ဆုပန်ထွာရဲ့ သေလောက်အောင်ချစ်တယ် အမည်ရှိ တေးစီးရီး မိတ်ဆက်

15 May 2019
ဆုပန်ထွာရဲ့ သေလောက်အောင်ချစ်တယ် အမည်ရှိ တေးစီးရီး မိတ်ဆက်

သရုပ်ဆောင်နဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ဆုပန်ထွာရဲ့ သေလောက်အောင်ချစ်တယ် အမည်ရှိတဲ့ တေးစီးရီး စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို မေလ ၁၄ ရက်နေ့လယ် ၁ နာရီက ရန်ကုန်မြို့ Central Hotel မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ 

သေလောက်အောင်ချစ်တယ် ဆိုတဲ့ တေးစီးရီးမှာ တေးရေးတွေကတော့ ရွှေဂျော်ဂျော်၊ သုခမိန်လှိုင် ၊ဇဝါ ၊ အေးဘကျော် ၊ Rခိုင်၊ ညီမင်းခိုင် နဲ့ အလင်းသစ်တို့ကရေးပေးထားပြီး လေးဇီးကလပ်နဲ့ တီးခတ်ထားတာ ဖြစ်ပါတယ်။ တေးသံရှင် ဖိုးကာ ၊ ဆိုတေး၊ ညီမင်းခိုင်နဲ့ တင်ဇာမော်တို့က ပါဝင်အားဖြည့်ပေးထားပါတယ်။

အဆိုပါတေးစီးရီးDVDကို Bo Bo Music Entertainment ကနေ မေလ ၁၈ရက်နေ့မှာ ဖြန့်ချိမှာ ဖြစ်ပြီး မေလ ၁၅ ရက်နေ့မှာတော့ Happy World Amusement zone မှာ အဆိုတော် ဆုပန်ထွာနဲ့အတူ အနုပညာရှင်များက အမှတ်တရလက်မှတ် ရေးထိုးပြီး တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ 

ရိုက်ကူး-သက်ကို

တည်းဖြတ် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly