ခေါင်းပုံဖြတ်ခံနေရသော ပြည်ပရောက် အလုပ်သမားအရေး နီးကပ်စွာလုပ်ဆောင်နေဟု ပြည်ထောင်စုဝန်ကြီး ပြော

ခေါင်းပုံဖြတ်ခံနေရသော ပြည်ပရောက် အလုပ်သမားအရေး နီးကပ်စွာလုပ်ဆောင်နေဟု ပြည်ထောင်စုဝန်ကြီး ပြော
ဓာတ်ပုံ-သက်ကို၊ မဇ္ဈိမ

ရန်ကုန်၊ မေလ ၁၁ ။        ။ ပြည်ပနိုင်ငံအသီးသီးသို့ ရွှေ့ပြောင်းကာ သွားရောက်အလုပ်လုပ်ကိုင်နေသည့်အထဲတွင် အမျိုသမီးနှင့် ကလေး များပါဝင်နေပြီး ၎င်းတို့မှာ ခေါင်းပုံဖြတ်ခံရမှုများ၊ အလွဲသုံးစားပြုလုပ်ခံရမှုများ ပိုမိုကြုံတွေ့ခံစားနေရသည့် အတွက် ကာကွယ်စောင့်ရှောက်ရန် သက်ဆိုင်ရာနိုင်ငံအသီးသီးနှင့် နီးနီးကပ်ကပ်ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်သည်။

" သူတို့တွေကို ခေါင်းပုံဖြတ်ခံရတာ၊ အလွဲသုံးစားပြုတာမျိုးတွေကိုလည်း ပိုမိုတွေ့ကြုံခံစားနေရတာကြောင့် သူတို့အပါအဝင် ရွှေ့ပြောင်းလုပ်သားများကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ အလုပ်သမား လက်ခံတဲ့ နိုင်ငံတွေ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းများနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့သည်။

မေလ ၁၁ ရက်နေ့၊ ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ လုပ်သားများရွှေ့ပြောင်းခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား(၅) နှစ်တာလုပ်ငန်းစီမံချက်(၂၀၁၈- ၂၀၂၂) မိတ်ဆက်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။

" အဓိကအားဖြင့်တော့ ရွှေ့ပြောင်းသွားလာခြင်းဟာ မိသားစုအတွက်ရော၊ နိုင်ငံအတွက်ပါ တစ်ဖက်က ဖွံ႕ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော်လည်းပဲ ရွှေ့ပြောင်းသွားလာသူများအတွက် တစ်ဖက်ကလည်း စိန်ခေါ်မှုများ၊ အန္တရာယ်များရှိနေတယ်ဆိုတာကို ကျွန်တော်တို့ ချိန်ဆပြီးတော့မှ ဥပဒေများ၊ စံနှုန်းများနဲ့အညီ ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။ အဲ့ဒီအတိုင်းပဲ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံများ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနဲ့ မျက်ခြေမပြတ်ပူးပေါင်းပြီးတော့မှ ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါတယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆက်ပြောသည်။

မေလ ၁၁ ရက်နေ့တွင် မိတ်ဆက်ထုတ်ပြန်လိုက်သည့် ဒုတိယအကြိမ် အမျိုးသား(၅) နှစ်တာ လုပ်ငန်းစီမံချက် မှာ ရွှေ့ပြောင်းလုပ်သားများအား ကာကွယ်မှုပေးခြင်းနှင့် စွမ်းရည်မြှင့်တင်ပေးခြင်း၊ လုပ်သားများ ရွှေ့ပြောင်း ခြင်းမှ ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလာဒ်များတိုးပွားအောင် လုပ်ဆောင်ခြင်းနှင့် လုပ်သားများရွှေ့ပြောင်းခြင်းကို စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုတို့လုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်းသိရသည်။

၂၀၁၄ ခုနှစ် အိမ်ထောင်စုနှင့် လူဦးရေ သန်းခေါင်းစာရင်း စစ်တမ်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၂၅ ရာခိုင်နှုန်းမှာ ရွှေ့ပြောင်းသွားလာနေထိုင်ကြသူများဖြစ်ပြီး ခန့်မှန်းခြေ ၉ ဒဿမ ၃၉ သန်းမှာ မြန်မာပြည်တွင်း ရွှေ့ပြောင်း သွားလာနေထိုင်သူများဖြစ်ကြောင်း ၄ ဒဿမ ၂၅ သန်းမှာ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းသွား ရောက်နေထိုင် သူများဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က လေ့လာထားသည့် အိုင်အိုအမ်က ပြုလု်ထားသော လေ့လာချက်တစ်ခုတွင် မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားစုစုပေါင်း ၇ သိန်း(၇၀၀၀၀၀) ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ယင်းအထဲတွင် ၃ သိန်း ကျော် (၃၃၀၀၀၀) ခန့်မှာ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားကြသူများဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required