သီရိလင်္ကာနိုင်ငံက ဗုံးခွဲခံ ခရစ်ယာန်ဘုရားကျောင်း ဝတ်ပြုသူတွေအတွက် တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်

သီရိလင်္ကာနိုင်ငံက ဗုံးခွဲခံ ခရစ်ယာန်ဘုရားကျောင်း ဝတ်ပြုသူတွေအတွက် တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်

ကိုလံဘို၊ မေ ၇ ။        ။ သီရိလင်္ကာနိုင်ငံမှာ အီစတာပွဲတော်နေ့က အကြမ်းဖက် ဗုံးခွဲခံရတဲ့ စိန့်အန်တိုနီ ခရစ်ယာန်ဘုရားကျောင်းကို ဝတ်ပြုဆုတောင်းသူတွေအတွက် အင်္ဂါနေ့မှာ တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်ပေးခဲ့ပါတယ်။

လုံခြုံရေးတပ်တွေ ချထားရင်း ဘုရားကျောင်းအတွင်းက ဗိမာန်ဆောင်တစ်ခု ပြန်လည်ပြင်ဆင်နေစဉ်မှာ ဖွင့်လှစ်ပေးတာပါ။

ဝတ်ပြုဆုတောင်းသူတွေကို သူတော်စင် အန်တိုနီရဲ့ ရှေ့မှောက် ဝတ်ပြုမှု ပြုနိုင်အောင် အခန်းဆောင်တစ်ခုဆီ ဝင်ရောက်ဝတ်ပြုခွင့်ပေးတာလို့ ဘုန်းတော်ကြီး အက်ဒ်မွန်က ပြောပါတယ်။

“ဒီနေ့မှာ ဘုရားကျောင်းကို လုံခြုံရေးအထူးတင်းကြပ်ပြီး တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်ပေးခဲ့ပါလတယ်။”လို့ ဘုန်းတော်ကြီးက ပြောပါတယ်။

ဝတ်ပြုသူတွေအနေနဲ့ ဘုရားကျောင်းရဲ့ အထူးနေရာကို ၁၂ နာရီကြာ အချိန်ပိုင်းမှာ ဝင်ရောက်ခွင့်ရတာဖြစ်တယ်လို့လည်း ၎င်းက ပြောပါတယ်။

ရေတပ်သားတွေနဲ့ ရဲတွေက လုံခြုံရေးစောင့်ကြည့်နေပြီး ရဲသုံးဦးနဲ့ အမျိုးသမီး သုံးဦးတို့က ဝတ်ပြုသူ လူတန်းကို ကိုယ်ခန္ဓာအနှံ့ ပိုက်စိတ်တိုက်ရှာပြီးမှ ဝင်ရောက်ခွင့် ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ဧပြီ ၂၁ ရက်က သီရိလင်္ကာမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း သုံးကျောင်းနဲ့ ဟိုတယ်သုံးလုံးကို အသေခံဗုံးဖောက်ခွဲတိုက်ခိုက်တာကြောင့် နိုင်ငံခြားသား ၄၄ ဦးအပါအဝင် လူပေါင်း ၂၅၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူပေါင်း ၅၀၀ နီးပါး ရှိခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly