ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါက်တာအေးမောင်ကို ပြန်လွှတ်သင့်ဟုဆို

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါက်တာအေးမောင်ကို ပြန်လွှတ်သင့်ဟုဆို

ရန်ကုန် ၊ မေ ၇ ။         ။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါက်တာအေးမောင်ကို ပြန်လွှတ်သင့်ကြောင်း ဒေါက်တာအေးမောင်၏ ရှေ့နေဖြစ်သူ ဦးကျော်ညွှန့်မောင်က ဆိုသည်။

"နိုင်ငံတော်သမ္မတထုတ်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ချောမွေ့အောင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုအောင်ဆိုပြီး လွှတ်ပေးတယ်လို့ဆိုတယ်။ အဲလိုဆိုတော့ ကျွန်တော်အမြင်ပြောရရင် ဒီ လောက်အထိ AA နဲ့ဖြစ်နေတဲ့အနေအထားမျိုးမှာ ဒေါက်တာအေးမောင်ကို အမှန်တကယ် လွှတ်ပေး သင့် တယ်။ အဲဒါမှသာ စားပွဲခုံပေါ်ကို ရောက်မှပေါ့" ဟု ဒေါက်တာအေးမောင် ၏ ရှေ့နေဖြစ်သူ ဦးကျော်ညွှန့်မောင် က ဆိုသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် နိုင်ငံတဝန်းလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၆၅၀၀ ကျော်အား လွှတ်ပေးခဲ့ရာတွင် ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင် အောင်တို့ ပါဝင်လာခြင်း မရှိကြောင်း အင်းစိန်ထောင်မှူးကြီး ဦးဇော်ဇော် က မဇ္စျိမသို့ အတည်ပြု ပြောဆို သည်။

"လွတ်မယ့် စာရင်းထဲမှာ မပါပါဘူးခင်ဗျာ။ ဒီနေ့အင်းစိန်ထောင်ကနေ အကျဉ်းသား ၃၁၆ ဦး လွှတ်ပေး ခဲ့ပါတယ်" ဟု ဦးဇော်ဇော် က ဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် ရက္ခိုင့်တပ် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ယင်းတို့အဖွဲ့များအကြား ပြေလည်မှုရရှိအောင် ညှိနှိုင်းလုပ်ဆောင်ပေးနိုင်မည့်သူမှာ ဒေါက်တာအေးမောင် တစ်ဦးသာ ရှိသည်ဟု ဒေါက်တာအေးမောင် ၏ ရှေ့နေဖြစ်သူ ဦးကျော်ညွှန့်မောင်က ဆိုသည်။

သမ္မတ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့သည့် ပထမအကြိမ်တွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးပါဝင်ပြီး ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့် ၈ ဦးပါဝင်ကြောင်း ၊ ယခုတစ်ခေါက် လွှတ်ပေးခဲ့သည့် တတိယ အကြိမ် တွင် နိုင်ငံရေးအကျဉ်းသား ၁၈ ဦး ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)  မှ အဖွဲ့ဝင် ဦးအောင်မျိုးကျော် က ဆိုသည်။

" ဒေါက်တာအေးမောင် ၊ကိုဝေဟင်အောင် ၊ နောက် RFA သတင်းဌာန ကို ဖြေကြားခဲ့တဲ့ ကိုအောင်ကိုထွေး သူတို့ကိုလည်း လွှတ်ပေးစေချင်တယ်။ သူတို့ အနေနဲ့က လူ့ပတ်ဝန်းကျင်ကို ဒုက္ခပေးမဲ့လူတွေလည်း မပာုတ်ဘူး" ဟု ဦးအောင်မျိုးကျော်က ပြောဆိုခဲ့သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှ မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ ချောမွေ့အောင်မြင်စေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အထောက်အကူပြုစေရန် အတွက်ပာု ဆိုကာ နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၆၅၂၀ ဦး ကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

တတိယအကြိမ်မြောက်အဖြစ် ထုတ်ပြန်ခဲ့သည့်  နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်တွင် သတင်း သမားများ ၊ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် အနုပညာရှင်များ ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ နှင့် အခြားပြစ်မှုပြစ်ဒဏ် ကျခံနေသူများ ပါဝင်လာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly