ရွှေဘိုထောင် ဆူပူမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းနိုင်ပြီဟု သိရ

ရွှေဘိုထောင် ဆူပူမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းနိုင်ပြီဟု သိရ

ရွှေဘို၊ မေ ၉ ။            ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုထောင်ဆူပူမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းနိုင်ပြီ ဖြစ်ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်မှ ပြောသည်။

အဆိုပါ ဆူပူမှုတွင် အကျဉ်းသားများ တန်းတူအခွင့်အရေးရရှိရေး၊ ထောင်ပြောင်းရွှေ့ခွင့်ရရှိရေး၊ လူသတ်မှု/ မူးယစ်ဆေးဝါး စသည့်ပုဒ်မများဖြင့် ကျခံနေသည့် အကျဉ်သားများအား နှစ်ရှည်ထောင်ဒဏ်မှ ဖြေလျော့ ပေးရေး၊ ထောင်သားများ ဆူပူ၍ ပျက်ဆီးသွားသည့် ပစ္စည်းများနှင့် ယခုဆူပူမှုများအား အရေးမယူရေးအတွက် တောင်းဆိုခဲ့ကြသည်။

ထောင်ဆူပူမှုကို မေလ ၈ ရက် ညနေ ၄ နာရီအချိန်မှ မေလ ၉ ရက် နေ့လယ်ပိုင်းအထိ ဖြစ်ပွားခဲ့ပြီး တပ်မတော် နှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အကျဉ်းထောင်ဝန်ထမ်းများမှ သေနတ်ပစ်ဖောက်ခြင်း၊ မျက်ရည်ယိုဗုံးများပစ်၍ လူစုခွဲခြင်းကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အကျဉ်းထောင် ဆူပူမှုဖြစ်စဉ်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့မှ လာရောက်ညှိနှိုင်းခဲ့သော်လည်း ပြေလည်ခြင်းမရှိခဲ့သဖြင့် အင်းအားသုံဖြေရှင်းခဲ့ရကြောင်း ဆူပူမှုကြောင့် အကျဉ်းသား ၄ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ထက်မနည်း ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ယခုဖြစ်ပွားသော ရွှေဘိုထောင်ဆူမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး အကျဉ်းထောင်၌ အကျဉ်းသားများမှ နိုင်ငံတော်သီချင်း သီဆိုပြီး တန်းတူညီမျှအခွင့်ရေး ရရှိရေးများကို သံပြိုင်အော်ဟစ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ရွှေဘိုထောင် ဆူပူမှုအား လူမှုကွန်ယက်စာမျက်နှာတွင် Live ဗီဒီယို မှတ်တမ်းများ ပျံနှံခဲ့သည့် အပေါ် ဝေဖန်မှုများစွာရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly