MNA လေယာဉ် ဆင်းသက်စဉ် ရှေ့ဘီးချမရ၍ လေယာဉ်ဦးပိုင်းဖြင့် ဆင်းသက်ခဲ့ရ

MNA လေယာဉ် ဆင်းသက်စဉ် ရှေ့ဘီးချမရ၍ လေယာဉ်ဦးပိုင်းဖြင့် ဆင်းသက်ခဲ့ရ
ဓာတ်ပုံ-MNA

မန္တလေး၊ မေ ၁၂   ။         ။ မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မေ ၁၂ ရက် နံနက် ၈ နာရီခွဲက Myanmar National Airlines လေယာဉ် ဆင်းသက်ရာတွင် ရှေ့ဘီးချမရ၍ လေယာဉ်ရှေ့ဦးပိုင်းဖြင့် ဆင်းသက်ခဲ့ရသည်။

ယင်းသို့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်ကို  တံတားဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်က မဇ္ဈိမကိုအတည်ပြုပြောသည်။

ယနေ့ နံနက်ပိုင်း ၉ နာရီခွဲ၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရောက်ရှိလာပြီး လိုအပ်သည်များကို ကူညီပေးလျှက်ရှိသည်ဟု ဦးဝဏ္ဏအောင်က ဆိုသည်။

"အခုဝန်ကြီးချုပ်နဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတိုု့ ရောက်လာပြီး ခရီးသည်တွေ လိုအပ်တာကူညီပေးနေပါတယ်။ ဒဏ်ရာရတာ မရှိပါဘူး။"ဟု ဦးဝဏ္ဏအောင်ကပြောသည်။

အဆိုပါလေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တံတားဦးလေဆိပ် ဆင်းသက်စဉ် ရှေ့ဘီးချမရခြင်းကြောင့် ယခုလိုဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။

ခရီးသည်၈၂ ဦးလိုက်ပါလာကြောင်း သိရပြီး ယင်းခရီးသည်များအနက် သရုပ်ဆောင် နေမင်း၊ ယုသန္တာတင်၊ ခင်လေးနွယ် အပါအဝင် အနုပညာရှင်များလည်း လိုက်ပါလာသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required