ကတ္တရာလမ်း ဖွင့်လှစ်

မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်မှ တာဝန်ယူ ဖောက်လုပ်ထားသည့် ထုံခါ- သဲဖြူ- မောတောင်လမ်း (နှစ်လမ်းသွား) ကတ္တရာလမ်း ကို မေ ၁၂ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် သိန်ခွန်ကျေးရွာ အုပ်စု၊ ထုံခါ သဲဖြူကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ တနင်္သာရီ- မောတောင်လမ်းပိုင်းရှိ ထုံခါ- သဲဖြူ- မောတောင်လမ်း အရှည် ၄၈ မိုင်နှင့် ၂ ဖာလုံကို မြိတ်အများပိုင်မှ BOT စနစ်ဖြင့် ၆ နှစ်အချိန်ယူပြီး၊ ဖောက်လုပ်ခဲ့ကာ ကုန်ကျငွေ ကျပ် ၂၅ ဘီလီယံ ဖြစ်သည်။ ၎င်းလမ်းပိုင်း ပြီးစီးသွားပြီး ဖြစ်၍ မြိတ်မြို့မှ ထိုုင်းနိုုင်ငံ နယ်စပ်မြို့ မောတောင် ရောက်ရှိရန် အချိန် ၃ နာရီသာ ကြာမြင့်တော့ သိရသည်။ 

ရိုက်ကူး-ဒီမိုးသွေး(မြိတ်)
တည်းဖြတ် /တင်ဆက် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly