ကော်လိုရာဒို အထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး ကျောင်းသားတစ်ဦး သေဆုံးကာ လူတစ်ချို့ ဒဏ်ရာရ

ကော်လိုရာဒို အထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး ကျောင်းသားတစ်ဦး သေဆုံးကာ လူတစ်ချို့ ဒဏ်ရာရ

နယူးယောက်၊ မေ ၈ ။     ။ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်က အထက်တန်းကျောင်းတစ်ကျောင်းမှာ ပစ်ခတ်မှုဖြစ်လို့ ဆယ်ကျော်သက်ကျောင်းသားတစ်ဦး  သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

အင်္ဂါနေ့က ဖြစ်ပွားတဲ့ ဒီပစ်ခတ်မှုဟာ အမေရိကန်ရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးဝါးဆုံး လက်နက်ကိုင်ပစ်ခတ်မှုတွေထဲ ပါဝင်ခဲ့ပါတယ်။

“STEM အထက်တန်းကျောင်းမှာ ခုလို ပစ်ခတ်မှုဖြစ်ပြီး ကျောင်းသားတစ်ဦး သေဆုံးရတာ အလွန်အမင်း ဝမ်းနည်းဖွယ်စရာပဲ ဖြစ်ပါတယ်။”လို့ ဒေါက်ကလပ်စီရင်စုရုံးက တွစ်တာမှာ ရေးသားပြီး သေဆုံးတဲ့ ကျောင်းသားဟာ အသက် ၁၈ နှစ်ရှိကြောင်း ဖြည့်စွက်ဆိုပါတယ်။

ဒဏ်ရာရသူ စုစုပေါင်း ရှစ်ဦး ရှိရာမှာ တစ်ချို့ကျောင်းသူကျောင်းသားတွေရဲ့ ဒဏ်ရာအခြေအနေက စိုးရိမ်ရတယ်လို့ စီရင်စုရုံးအရာရှိ တိုနီစပါလော့ခ်က ပြောပါတယ်။

ကျောင်းဝန်ထမ်းနဲ့ ကျောင်းဆရာ၊ ဆရာမတွေ တစ်ဦး ဒဏ်ရာရတာမရှိဘဲ အသက်အငယ်ဆုံး ဒဏ်ရာရသူဟာ အသက် ၁၅ နှစ်အရွယ် ကျောင်းသားဖြစ်ပါတယ်။

ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သံသယတရားခံနှစ်ဦးကို ဖမ်းဆီးထားပါတယ်။ တစ်ဦးက အရွယ်ရောက်အမျိုးသားဖြစ်ကာ ကျန်တစ်ဦးက လူငယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းတို့နှစ််စလုံးက ဒီကျောင်းက ကျောင်းသားတွေပဲ ဖြစ်ကြပါတယ်။ နောက်ထပ် သံသယရှိရသူ မရှိကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

အခု ကျောင်းတွင်း ပစ်ခတ်မှုကို မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်မှုကြောင့် သေဆုံးဒဏ်ရာရမှု နည်းပါးခဲ့တာဖြစ်ကြောင်း တိုနီစပါလော့ခ်က ပြောခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly