သေဖို့သေချာနေသည့် ကျန်းမာရေးဆိုးရွားနေသူများအတွက် သေဆုံးခွင့်ဥပဒေ ကယ်လီဖိုးနီးယားပြဌာန်း

သေဖို့သေချာနေသည့် ကျန်းမာရေးဆိုးရွားနေသူများအတွက် သေဆုံးခွင့်ဥပဒေ ကယ်လီဖိုးနီးယားပြဌာန်း

ဝါရှင်တန်၊ အောက်တိုဘာ-၆ ။           ။ ကယ်လီဖိုးနီးယားပြည်နယ်မှာ အခြားအမေရိကန် ပြည်နယ်လေးခုနည်းတူ သေဆုံးရန်သေချာလောက်အောင် ကျန်းမာရေးဆိုးရွားနေသည့် လူနာများကို ဆရာဝန်၏ ကြီးကြပ်မှုဖြင့် တရားဝင်အဆုံးစီရင်ခွင့်ပြုသည့် ပဉ္စမမြောက်ပြည်နယ်ဖြစ်လာခဲ့သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီ ဘရောင်းက ဥပဒေကြမ်းကို ဥပဒေအဖြစ် အောက်တိုဘာ ၅ရက်နေ့က လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့သည်။

သေဆုံးရန်သေချာသလောက်နီးနီး ကျန်းမာရေးဆိုးရွားနေသည့် ကယ်လီဖိုးနီးယား အမျိုးသမီးကြီးတစ်ဦးက သူမကိုယ်သူမ အဆုံးစီရင်ရန်အတွက် အိုရီဂွန်ပြည်နယ်သို့   ပြောင်းရွှေ့သွားခဲ့သည့်   ဖြစ်ရပ်က ဤဥပဒေပေါ်ထွက်လာရန် တွန်းအားဖြစ်ခဲ့သည်။

ယခုနှစ်တွင် အနည်းဆုံး ပြည်နယ်ပေါင်း နှစ်ဒါဇင်ခန့်က သေကောင်းပေါင်းလဲ အကူအညီဥပဒေကြမ်းကို အဆိုပြုတင်သွင်းခဲ့ကြသော်လည်း ဥပဒေအဖြစ်သို့ ရောက်ရှိလာခဲ့ခြင်းတော့ မရှိခဲ့ပေ။

ပြည်နယ်အတွင်း နေထိုင်သည့် ကင်ဆာဝေဒနာရှင် ဘရစ်တန်နီ မေးယာ့က သူမကိုယ်သူမ တရားဝင် အဆုံးစီရင်နိုင်ရန် အိုရီဂွန်ပြည်နယ်သို့ ပြောင်းရွှေ့သွားခဲ့သည့်အခါတွင် ကယ်လီဖိုးနီးယားပြည်နယ်တွင် သေဆုံးခွင့်လှုပ်ရှားမှုမှာ ထောက်ခံမှု ရလာခဲ့သည်။

မိခင်အပါအဝင် မေးယာ့၏ မိသားစုက ဥပဒေကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ဘာသာရေးအုပ်စုများကမူ အကူအညီဖြင့် သေဆုံးခြင်းမှာ ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်သည်ဟု ပြောကြားကာ ဥပဒေကို ဆန့်ကျင်ကြသည်။

ကတ်သိုလစ်ကျောင်းတော်က ပြည်နယ်ဘုပ်ချုပ်ရေးမှူး ဘရောင်းအား ဥပဒေကို ဗီတိုအာဏာဖြင့် ပယ်ချရန် တိုက်တွန်းခဲ့ကြသည်။  

မသန်မစွမ်းသူများအတွက် ရပ်ခံအရေးဆိုသူများကမူ သေဖို့သေချာသလောက်နီးနီး ကျန်းမာရေးချွတ်ယွင်းနေသူများကို သေခြင်းတရားကိုသာရွေးချယ်ရန် ဖိအားပေးမှုများ ရှိလာနိုင်သောကြောင့် စိုးရိမ်နေကြသည်ဟု ဆိုသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required