နျူထရီနိုဂုဏ်သတ္တိကို တွေ့ရှိသူနှစ်ဦး ရူပဗေဒနိုဘဲဆုရ

နျူထရီနိုဂုဏ်သတ္တိကို တွေ့ရှိသူနှစ်ဦး ရူပဗေဒနိုဘဲဆုရ

စတော့ဟုမ်း၊ အောက်တိုဘာ-၆။     ။ မတူညီသည့် ဂုဏ်သတ္တိများကြား နျူထရီနိုအမှုန်များ မည်သို့ပြောင်းလဲနေသည်ကို တွေ့ရှိမှုအတွက် ၂၀၁၅ခုနှစ်အတွက် ရူပဗေဒနိုဘဲဆုကို တာကာအာကီ ကာဂျီတာနှင့် အာသာ မက္ကဒေါ်နယ်တို့က ရရှိသွားခဲ့သည်။

နျူထရီနိုများမှာ နေရာတိုင်းတွင် တွေ့ရှိရသည့် အမှုန်များဖြစ်သော်လည်း ဒြပ်ထုမရှိသလောက်နီးပါးဖြစ်ပြီး အခြားအလားတူအမှုန်များနှင့် တုံ့လှယ်ဆက်ဆံမှု မရှိသလောက် နီးပါးဖြစ်သောကြောင့် လေ့လာရန်ခက်ခဲသည်။

သို့ရာတွင် ကာဂျီတာနှင့် မက္ကဒေါ်နယ်တို့နှစ်ဦးက ဂျပန်နှင့် ကနေဒါတွင် ဧရာမကိရိယာကြီးများကို အသုံးပြု၍ နျူထရီနိုများ၏ ဂုဏ်သတ္တိများနှင့် ပတ်သက်၍ အဓိကကျသော တိုင်းတာမှုများကို   ပြုလုပ်နိုင်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦး ဆုရရှိကြောင်းကို ဆွီဒင်နိုင်ငံတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကြေညာခဲ့ခြင်းပင်ဖြစ်သည်။

ဆုကို ဆုံးဖြတ်ရွေးချယ်ခဲ့သည့် တော်ဝင် ဆွီဒင်သိပ္ပံအကယ်ဒမီ၏ အတွင်းရေးမှူးချုုပ်ဖြစ်သော ဂိုရန် ဟန်ဆန်က ‘ဒီနှစ်ဆုဟာ စကြဝဠာထဲမှာ အကြွယ်ဝဆုံးတွေ့ရတဲ့ အရာတချို့ကြား ဝိသေသဂုဏ်ရည် ခြားနားပြောင်းလဲမှုတွေအကြောင်းပဲ ဖြစ်ပါတယ်’’ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required