ဒုတိယကမ္ဘာစစ်အောင်ပွဲ (၇၄) နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား ရုရှားတွင် ကျင်းပ

ဒုတိယကမ္ဘာစစ်အောင်ပွဲ (၇၄) နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား ရုရှားတွင် ကျင်းပ

မေ ၉ ။           ။ နာဇီ ဂျာမနီတို့အပေါ် အောင်နိုင်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်အောင်ပွဲ ၇၄ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ရုရှားနိုင်ငံမှာ ယနေ့ မေလ ၉ ရက်က ကျင်းပပြုလုပ်ပါတယ်။

နှစ်စဉ်ကျင်းပနေကျ အဆိုပါ စစ်ရေးပြအခမ်းအနားကို မော်စကိုမြို့ရှိ ရင်ပြင်နီမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ယင်း ဒုတိယကမ္ဘာစစ်အောင်ပွဲ စစ်ရေးပြအခမ်းအနားမှာတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင် နဲ့အတူ ၀ါရင့်စစ်ပြန်တွေလည်း တက်ရောက်လာခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ စစ်အင်အားကို ထုတ်ဖော်ပြသတဲ့အနေနဲ့ ယင်းစစ်ရေးပြအခမ်းအနားမှာ ထောင်နဲ့ချီတဲ့ ရုရှားစစ်သားတွေဟာလည်း အဆင့်မြင့် စစ်လက်နက်တွေနဲ့အတူ ယင်း ရင်ပြင်နီမှာ စုဝေးချီတက်ခဲ့ကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly