မင်းသား ဟယ်ရီနဲ့ ကြင်ရာတော်တို့က သားတော်လေးအား အာချီလို့ နာမည်ဆန်း မှည့်ခေါ်

မင်းသား ဟယ်ရီနဲ့ ကြင်ရာတော်တို့က သားတော်လေးအား အာချီလို့ နာမည်ဆန်း မှည့်ခေါ်

ဗြိတိန်ရဲ့ ထီးနန်းအမွေခံ နောက်ထပ် မင်းသားတစ်ပါးအဖြစ် မွေးဖွားလာတဲ့ တော်ဝင်မင်းသားလေးရဲ့ နာမည်ကို အင်စတာဂရမ်ကနေ ကြေညာလာပါတယ်။

ဆက်ဆပ်စ်မြို့စား ဟယ်ရီနဲ့ မြို့စားကတော် မီဂန်တို့ဟာ ၎င်းတို့ရဲ့ ရင်သွေးငယ်ကို အာချီလို့ နာမည်ဆန်း ကင်ပွန်းတပ်မှည့်ခေါ်ကြောင်း ကြေညာလာတာပဲ ဖြစ်ပါတယ်။

မေ ၆ ရက်မှာ ဖွားမြင်တဲ့ တော်ဝင်မင်းသားလေးကို အာချီဟယ်ရီဆန်မောင့်ဘတ်တန်ဝင်ဆာလို့ မင်းသား ဟယ်ရီနဲ့ မီဂန်တို့က မေ ၈ ရက်မှာ ကင်ပွန်းမှည့်ခေါ်လိုက်တာပါ။

အဲဒီရက် အစောပိုင်းမှာ ပြည်သူနဲ့ မိတ်ဆက်ပြသပေးတဲ့အနေနဲ့ ဟယ်ရီနဲ့ မီဂန်တို့ဟာ သူတို့ရဲ့ သားတော်လေးကိို ဝင်ဆာနန်းတော်မှာ မီဒီယာနဲ့ တွေ့ဆုံစေခဲ့ပါတယ်။

“သားလေးက ချစ်စရာ ညာဉ်ကောင်းတဲ့ သားလေးပါ။ သူဟာ အိပ်မက်တစ်ခုပါပဲ။”လို့ မီဒီယာနဲ့ မိတ်ဆက်ပေးချိန်မှာ မီဂန်က ပြောပါတယ်။

မင်းသား ဟယ်ရီက “အဲဒီလို ညာဉ်ကောင်းပြီး ချစ်စရာ ကောင်းတာဟာ ဘယ်သူဆီက အမွေခံလည်းတော့ ကျွန်တော်လည်း မသိဘူး။”လို့ ပြောရင်း တော်ဝင်စုံတွဲဟာ ရယ်မောလိုက်ကြပါတယ်။

ခုလို အာချီဆိုတဲ့ နာမည်ဟာ တော်ဝင်မိသားစုမှာ တစ်ကြိမ်တစ်ခါမှ မှည့်ခေါ်ဖူးတဲ့ နာမည် မဟုတ်ဘဲ ၎င်းတို့ စုံတွဲအနေနဲ့ ဘာကြောင့်် ဒီနာမည် ပေးဖြစ််တယ်ဆိုတာကို ထုတ်ပြန်သေးခြင်း မရှိပါဘူး။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly