ဗင်နီဇွဲလား အတိုက်အခံ ဒုတိယခေါင်းဆောင် ဖမ်းဆီးထိန်းသိမ်းခံရ

ဗင်နီဇွဲလား အတိုက်အခံ ဒုတိယခေါင်းဆောင် ဖမ်းဆီးထိန်းသိမ်းခံရ

မေ ၉ ။     ။ အတိုက်အခံတို့ ချုပ်ကိုင်လွှမ်းမိုးထားတဲ့ ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ရဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူကို ဗင်နီဇွဲလားထောက်လှမ်းရေး အေးဂျင့်တွေက မေလ ၈ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ဒီ လုပ်ရပ်ဟာ ပြန်ပေးဆွဲတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် ဟွမ် ဂွါဒိုက ချက်ချင်းပဲ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ရဲ့ ဒုဥက္ကဌဖြစ်သူ အက်ဂါ ဇမ်ဘရာနိုကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက် မအောင်မြင််တဲ့ ပုန်ကန်မှုကို ထောက်ခံပံ့ပိုးလို့ ဆိုပြီး ကာရာကက်စ်မြို့မှာ ထောက်လှမ်းရေးတွေက လာရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

“ ဗင်နီဇွဲလား ပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျွန်တော် ပြောလိုတာက ဒါက ကျွန်တော်တို့ အမျိုးသားလွှတ်တော် ဒုဥက္ကဌကို မတရားသဖြင့် ပြန်ပေးဆွဲလိုက်ခြင်း ဖြစ်ပါတယ်၊ ပြည်သူအားလုံးကို ကိုယ်စားပြုနေတဲ့ အာဏာကို သူတို့က ဖျက်စီးဖို့ ကြိုးစားနေပါတယ်၊ ဒါပေမယ့် ဒါကို သူတို့ အောင်မြင်မှာ မဟုတ်ပါဘူး” ဆိုပြီး အတိုက်အခံခေါင်းဆောင် ဂွါဒိုက သမ္မတ မာဒူရို အစိုးရကို ရည်ညွန်းပြောဆိုသွားပါတယ်။

ခုလို ဗင်နီဇွဲလားအတိုက်အခံ ဒုခေါင်းဆောင် ဖမ်းဆီးထိန်းသိမ်းခံရမှုနဲ့ပတ်သက်လို့လည်း ပီရူးနဲ့ အာဂျင်တီးနားနိုင်ငံတို့ကလည်း ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်သွားခဲ့ကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly