သွေးသွင်းရတော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်တယ်နော်

သွေးသွင်းရတော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်တယ်နော်

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သွေး  အုပ်စု ၄ခုရှိတယ်။ သွေးတွေက သူ့သွေးအမျိုးအစားတိုင်း သွင်းမှရတယ်ဆိုတော့ လူတိုင်းလူတိုင်း ကိုယ့်သွေး အမျိုးအစားကို သေသေချာချာ တိတိကျကျ သိထားဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သွေး အမျိုးအစားနဲ့ ပက်သက်ပြီး လူတိုင်း မသိသေးတဲ့အချက်တွေကို ပြောပြပေးသွားမှာ ဖြစ်တာကြောင့် အားလုံး ဖတ်ကြည့်သင့်တယ်နော် ။ ။
သွေးအုပ်စု ကြီး ၄ ခုပဲရှိတယ်ဆိုတာ သေချာလို့လား။  ။

သွေး အမျိုးအစား ၄ မျိုးရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ A B AB O ဆိုတဲ့ လေးမျိုးပေါ့။ ဒီ ၄ မျိုးကိုမှ အပေါင်းသွေး အနှုတ်သွေးလေးပါ ထပ်ထည့်လိုက်ရင် စုစုပေါင်း ၈ မျိုးကွဲသွားပါတယ်။ ဒီတော့ သွေး အုပ်စု ၈ ခုလောက်ရှိတယ်လို့ ပြောရမှာပေါ့။ ကံကောင်းတာက လက်ထိပ်လေးတစ်ချက်ဖောက်လိုက်တာနဲ့တင် ကိုယ့်သွေး အမျိုးအစားကို လွယ်လွယ်ကူကူ အချိန်တိုတွင်း သိနိုင်တယ်ဆိုတာပါပဲ။
ဘာ့ကြောင့် ကိုယ့်သွေး အမျိုးအစားကို သိထားဖို့လိုအပ်တာလဲ ။ ။

ကိုယ်ဘာသွေးလဲဆိုတာကို သိထားတဲ့အခါကျတော့ သွေးအမျိုးအစားအလိုက် ဖြစ်တတ်တဲ့ရောဂါတွေကို ကြိုသိနိုင်မယ်၊ ခွဲစိတ်မှုပြုလုပ်လို့ သွေးတွေလိုခဲ့ရင်လည်း ကြိုရှာထားလို့ရမယ်၊ သွေးမတူတာသွင်းမိတာမျိုးတွေလည်း မဖြစ်တော့ဘူး၊နောက်ပြီး ကိုယ်နဲ့ သွေးအမျိုးအစားချင်းတူတဲ့သူဆီကို သွေးလှူလို့လည်းရတော့ ဘယ်လောက် အကျိုးများလဲ။ ဒါ့ကြောင့် လက်ထိပ်လေး တစ်ချက်လောက်နာမှာကို တွေးကြောက်ပြီး ကိုယ်ဘာသွေးလဲဆိုတာကို မစစ်ဘဲမနေပါနဲ့။
သွေး အုပ်စုတွေ အားလုံးတူတဲ့အချက်ကဘာလဲ ။ ။

ဘယ်လို သွေး အမျိုးအစားပဲ ဖြစ်ဖြစ် အားလုံးတူတဲ့အချက်ကတော့ သူတို့မှာ အောက်ဆီဂျင်တွေ သယ်ပေးတဲ့ သွေးနီဥ၊ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥ၊ ထိခိုက်ဒဏ်ရာရရရင် သွေးတိတ်အောင်လုပ်ပေးတဲ့ platelets နဲ့ သွေးဆဲလ်အားလုံး၊ ပရိုတင်းတွေနဲ့ ဓာတ်ဆားတွေကို သယ်ထားပေးတဲ့ သွေးရည်ကြည့်ဆိုတဲ့ ၄ ခုလုံးပါဝင်နေတဲ့အချက်ပါ။
ဘာ့ကြောင့် သွေး အမျိုးအစားတူတာတွေကိုပဲ သွင်းလို့ရတာလဲ။ ။

သွေးအုပ်စု ၈ မျိုးမှာ သူတို့ကိုယ်ပိုင် antigens နဲ့ antibodies တွေရှိကြပါတယ်။ ဒီ antigens နဲ့ antibodies တွေကပဲ သွေးတစ်ခုနဲ့တစ်ခု ဓာတ်မတည့်တဲ့ ပြဿနာတွေကို ဖြစ်စေတာပါ။ မြင်လွယ်အောင် ပြောရရင် A သွေးကို B သွေးပိုင်ရှင်ကိုယ်ထဲ ထည့်လို့မရတာ သူတို့ကြောင့်ပါ ။ ။ အဓိက ပြောရရင် သွေးတွေမှာပါဝင်တဲ့ ပစ္စည်းတွေအားလုံးနီးပါးတူပေမယ့် ဒီ antigens တွေကြောင့် အုပ်စုကွဲသွားပြီး ကိုက်ညီတဲ့ အမျိုးအစား အချင်းချင်းပဲ သွင်းလို့ရတာ ဖြစ်ပါတယ်။
Antigens တွေက ဘယ်လိုကွဲသွားတာလဲ ။ ။

သွေးအမျိုးအစားအလိုက် ကွဲသွားတဲ့ antigens နဲ့ antibodies တွေကတော့

    A သွေး – A သွေး မှာ A antigens ရှိပြီး B antibodies ပါပါတယ်။ Aသွေး အချင်းချင်းဆို တည့်ပြီး ပါဝင်တဲ့  B antibodies  ကြောင့် B antigens ပါတဲ့ သွေး အမျိုးအစားတွေနဲ့တော့ မတည့်ပါဘူး။
    B သွေး – B သွေး မှာ B antigens ရှိပြီး A antibodies ပါပါတယ်။  B သွေး အချင်းချင်းဆို တည့်ပြီး ပါဝင်တဲ့  A antibodies  ကြောင့် A antigens ပါတဲ့ သွေး အမျိုးအစားတွေနဲ့တော့ မတည့်ပါဘူး။
    AB သွေး – AB သွေးမှာတော့ A antigens နဲ့ B antigens နှစ်မျိုးလုံးရှိပြီး antibodies မရှိပါဘူး။ AB သွေးပိုင်ရှင်တွေက antigens ၂ မျိုးတောင်ရှိတာဆိုတော့ သူူ့သွေးကို သူများထဲ ထည့်ပေးရင် ဓာတ်မတည့်မှုတွေ ဖြစ်နိုင်ပါတယ်။ဒါပေမယ့် antibodies မရှိတဲ့အတွက် သူ့ဆီကိုတော့ ကြိုက်တဲ့သွေး ထည့်လို့ရပါတယ်။ ဒါ့ကြောင့် သူ့ကို universal receiver လက်ခံသူသွေးလို့ ခေါ်ကြပါတယ်။
    O သွေး – O သွေးကတော့ AB သွေးရဲ့ ဆန့်ကျင်ဘက်ပါ။ O သွေးမှာ A antigens ရော B antigens မရှိတဲ့အတွက် ကြိုက်တဲ့သူတွေဆီကို သွေးပေးလို့ရပါတယ်။ ဒါပေမယ့် သူ့ဆီမှာ A antibodies ရော B antibodies ရော ၂ မျိုးလုံးရှိတဲ့အတွက်  သူ့ထဲကိုတော့ O သွေး အချင်းချင်းပဲ ထည့်လို့ရပါတယ်။ ဒါ့ကြောင့် သူ့ကို universal donar အလှူရှင်သွေးလို့ ခေါ်ကြတာပါ။

ဒီ သွေးတွေထဲက antigens တွေ antibodies တွေကို ရှာဖွေတွေ့ရှိခဲ့တဲ့သူကတော့ သြစတီးယားနိုင်ငံသားဆရာဝန် Karl Landsteiner ဆိုသူဖြစ်ပြီး ၁၉၃၀ ခုနှစ်မှာ ဆေးပညာရှေ့ဆောင်လမ်းပြ နိုဘယ်လ်ဆုကို ဒီသွေး အမျိုးအစားကြောင့်ပဲ ရရှိခဲ့ပါတယ်။
အပေါင်းသွေးအနှုတ်သွေးကရော ဘာလဲ ။  ။

အပေါင်းသွေး အနှုတ်သွေးဆိုတာ Rh + နဲ့ Rh – ကိုပြောချင်တာပါ။ Rh ဆိုတာ သွေးရည်ကြည်ထဲမှာရှိနေတဲ့ ပရိုတင်း တစ်မျိုးပါ။ + နဲ့ – ကွဲနေတယ်ဆိုတည်းက သူတို့ နှစ်ခုဟာ အရောမခံဘူးဆိုတာ အားလုံးသိကြမှာပါ။ အပေါင်းသွေးဆိုရင်တော့ ပြဿနာမရှိပေမယ့် အနှုတ်သွေးပိုင်ရှင်တွေ အတွက်ကတော့ သွေးသွင်းချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာ သတိကြီးကြီးထားရမှာပါ။

    ဘာ့ကြောင့်လဲဆိုတော့ အနှုတ်သွေးထဲ အပေါင်းသွေး သွင်းမိလိုက်ရင် ပထမတစ်ကြိမ်ဆို antibodies ထွက်လာတာလောက်ပဲရှိပြီး ပြဿနာမရှိပေမယ့် ဒုတိယတစ်ကြိမ် ထပ်မှားခဲ့မယ်ဆိုရင် antigens နဲ့ antibodies တွေ တိုက်ကြပြီး အသက်ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်တာကြောင့်ပါ။
    ကိုယ်ဝန်ဆောင်တွေဆိုရင်လည်း မိခင်က အနှုတ်သွေး ပထမကိုယ်ဝန် ကလေးက အပေါင်းသွေးဖြစ်ခဲ့မယ်ဆိုရင် အဲဒီ အပေါင်ေးသွးကိုတိုက်တဲ့ antibodies တွေ မိခင်ကိုယ်ထဲ ထွက်နေပါလိမ့်မယ် ။ဒါပေမယ့် သူတို့က ပထမကလေးကို မတိုက်သေးပါဘူး။ ကံဆိုးတာက ဒုတိယကိုယ်ဝန်ပါ။ ဒုတိယ ကိုယ်ဝန် ကလေးရဲ့ သွေးက အပေါင်းသွေးထပ်ဖြစ်ခဲ့ဦးမယ်ဆိုရင်တော့ မိခင်ရဲ့ သွေးနဲ့ ကလေးသွေး တိုက်ကြပြီး ကလေးပျက်ကျတာမျိုးတွေ ဖြစ်နို်င်ပါတယ်။

သွေးအမျိုးအစားအလိုက် လှူနိုင် ၊ လက်ခံနိုင်တဲ့ သွေးများ ။ ။
သွေးအမျိုးအစား     လှူနိုင်သောသွေး     လက်ခံနိုင်သောသွေး
A + သွေး     A+ ( ဒါမှမဟုတ် )  AB + ဆီကို သွေးလှူလို့ရပါတယ်။     A+ A-, O+ နဲ့ O- ဆီကသွေးတွေ လက်ခံလို့ရပါတယ်။
A-    သွေး     A+, A-, AB+,နဲ့ AB-.

ဆီကို သွေးလှူလို့ရပါတယ်။
    A-    နဲ့ O-

ဆီကသွေးတွေ လက်ခံလို့ရပါတယ်။
B+ သွေး     B+ နဲ့  AB+

ဆီကို သွေးလှူလို့ရပါတယ်။
    B+, B-, O+, နဲ့ O-

ဆီကသွေးတွေ လက်ခံလို့ရပါတယ်။
B-    သွေး     B+, B-, AB+, နဲ့ AB-

ဆီကို သွေးလှူလို့ရပါတယ်။

 
    B- နဲ့ O-

ဆီကသွေးတွေ လက်ခံလို့ရပါတယ်။

 
AB+ သွေး     AB+ ဆီကို သွေးလှူလို့ရပါတယ်။

 
    ကျန်တဲ့ သွေးတွေဆီက အကုန် လက်ခံလို့ရပါတယ်။

 
AB- သွေး     AB+ နဲ့  AB-.

ဆီကို သွေးလှူလို့ရပါတယ်။
    AB-, A-, B-, နဲ့ O-

ဆီကသွေးတွေ လက်ခံလို့ရပါတယ်။

 
O+ သွေး     O+, A+, B+, နဲ့AB+.

ဆီကို သွေးလှူလို့ရပါတယ်။
    O+ နဲ့ O-.

ဆီကသွေးတွေ လက်ခံလို့ရပါတယ်။

 
O- သွေး     ကြိုက်တဲ့ဆီကို သွေးလှူနိုင်ပါတယ်။     O- သွေးတစ်မျိုးတည်းကိုပဲ လက်ခံလို့ရပါတယ်။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required