အိန္ဒိယနှင့် ပြင်သစ် နှစ်နိုင်ငံအကြား ပူးတွဲ ရေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်

အိန္ဒိယနှင့် ပြင်သစ် နှစ်နိုင်ငံအကြား ပူးတွဲ ရေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်

မေ ၁၀ ။        ။ လေယာဉ်တင်သင်္ဘော Charles de Gaulle နဲ့အတူ အိန္ဒိယနဲ့ ပြင်သစ် နှစ်နိုင်ငံအကြား အကြီးဆုံးသော ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို မေလ ၁၀ ရက်မှာ လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါဟာ အိန္ဒိယသမုဒ္ဒရာတွင်းက မဟာဗျူဟာကျ ရေကြောင်းကုန်စည် ကူးသန်းပို့ဆောင်ရာ လမ်းကြောင်းတွေကို စိတ်ဝင်စားအားကျမှုတွေ ရှိနေချိန် အဆိုပါ ပူးတွဲ ရေတပ် စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အာရှအင်အားကြီး တရုတ်ရဲ့ စီးပွားရေး အင်အား၊ ယင်းရဲ့ နယ်မြေပိုင်ဆိုင်မှု တောင်းဆိုချက်တွေကြောင့် တောင်တရုတ်ပင်လယ်ပြင်တွင်း တင်းမာမှုတွေ မြင့်တက်ထားစေခဲ့မှုတို့အပေါ် အိန္ဒိယနဲ့ ပြင်သစ်တို့ဘက်က စိုးရိမ်ပူပန်နေလျက် ရှိတယ်လို့လည်း ဆိုပါတယ်။

“ ဒီလို စစ်ရေးလေ့ကျင့်မှုတွေကြောင့် မဟာဗျူဟာကျတဲ့ ဒေသတစ်ခုကို ပိုမို တည်ငြိမ်မှုတွေ ဖြစ်ပေါ်စေမယ်လို့ ထင်ပါတယ်” ပြင်သစ် ရေယာဉ်အုပ်စုကို ကွပ်ကဲနေတဲ့ ရေတပ်ဗိုလ်ချုပ်ကြီး အိုလီဗီးယား လီဘက်စ်က ပြောသွားပါတယ်။

ခုတစ်ကြိမ် အိန္ဒိယနဲ့အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကတော့ ၂၀၀၁ နောက်ပိုင်း အကြီးဆုံး လေ့ကျင့်မှုဖြစ်ကြောင်း ပြင်သစ်အာဏာပိုင်တို့က ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly